“သင်တို့သည် လူဖြစ်၍ သင်တို့သေလျှင် ဉာဏ်ပညာသည်လည်း သင်တို့နှင့်အတူ သေသွားလိမ့်မည်မှာ ယုံမှားဖွယ်မရှိ။
၂ ကော 10:12 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့သည် မိမိကိုယ်ကိုထောက်ခံချီးကျူးတတ်သောသူတို့နှင့် မိမိတို့ကိုယ်ကို တစ်တန်းတည်းဖြစ်စေခြင်း၊ သို့မဟုတ် နှိုင်းယှဉ်ခြင်း စသည်တို့ကိုမပြုဝံ့ချေ။ သူတို့သည် အချင်းချင်းကြား၌ အချင်းချင်းတိုင်းတာလျက် အချင်းချင်းနှိုင်းယှဉ်လျက်နေ၍ တတ်သိနားလည်မှုမရှိကြ။ Common Language Bible မိမိကိုယ်ကိုချီးမြှောက်ပြောဆိုသူတို့၏လူ တန်းစားတွင်ငါတို့သည်မပါဝင်ဝံ့ပါ။ သင်တို့ နှင့်နှိုင်းယှဉ်ရန်လည်းမဝံ့ပါ။ မိမိတို့ကိုယ်ကို စံထား၍ မိမိတို့ကိုယ်ကိုအကဲဖြတ်သူများ သည်လွန်စွာမိုက်မဲလှပါသည်တကား။- Garrad Bible ငါ တို့ သည် ကိုယ် ကို ထောက် ခံ သူ တို့ နှင့် ကိုယ် တိုင် တွဲ ဘက် နှိုင်း ယှဉ် ခြင်း မ ပြု ဝံ့။ ထို သူ သည် ကိုယ့် ပ မာ ဏ ဖြင့် ကိုယ် ကို တိုင်း တာ လျက် ကိုယ် နှင့် ကိုယ် ကို နှိုင်း ယှဉ် လျက် ဉာဏ် မဲ့ ကြ သည် တ ကား။ Judson Bible ကိုယ်ကိုကိုယ်ချီးမွမ်းသော သူတို့နှင့် ရေတွက်ဝင်ခြင်းကိုလည်းကောင်း၊ ပြိုင်နှိုင်းခြင်းကိုလည်းကောင်း၊ ငါတို့မပြုဝံ့။ ထိုသူတို့သည် အချင်းချင်းတစ်ယောက်နှင့် တစ်ယောက် ခိုင်းနှိုင်းခြင်း၊ ပြိုင်နှိုင်းခြင်းတို့ကိုပြု၍ ပညာမဲ့ဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် ချီးမွမ်းတတ်သောသူတို့နှင့် တန်းတူသတ်မှတ်ရန်၊ သို့မဟုတ် နှိုင်းယှဉ်ရန် မဝံ့ရဲပါ။ ထိုသူတို့သည် မိမိကိုယ်ကိုယ် စံထားပြီး မိမိကိုယ်ကိုယ် တိုင်းတာကာ အချင်းချင်းကြား၌သာ နှိုင်းယှဉ်၍ ပညာမဲ့လျက်ရှိကြ၏။ |
“သင်တို့သည် လူဖြစ်၍ သင်တို့သေလျှင် ဉာဏ်ပညာသည်လည်း သင်တို့နှင့်အတူ သေသွားလိမ့်မည်မှာ ယုံမှားဖွယ်မရှိ။
ပျားရည်ကို များစွာစားသုံးခြင်းသည်မကောင်းပေ။ ဂုဏ်သရေပေါ် ဂုဏ်သရေထပ်၍ရှာခြင်းသည်လည်း ထိုနည်းတူဖြစ်၏။
မိမိကိုယ်ကို ပညာရှိဟု ထင်မြင်သောသူကို သင်တွေ့မြင်သလော။ ထိုသူထက် မိုက်မဲသောသူ၌ ပို၍မျှော်လင့်ချက်ရှိ၏။
သင့်နှုတ်မဟုတ်ဘဲ အခြားသောသူကလည်းကောင်း၊ သင့်နှုတ်ခမ်းမဟုတ်ဘဲ သူတစ်ပါးကလည်းကောင်း သင့်ကိုချီးမွမ်းပါစေ။
ဖာရိရှဲသည် တစ်ဦးတည်းရပ်လျက် ‘အို ဘုရားသခင်၊ အကျွန်ုပ်သည် အခြားသူများကဲ့သို့ လိမ်လည်လုယူသောသူ၊ မဖြောင့်မတ်သောသူ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သောသူမဟုတ်သည့်အပြင် ဤအခွန်ကောက်ခံသူကဲ့သို့လည်း မဟုတ်သောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။
အကြောင်းမူကား လူမျိုးခြားတို့နာခံမှုရှိစေရန် ခရစ်တော်သည် ငါ့ကိုအသုံးပြု၍ တရားစကားနှင့်လုပ်ဆောင်မှုအားဖြင့်လည်းကောင်း၊
ငါတို့သည် အဝေး၌ရှိနေစဉ် စာ၌ရေးလိုက်သည့်စကားအတိုင်း ကိုယ်တိုင်ရောက်လာသောအခါ၌လည်း ပြုမည်ဖြစ်ကြောင်း ထိုသူသိမှတ်ပါစေ။
အကြောင်းမူကား ယုံကြည်စိတ်ချရသူသည် မိမိကိုယ်ကို ထောက်ခံချီးကျူးသောသူမဟုတ်ဘဲ သခင်ဘုရားက ထောက်ခံချီးကျူးသောသူဖြစ်ရမည်။
ငါတို့သည် တစ်ဖန် မိမိကိုယ်ကိုထောက်ခံချီးကျူးနေကြသလော။ သို့မဟုတ်လျှင် ငါတို့သည် အခြားသောသူများကဲ့သို့ သူတစ်ပါးထောက်ခံပေးသောစာ၊ သို့မဟုတ် သင်တို့ထောက်ခံပေးသောစာကို လိုအပ်သလော။
ငါတို့သည် မိမိတို့ကိုယ်ကို တစ်ဖန် သင်တို့ရှေ့၌ ထောက်ခံချီးကျူးနေကြသည်မဟုတ်။ သို့သော် စိတ်နှလုံးကိုမကြည့်ဘဲ အပြင်သဏ္ဌာန်ကိုသာကြည့်၍ ဝါကြွားတတ်သောသူတို့၏စကားကို သင်တို့ပြန်လည်ချေပနိုင်ရန် ငါတို့နှင့်ပတ်သက်၍ ဝါကြွားရသောအခွင့်ကို သင်တို့အားပေးလိုက်ခြင်းသာဖြစ်၏။