ထိုအခါ လေအာက “ငါ၌ မင်္ဂလာရှိ၏။ အကယ်စင်စစ် အမျိုးသမီးတို့သည် ငါ့ကို မင်္ဂလာရှိသူ ဟုခေါ်ကြလိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို အာရှာ ဟုမှည့်ခေါ်လေ၏။
၂ ရာ 2:9 - မြန်မာ့စံမီသမ္မာကျမ်း ဣရှဗောရှက်ကို ဂိလဒ်အမျိုး၊ အာရှာအမျိုး၊ ယေဇရေလအမျိုး၊ ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုးမှစ၍ အစ္စရေးတစ်မျိုးလုံး၏ဘုရင်အဖြစ် တင်မြှောက်လေ၏။ Common Language Bible သူသည်ထိုမြို့တွင်ဂိလဒ်နယ်၊ အာရှာနယ်၊ ယေဇရေလနယ်၊ ဧဖရိမ်နယ်၊ ဗင်္ယာမိန်နယ် အစရှိသောဣသရေလပြည်တစ်ခုလုံးအတွက် ဣရှဗောရှက်အားမင်းမြှောက်လေသည်။- Garrad Bible ဂိ လဒ် နယ် သား၊ ယေ ဇ ရေ လ ချိုင့် သား များ နှင့် အာ ရှာ၊ ဧ ဖ ရိမ့်။ ဗင်္ယာ မိန် အ နွယ် သား တို့ မှ စ သော ဣ သ ရေ လ တစ် မျိုး လုံး အ ပေါ် တွင် မင်း မြှောက် နှင့် လေ ပြီ။ Judson Bible ဂိလဒ်ပြည်၊ အာရှာအမျိုးသားများ၊ ယေဇရေလမြို့သားများ၊ ဧဖရိမ်ခရိုင်၊ ဗင်္ယာမိန်ခရိုင်အစရှိသော ဣသရေလနိုင်ငံလုံးကို အစိုးရသော ရှင်ဘုရင်အရာ၌ ချီးမြှောက်လေ၏။ |
ထိုအခါ လေအာက “ငါ၌ မင်္ဂလာရှိ၏။ အကယ်စင်စစ် အမျိုးသမီးတို့သည် ငါ့ကို မင်္ဂလာရှိသူ ဟုခေါ်ကြလိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို အာရှာ ဟုမှည့်ခေါ်လေ၏။
ရှောလုမင်းကြီး၏သားဣရှဗောရှက်သည် အစ္စရေးဘုရင်ဖြစ်လာချိန်တွင် သက်တော်လေးဆယ်ရှိ၍ တိုင်းပြည်ကို နှစ်နှစ် အုပ်စိုး၏။ ယုဒအမျိုးအနွယ်တို့မူကား ဒါဝိဒ်မင်းကြီးနောက်သို့လိုက်ကြ၏။
ရှောလုမင်းကြီးအမျိုးအနွယ်နှင့် ဒါဝိဒ်မင်းကြီးအမျိုးအနွယ်တို့ စစ်ဖြစ်နေစဉ်ကာလတွင် အာဗနာသည် ရှောလုမင်းကြီးအမျိုးအနွယ်ထဲ၌ သြဇာအာဏာကြီးသူဖြစ်အောင် ကြိုးစားလေ၏။
ယခင်က ရှောလုအိမ်တော်သားအပေါ် သစ္စာစောင့်သိသူ ဗင်္ယာမိန်အနွယ် ရှောလု၏ဆွေမျိုးသားချင်း အယောက်သုံးထောင်၊
ဧဖရိမ်အမျိုးသားတွင် သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုထဲမှ နာမည်ကျော်စောပြီး ရဲစွမ်းသတ္တိထက်မြက်သူစစ်သူရဲ အယောက်နှစ်သောင်းရှစ်ရာ၊
ဂိလဒ်ပြည်ကို ငါပိုင်၏။ မနာရှေပြည်ကိုလည်း ငါပိုင်၏။ ဧဖရိမ်ပြည်သည် ငါ၏သံခမောက်ဖြစ်ပြီး ယုဒပြည်သည် ငါ၏ကျိုင်းတော်ဖြစ်၏။
အာရှာ၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သောသူအားလုံး၏အရေအတွက်မှာ
ဧဖရိမ်အမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောနယ်မြေကား ဤသို့တည်း။ သူတို့ရရှိသောအမွေမြေနယ်နိမိတ်မှာ အရှေ့ဘက် အတရုတ်အဒ္ဒါမြို့မှ အထက်ဗေသောရုန်မြို့တိုင်အောင် ဖြစ်၏။
ထိုနယ်နိမိတ်သည် တာပွာမြို့မှ အနောက်ဘက်ကာနချိုင့်ဝှမ်းသို့ ဆက်သွားပြီး ပင်လယ်၌ ဆုံး၏။ ဤသည်ကား မျိုးနွယ်စုအလိုက် ဧဖရိမ်အမျိုးအနွယ်ရရှိသောအမွေမြေဖြစ်၏။
ဤသည်ကား မနာရှေအမျိုးသားတို့ရရှိသောအမွေမြေထဲမှ ဧဖရိမ်အမျိုးသားတို့အားခွဲပေးသော မြို့ရွာများ ဖြစ်၏။
ယောသပ်၏သားဦးမနာရှေအမျိုးအနွယ်တို့ မဲချ၍ရရှိသောအမွေမြေမှာ ဤသို့ဖြစ်၏။ မနာရှေ၏သားဦး၊ ဂိလဒ်၏ဖခင် မာခိရသည် စစ်သူရဲဖြစ်၍ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည်ကို အမွေရ၏။
ပထမအကြိမ်မဲချရာတွင် ဗင်္ယာမိန်အမျိုးအနွယ်သည် မျိုးနွယ်စုအလိုက် မဲကျလေ၏။ သူတို့မဲကျသောနယ်မြေမှာ ယုဒအမျိုးသားနှင့် ယောသပ်အမျိုးသား ကြား၌နေရာကျ၏။
အရှေ့ဘက်ခြမ်းတွင် ဂျော်ဒန်မြစ်သည် နယ်နိမိတ်ဖြစ်၏။ ဤသည်ကား ဗင်္ယာမိန်အမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောအမွေမြေနယ်နိမိတ်အပိုင်းအခြားဖြစ်၏။
သို့ဖြစ်၍ ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့သည် အစ္စရေးအမျိုးသားတို့ရှိရာ ခါနာန်ပြည်၊ ရှိလောမြို့မှထွက်ခွာ၍ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူထားသည့်အတိုင်း မိမိတို့အပိုင်ရရှိခဲ့သောဂိလဒ်ပြည်သို့ ပြန်သွားကြ၏။
ထိုသို့ အာရှာအမျိုးသားတို့သည် ထိုပြည်သား ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ဘဲ သူတို့နှင့်အတူနေထိုင်လေ၏။
ဖိလိတ္တိတပ်တစ်တပ်လုံးသည် အာဖက်မြို့၌ စုဝေးကြ၏။ အစ္စရေးလူမျိုးတို့ကား ယေဇရေလမြို့ရှိ စမ်းရေတွင်းနား၌ စခန်းချကြ၏။