ရောမ 14:17 - မြန်မာ့စံမီသမ္မာကျမ်း17 အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် စားခြင်း၊ သောက်ခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခံစားရသော ငြိမ်သက်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဝမ်းမြောက်ခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible17 ငါတို့ကိုဘုရားသခင်အုပ်စိုးတော်မူခြင်း ဆိုသည်မှာအစားအသောက်နှင့်မစပ်ဆိုင်။ သန့်ရှင်းသောဝိညာဉ်တော်မှရရှိသောငြိမ် သက်ခြင်း၊ ဝမ်းမြောက်ခြင်းတို့နှင့်သာစပ် ဆိုင်၏။- အခန်းကိုကြည့်ပါ။Garrad Bible17 ဘု ရား သ ခင်၏ နိုင် ငံ တော် သည် စား ခြင်း၊ သောက် ခြင်း၌ မ တည်။ သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ရ သော ဖြောင့် မတ် ခြင်း၊ ငြိမ် သက် ခြင်း၊ ရွှင် လန်း ခြင်း များ၌ တည်၏။ အခန်းကိုကြည့်ပါ။Judson Bible17 ဘုရားသခင်၏ နိုင်ငံတော်သည် အစားအသောက်၌ မတည်။ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ခံရသော ဝမ်းမြောက်ခြင်း၌ တည်၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း17 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ခြင်းသည် အရေးမကြီးပေ။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့သာ အရေးကြီး၏။ အခန်းကိုကြည့်ပါ။ |
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။
အပြစ်ကျူးလွန်ခြင်းကို ရပ်တန့်ဖို့၊ အပြစ်ကို အဆုံးသတ်ဖို့၊ ဒုစရိုက်အပြစ်ကို ဖြေလွှတ်ဖို့၊ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊ ဗျာဒိတ်နိမိတ်နှင့် ပရောဖက်ပြုဟောပြောခြင်းတို့ကိုတံဆိပ်ခတ်ဖို့၊ အသန့်ရှင်းဆုံးဌာနကို ဘိသိက်သွန်းဖို့ သင့်လူမျိုးတော်နှင့် သန့်ရှင်းသောမြို့တော်အတွက် ရက်သတ္တပတ်ခုနစ်ဆယ်ကို စီရင်သတ်မှတ်တော်မူပြီ။