၂ ရာ 2:9 - Common Language Bible9 သူသည်ထိုမြို့တွင်ဂိလဒ်နယ်၊ အာရှာနယ်၊ ယေဇရေလနယ်၊ ဧဖရိမ်နယ်၊ ဗင်္ယာမိန်နယ် အစရှိသောဣသရေလပြည်တစ်ခုလုံးအတွက် ဣရှဗောရှက်အားမင်းမြှောက်လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible9 ဂိ လဒ် နယ် သား၊ ယေ ဇ ရေ လ ချိုင့် သား များ နှင့် အာ ရှာ၊ ဧ ဖ ရိမ့်။ ဗင်္ယာ မိန် အ နွယ် သား တို့ မှ စ သော ဣ သ ရေ လ တစ် မျိုး လုံး အ ပေါ် တွင် မင်း မြှောက် နှင့် လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible9 ဂိလဒ်ပြည်၊ အာရှာအမျိုးသားများ၊ ယေဇရေလမြို့သားများ၊ ဧဖရိမ်ခရိုင်၊ ဗင်္ယာမိန်ခရိုင်အစရှိသော ဣသရေလနိုင်ငံလုံးကို အစိုးရသော ရှင်ဘုရင်အရာ၌ ချီးမြှောက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ဣရှဗောရှက်ကို ဂိလဒ်အမျိုး၊ အာရှာအမျိုး၊ ယေဇရေလအမျိုး၊ ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုးမှစ၍ အစ္စရေးတစ်မျိုးလုံး၏ဘုရင်အဖြစ် တင်မြှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
ယောသပ်၏သားဦးဖြစ်သောမနာရှေ၏ အဆက်အနွယ်မိသားစုအချို့တို့သည် လည်း ယော်ဒန်မြစ်အနောက်ဘက်ရှိနယ်မြေ တစ်စိတ်တစ်ဒေသကိုအပိုင်ရရှိကြလေ သည်။ ဂိလဒ်၏ဖခင်မာခိရသည်မနာရှေ ၏သားဦးဖြစ်သည်။ စစ်သူရဲကောင်းလည်း ဖြစ်သည်။ သို့ဖြစ်၍သူသည်ယော်ဒန်မြစ် အရှေ့ဘက်ရှိဂိလဒ်နယ်နှင့်ဗာရှန်နယ် တို့ကိုရရှိသည်။-
ထို့ကြောင့်ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်အရှေ့ မနာရှေအနွယ်တို့သည် မိမိတို့နေရပ်သို့ ပြန်သွားကြ၏။ သူတို့သည်ခါနာန်ပြည်၊ ရှိလောမြို့တွင်ရှိသောကျန်အခြားဣသ ရေလအမျိုးသားတို့ထံမှထွက်ခွာ၍ မောရှေမှတစ်ဆင့်ထာဝရဘုရားပေး တော်မူသည့်အမိန့်အရ သူတို့သိမ်းပိုက် ပြီးသောဂိလဒ်ပြည်သို့ပြန်သွားကြ၏။