လူငယ်သည် မိမိ၏ဘဝလမ်းကို မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်စေနိုင်ပါမည်နည်းဟူမူကား ကိုယ်တော်၏နှုတ်ကပတ်တော်အတိုင်း စောင့်ထိန်းရမည်ဖြစ်၏။
၂ တိ 2:22 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်ခြင်းများကိုရှောင်၍ စင်ကြယ်သောစိတ်နှလုံးဖြင့် သခင်ဘုရားကိုပတ္ထနာပြုသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို လက်ကိုင်ပြုလော့။ Common Language Bible သက်ရွယ်ပျိုသူတို့၏ရမ္မက်ဆန္ဒများကိုရှောင် ကြဉ်လော့။ သခင်ဘုရားအားသန့်ရှင်းစင်ကြယ် သောစိတ်နှင့်ပတ္ထနာပြုသူအပေါင်းတို့နှင့် အတူဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်းတရား၊ မေတ္တာတရားနှင့်ငြိမ်းချမ်းသာယာမှုကိုရှာ လော့။- Garrad Bible ပျို ရွယ် သူ တို့ တပ် မက် ခြင်း များ ကို ကြဉ် ရှောင် လျက် အ ရှင် ဘု ရား ထံ စင် ကြယ် သော စိတ် နှ လုံး ဖြင့် ပ ဌ နာ ပြု သူ တို့ နှင့် တ ကွ အ သင့် အ တင့် နေ ခြင်း မှ စ၍ ဖြောင့် မတ် ခြင်း၊ ယုံ ကြည် ခြင်း၊ ချစ် ခြင်း များ ကို လိုက် ရှာ လော့။ Judson Bible လူပျိုတို့၏ တပ်မက်ခြင်း ကိလေသာစိတ်ကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း၊ စင်ကြယ်သောစိတ်ရှိ၍၊ သခင်ဘုရားကိုပတ္ထနာပြုသော သူတို့နှင့် အသင့်အတင့်နေခြင်းတို့ကို မှီအောင်လိုက်လော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်စိတ်ကို ရှောင်ကြဉ်၍ ဖြူစင်သောနှလုံးသားဖြင့် ဘုရားသခင်ကို ဝတ်ပြုဆုတောင်းသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ ရှိရန် အမြဲကြိုးစားလော့။ |
လူငယ်သည် မိမိ၏ဘဝလမ်းကို မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်စေနိုင်ပါမည်နည်းဟူမူကား ကိုယ်တော်၏နှုတ်ကပတ်တော်အတိုင်း စောင့်ထိန်းရမည်ဖြစ်၏။
အို ထာဝရဘုရား၊ ဖြောင့်မတ်သောလျှောက်လဲချက်ကိုနားညောင်း၍ အကျွန်ုပ်၏ဟစ်ကြော်သံကို အာရုံစိုက်နားထောင်တော်မူပါ။ လိမ်လည်လှည့်ဖြားခြင်းမရှိသော အကျွန်ုပ်၏နှုတ်မှဆုတောင်းချက်ကို စူးစိုက်နားထောင်တော်မူပါ။
ဆိုးယုတ်သောသူတို့၏ယဇ်ကောင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့၏ဆုတောင်းချက်ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
ဒရယ်သည် အမဲလိုက်သူလက်မှလည်းကောင်း၊ ငှက်သည် ငှက်မုဆိုးလက်မှလည်းကောင်း လွတ်မြောက်သကဲ့သို့ ကိုယ့်ကိုယ်ကိုယ်လွတ်မြောက်အောင်ပြုလော့။
ထိုသူသည် မိန်းမတစ်ဦးနေထိုင်ရာ လမ်းထောင့်နားမှဖြတ်သွား၍ ထိုမိန်းမ၏အိမ်ရှိရာလမ်းသို့လျှောက်သွားလေ၏။
ယောက်ျားသည် မိန်းမနှင့်အိပ်၍ သုက်ရည်ထွက်လျှင် နှစ်ယောက်စလုံး ရေချိုးရမည်။ သူတို့သည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
သူတို့သည် သတေဖန်ကို ခဲနှင့်ပေါက်ကြစဉ် သတေဖန်သည် ပတ္ထနာပြုလျက် “သခင်ယေရှု၊ အကျွန်ုပ်၏ဝိညာဉ်ကို လက်ခံတော်မူပါ”ဟု မြွက်ဆိုလေ၏။
ဤအရပ်၌လည်း ကိုယ်တော်၏နာမတော်အား ပတ္ထနာပြုသောသူအပေါင်းတို့ကိုချည်နှောင်ထားရန် ယဇ်ပုရောဟိတ်အကြီးအကဲများထံမှ အခွင့်အာဏာကို သူရရှိထားပါသည်”ဟု ပြန်လျှောက်လေ၏။
အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် စားခြင်း၊ သောက်ခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခံစားရသော ငြိမ်သက်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဝမ်းမြောက်ခြင်းဖြစ်၏။
သို့ဖြစ်၍ ငြိမ်သက်ခြင်းကိုဖြစ်စေသောအမှုအရာများနှင့် အချင်းချင်းတည်ဆောက်မြှင့်တင်ပေးသောအမှုအရာများကို ကြိုးစားပြုကြကုန်စို့။
ညီအစ်ကိုတို့၊ သင်တို့အားလုံးသည် ပြောဆိုရာ၌ညီညွတ်မှုရှိ၍ အချင်းချင်းကွဲပြားခြင်းမရှိဘဲ တစ်စိတ်တစ်သဘောတည်းဖြင့် စည်းစည်းလုံးလုံးရှိကြမည့်အကြောင်း ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုအမှီပြု၍ သင်တို့အား ငါတိုက်တွန်းနှိုးဆော်ပါ၏။
ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုပတ္ထနာပြုကြသည့် အရပ်ရပ်တို့၌ရှိသောသူအပေါင်းတို့နှင့်အတူသန့်ရှင်းသူအဖြစ်ခေါ်ယူတော်မူခြင်းခံရ၍ ခရစ်တော်ယေရှုအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူများတည်းဟူသော ကောရိန္သုမြို့၌ရှိသည့် ဘုရားသခင်၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကိုယ်တော်သည် ထိုပတ္ထနာပြုသောသူအပေါင်းတို့နှင့် ငါတို့၏သခင်ဖြစ်တော်မူ၏။
ချစ်ခြင်းမေတ္တာကို လက်ကိုင်ပြုကြလော့။ ထို့ပြင် ဝိညာဉ်ဆုကျေးဇူးများ၊ အထူးသဖြင့် ပရောဖက်ပြုဟောပြောနိုင်သောဆုကျေးဇူးကို အလွန်လိုချင်သောစိတ်ရှိကြလော့။
တရားနှင့်မညီမေထုန်ပြုခြင်းကို ရှောင်ကြလော့။ လူပြုတတ်သော အခြားအပြစ်အားလုံးသည် ကိုယ်ခန္ဓာပြင်ပ၌ဖြစ်၏။ တရားနှင့်မညီမေထုန်ပြုသောသူမူကား မိမိကိုယ်ခန္ဓာကိုပြစ်မှား၏။
ငါတို့သခင်ဘုရား၏ကျေးဇူးတော်သည် ယေရှုခရစ်တော်အပေါ်၌ရှိသော ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့နှင့်အတူ အလွန်ကြွယ်ဝများပြားလှ၏။
ဤညွှန်ကြားချက်၏ရည်ရွယ်ချက်ပန်းတိုင်ကား စင်ကြယ်သောစိတ်နှလုံး၊ ကြည်လင်သောအသိစိတ်နှင့် ဟန်ဆောင်မှုကင်းသောယုံကြည်ခြင်းတို့မှဖြစ်ပေါ်လာသည့် ချစ်ခြင်းမေတ္တာဖြစ်၏။
သို့ဖြစ်၍ အမျိုးသားတို့သည် အမျက်ထွက်ခြင်းနှင့်ငြင်းခုံခြင်းတို့မရှိဘဲ အရပ်ရပ်တို့၌ သန့်ရှင်းသောလက်ကိုမြှောက်ချီ၍ဆုတောင်းကြရန် ငါအလိုရှိ၏။
သင်၏အသက်အရွယ်နုပျိုခြင်းကို မည်သူမျှမထီမဲ့မြင်မပြုစေနှင့်။ အပြောအဆို၌လည်းကောင်း၊ အသက်ရှင်နေထိုင်မှု၌လည်းကောင်း၊ ချစ်ခြင်းမေတ္တာ၌လည်းကောင်း၊ ယုံကြည်ခြင်း၌လည်းကောင်း၊ ဖြူစင်သန့်ရှင်းခြင်း၌လည်းကောင်း ယုံကြည်သောသူတို့အတွက် စံနမူနာဖြစ်လော့။
အို ဘုရားသခင်၏လူ၊ သင်မူကား ထိုအရာများကိုရှောင်၍ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို လက်ကိုင်ပြုလော့။
လူအပေါင်းတို့နှင့်ငြိမ်းချမ်းစွာနေထိုင်ရန်နှင့် သန့်ရှင်းခြင်းကိုရရှိရန် ကြိုးစားကြလော့။ သန့်ရှင်းခြင်းမရှိလျှင် မည်သူမျှ ထာဝရဘုရားကိုဖူးမြင်ရလိမ့်မည်မဟုတ်။
ချစ်ရသောသူတို့၊ သင်တို့သည် ဧည့်သည်အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကိုဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများကို ရှောင်ကြဉ်ကြရန် ငါတိုက်တွန်းနှိုးဆော်ပါ၏။
မကောင်းသောအမှုကိုရှောင်ရှားလျက် ကောင်းသောအမှုကိုပြုစေ။ ငြိမ်သက်ခြင်းကိုရှာ၍ ၎င်းကိုရရှိရန်ကြိုးစားစေ။
ချစ်ရသောသူ၊ မကောင်းသောအမှုကိုအတုမယူဘဲ ကောင်းသောအမှုကိုအတုယူလော့။ ကောင်းသောအမှုကိုပြုသောသူသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ မကောင်းသောအမှုကိုပြုသောသူမူကား ဘုရားသခင်ကို မသိမမြင်ဖူးချေ။