၂ ကော 10:12 - Common Language Bible12 မိမိကိုယ်ကိုချီးမြှောက်ပြောဆိုသူတို့၏လူ တန်းစားတွင်ငါတို့သည်မပါဝင်ဝံ့ပါ။ သင်တို့ နှင့်နှိုင်းယှဉ်ရန်လည်းမဝံ့ပါ။ မိမိတို့ကိုယ်ကို စံထား၍ မိမိတို့ကိုယ်ကိုအကဲဖြတ်သူများ သည်လွန်စွာမိုက်မဲလှပါသည်တကား။- အခန်းကိုကြည့်ပါ။Garrad Bible12 ငါ တို့ သည် ကိုယ် ကို ထောက် ခံ သူ တို့ နှင့် ကိုယ် တိုင် တွဲ ဘက် နှိုင်း ယှဉ် ခြင်း မ ပြု ဝံ့။ ထို သူ သည် ကိုယ့် ပ မာ ဏ ဖြင့် ကိုယ် ကို တိုင်း တာ လျက် ကိုယ် နှင့် ကိုယ် ကို နှိုင်း ယှဉ် လျက် ဉာဏ် မဲ့ ကြ သည် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible12 ကိုယ်ကိုကိုယ်ချီးမွမ်းသော သူတို့နှင့် ရေတွက်ဝင်ခြင်းကိုလည်းကောင်း၊ ပြိုင်နှိုင်းခြင်းကိုလည်းကောင်း၊ ငါတို့မပြုဝံ့။ ထိုသူတို့သည် အချင်းချင်းတစ်ယောက်နှင့် တစ်ယောက် ခိုင်းနှိုင်းခြင်း၊ ပြိုင်နှိုင်းခြင်းတို့ကိုပြု၍ ပညာမဲ့ဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 အကြောင်းမူကား ငါတို့သည် မိမိကိုယ်ကိုထောက်ခံချီးကျူးတတ်သောသူတို့နှင့် မိမိတို့ကိုယ်ကို တစ်တန်းတည်းဖြစ်စေခြင်း၊ သို့မဟုတ် နှိုင်းယှဉ်ခြင်း စသည်တို့ကိုမပြုဝံ့ချေ။ သူတို့သည် အချင်းချင်းကြား၌ အချင်းချင်းတိုင်းတာလျက် အချင်းချင်းနှိုင်းယှဉ်လျက်နေ၍ တတ်သိနားလည်မှုမရှိကြ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း12 ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် ချီးမွမ်းတတ်သောသူတို့နှင့် တန်းတူသတ်မှတ်ရန်၊ သို့မဟုတ် နှိုင်းယှဉ်ရန် မဝံ့ရဲပါ။ ထိုသူတို့သည် မိမိကိုယ်ကိုယ် စံထားပြီး မိမိကိုယ်ကိုယ် တိုင်းတာကာ အချင်းချင်းကြား၌သာ နှိုင်းယှဉ်၍ ပညာမဲ့လျက်ရှိကြ၏။ အခန်းကိုကြည့်ပါ။ |
ဖာရိရှဲသည်တစ်ယောက်တည်းရပ်လျက် `အို ဘုရား သခင်၊ အခြားသောသူတို့သည်လောဘကြီးသူ၊ မရိုးဖြောင့်သူ၊ သူ့အိမ်ရာကိုပြစ်မှားသူများ ဖြစ်ကြပါ၏။ အကျွန်ုပ်သည်ထိုသူတို့ကဲ့သို့ မဟုတ်သဖြင့်လည်းကောင်း၊ ဤအခွန်ခံသူ ကဲ့သို့ပင်မဟုတ်သဖြင့်လည်းကောင်း ကိုယ် တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-
လူမျိုးခြားတို့သည်ဘုရားသခင်၏စကား ကိုနာခံလာကြစေရန်ငါ၏အပြောအဆို အပြုအမူများအားဖြင့်လည်းကောင်း၊ ထူး ဆန်းသောနိမိတ်လက္ခဏာများနှင့်အံ့သြဖွယ် အမှုအရာများအားဖြင့်လည်းကောင်း၊ ဘုရား သခင်၏ဝိညာဉ်တော်အားဖြင့်လည်းကောင်း ခရစ်တော်ပြုတော်မူသောအရာများအကြောင်း ကိုသာလျှင်ငါရဲဝံ့စွာဖော်ပြမည်။ သို့ဖြစ်၍ ငါသည်ယေရုရှလင်မြို့မှဣလုရိပြည်အထိ ရောက်ရှိသည့်အရပ်ရပ်၌ ခရစ်တော်အကြောင်း သတင်းကောင်းကိုအကုန်အစင်ကြေညာ ခဲ့ပြီ။-
ဤသို့ဆိုရာ၌ငါတို့သည်တစ်ဖန်မိမိတို့ ကိုယ်ကိုဂုဏ်ဖော်လို၍မဟုတ်။ ငါတို့အပေါ် တွင်သင်တို့ဂုဏ်ယူဝါကြွားနိုင်ခွင့်ရရှိကြ စေရန်သာဖြစ်၏။ သို့မှသာလျှင်လူ၏အကျင့် စာရိတ္တကိုမထောက်ဘဲ ပြင်ပအဆင်းသဏ္ဌာန် ကိုသာထောက်၍ ဂုဏ်ယူဝါကြွားတတ်သူတို့ ၏စကားကိုသင်တို့ပြန်လည်ချေပနိုင် ကြပေမည်။-