ကမ္ဘာဦး 30:13 - မြန်မာ့စံမီသမ္မာကျမ်း13 ထိုအခါ လေအာက “ငါ၌ မင်္ဂလာရှိ၏။ အကယ်စင်စစ် အမျိုးသမီးတို့သည် ငါ့ကို မင်္ဂလာရှိသူ ဟုခေါ်ကြလိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို အာရှာ ဟုမှည့်ခေါ်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible13 လေအာက``ငါ၌မင်္ဂလာရှိ၏။ အခြားသော မိန်းမတို့ကငါ့အားမင်္ဂလာရှိသူဟုခေါ်ကြ လိမ့်မည်'' ဟုဆိုလျက်ထိုသားကိုအာရှာ နာမည်ဖြင့်မှည့်လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible13 လေ အာ က၊ ငါ ၌မင်္ဂ လာ ရှိ ပြီ။ လူ့ သ မီး တို့ သည် ငါ့ ကို မင်္ဂ လာ ရှိ သူ ဟူ၍ ခေါ် ဝေါ် ကြ လိမ့် မည် ဟု ဆို လျင် အာ ရှာ အ မည် ဖြင့် မှည့် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible13 လေအာက၊ ငါ၌မင်္ဂလာရှိ၏။ လူသမီးတို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ခေါ်ကြလိမ့်မည်ဟု ဆိုသဖြင့်၊ ထိုသားကို အာရှာအမည်ဖြင့်မှည့်လေ၏။ အခန်းကိုကြည့်ပါ။ |
ငါ့ချိုးငှက်၊ ပြစ်မျိုးမှဲ့မထင်သူ တစ်ဦးတည်းသာရှိပါ၏။ သူ့မိခင်အဖို့ သူသည် တစ်ဦးတည်းသောသမီး၊ သူ့ကိုမွေးသောမိခင်အဖို့ သူသည် အနှစ်သက်ဆုံးသောသမီးဖြစ်၏။ မိန်းမပျိုတို့သည် သူ့ကိုမြင်လျှင် မင်္ဂလာရှိသောသူ ဟုခေါ်ကြ၏။ မိဖုရားများ၊ မောင်းမများလည်း သူ့ကိုချီးမွမ်းကြ၏။