၁ တိ 1:14 - မြန်မာ့စံမီသမ္မာကျမ်း14 ငါတို့သခင်ဘုရား၏ကျေးဇူးတော်သည် ယေရှုခရစ်တော်အပေါ်၌ရှိသော ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့နှင့်အတူ အလွန်ကြွယ်ဝများပြားလှ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ငါတို့သခင်ဘုရားသည်မိမိ၏ကြွယ်ဝသော ကျေးဇူးတော်ကိုငါ့အပေါ်သို့သွန်းလောင်း တော်မူ၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်ခြင်းအားဖြင့်ငါတို့ရရှိသည့် ယုံကြည်ခြင်းနှင့်ချစ်ခြင်းကိုငါ့အား ပေးတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible14 ခ ရစ် တော် ယေ ရှု အား ယုံ ကြည် ခြင်း၊ ချစ် ခြင်း နှင့် တ ကွ ငါ တို့ အ ရှင့် ကျေး ဇူး တော် သည် အ လွန် ကြွယ် ဝ၏။ အခန်းကိုကြည့်ပါ။Judson Bible14 ငါတို့သခင်ဘုရား၏ ကျေးဇူးတော်သည်လည်း ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ၊ အတိုင်းထက်အလွန် ကြွယ်ဝပြီ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း14 ကျွန်ုပ်တို့၏သခင်ဘုရားသည် အလွန်ကြွယ်ဝသောကျေးဇူးတော်ကို ကျွန်ုပ်အပေါ် သက်ရောက်စေတော်မူ၏။ ကျွန်ုပ်သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လာသောကြောင့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကိုလည်း ကိုယ်တော်ထံမှ ရရှိ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယခု ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့အပေါ်သက်ရောက်သော ကိုယ်တော်၏ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်သည်သာမက ငါသည် သူတို့အားလုံးထက် သာ၍ကြိုးစားလုပ်ဆောင်ခဲ့၏။ ထိုသို့ဆိုသော် ငါကမဟုတ်ဘဲ ငါနှင့်အတူရှိသော ဘုရားသခင်၏ကျေးဇူးတော်ကသာ လုပ်ဆောင်တော်မူခြင်းဖြစ်၏။