၁ ရာချုပ် 21:17 - မြန်မာ့စံမီသမ္မာကျမ်း17 ထို့နောက် ဒါဝိဒ်မင်းကြီးက ဘုရားသခင်အား “လူဦးရေစာရင်းကောက်ယူရန် စေခိုင်းခဲ့သူမှာ အကျွန်ုပ်ပင် ဖြစ်သည်မဟုတ်လော။ ဆိုးညစ်မှုကိုပြုပြီး အပြစ်ရှိသူမှာ အကျွန်ုပ်ပင်ဖြစ်သည် မဟုတ်လော။ ဤသိုးတို့မူကား မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်နှင့်အကျွန်ုပ်ဘိုးဘေး၏အိမ်သူအိမ်သားတို့ကိုသာ ကိုယ်တော်၏လက်သို့ ကျရောက်စေပါ။ ကိုယ်တော်၏လူမျိုးတော်တို့အပေါ်သို့ ဘေးဒဏ်မကျရောက်ပါစေနှင့်”ဟု လျှောက်တင်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible17 ဒါဝိဒ်က``အို ဘုရားသခင်၊ အမှားကိုပြု သူမှာကျွန်တော်မျိုးဖြစ်ပါ၏။ သန်းခေါင် စာရင်းကောက်ယူရန်အမိန့်ပေးသူမှာ ကျွန်တော်မျိုးဖြစ်ပါ၏။ ဤသနားစရာ ကောင်းသောသူတို့သည်အဘယ်အမှုကို ပြုမိကြပါသနည်း။ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အိမ်ထောင်စုကိုဒဏ်ခတ် တော်မူ၍ကိုယ်တော်ရှင်၏လူစုတော်အား ချမ်းသာပေးတော်မူပါ'' ဟုဆုတောင်း ပတ္ထနာပြု၏။ အခန်းကိုကြည့်ပါ။Garrad Bible17 ဒါ ဝိဒ် မင်း က၊ လူ မျိုး ကို စာ ရင်း ကောက် ရန် အ မိန့် ပေး သူ သည် အ ကျွန်ုပ် မ ဟုတ် ပါ လော။ ပြစ် မှား ၍ ဒု စ ရိုက် ပြု မိ သူ ကား အ ကျွန်ုပ် ပါ တည်း။ ဤ သိုး စု မှာ မူ မည် သို့ ပြု ဘိ သ နည်း။ အို အ ကျွန်ုပ် ဘု ရား သ ခင် ထာ ဝ ရ ဘုရား အ ကျွန်ုပ် နှင့် ဆွေ သား မျိုး ချင်း တို့ အ ပေါ် တွင် သာ လက် တော် သင့် ရောက် ပါ စေ သော။ လူ မျိုး တော် ကို ဒဏ် ခတ် ရန် သင့် ရောက် တော် မ မူ ပါ စေ လင့် ဟု ဘု ရား သ ခင် အား တောင်း လျှောက် သည့် ကာ လ၊ အခန်းကိုကြည့်ပါ။Judson Bible17 ဒါဝိဒ်ကလည်း၊ ပြည်သားတို့ကို ရေတွက်စေခြင်းငှာ စီရင်သောသူကား အကျွန်ုပ်ဖြစ်ပါသည် မဟုတ်လော။ အကျွန်ုပ် ပြစ်မှားပါပြီ။ အလွန်ဒုစရိုက်ကို ပြုမိပါပြီ။ ဤသိုးတို့မူကား အဘယ်သို့ ပြုမိပါသနည်း။ အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏လူတို့ကို ဒဏ်ခတ်ခြင်းငှာ လက်တော်ကို သူတို့အပေါ်သို့ ရောက်စေတော်မမူပါနှင့်။ အကျွန်ုပ်နှင့် အကျွန်ုပ်အဆွေအမျိုးအပေါ်သို့ ရောက်စေတော်မူပါဟု ဘုရားသခင်အား တောင်းပန်လေ၏။ အခန်းကိုကြည့်ပါ။ |
လူတို့ကိုဒဏ်ခတ်သောကောင်းကင်တမန်ကို မြင်သောအခါ ဒါဝိဒ်မင်းကြီးက ထာဝရဘုရားအား “အပြစ်ပြုမိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ အမှားကျူးလွန်မိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဤသိုးတို့မူကား မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်နှင့်အကျွန်ုပ်ဘိုးဘေး၏အိမ်သူအိမ်သားတို့၌သာ ကိုယ်တော်၏လက်တော် ကျရောက်စေပါ”ဟု လျှောက်တင်လေ၏။
ထိုအခါ မိက္ခာယက ရှင်ဘုရင်အား “အစ္စရေးလူမျိုးအပေါင်းတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ တောင်များပေါ်တွင် ကွဲလွင့်နေကြသည်ကို အကျွန်ုပ်တွေ့ပါ၏။ ထာဝရဘုရားကလည်း ‘ဤသူတို့၌ သခင်မရှိ။ သူတို့သည် ကိုယ့်အိမ်သို့အေးချမ်းစွာပြန်ကြပါစေ’ဟူ၍ မိန့်တော်မူပြီ”ဟု လျှောက်ပြန်၏။