၂ ကော 10:18 - မြန်မာ့စံမီသမ္မာကျမ်း18 အကြောင်းမူကား ယုံကြည်စိတ်ချရသူသည် မိမိကိုယ်ကို ထောက်ခံချီးကျူးသောသူမဟုတ်ဘဲ သခင်ဘုရားက ထောက်ခံချီးကျူးသောသူဖြစ်ရမည်။ အခန်းကိုကြည့်ပါ။Common Language Bible18 အဘယ်ကြောင့်ဆိုသော်သခင်ဘုရားနှစ်သက် တော်မူသောသူဟူသည်မှာ မိမိကိုယ်ကိုချီး မြှောက်သောသူမဟုတ်။ ကိုယ်တော်ကချီးမြှောက် တော်မူသောသူဖြစ်သောကြောင့်တည်း။ အခန်းကိုကြည့်ပါ။Judson Bible18 အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမွမ်းသောသူသည် ဝန်ခံတော်မူသော သူဖြစ်သည်မဟုတ်။ သခင်ဘုရား ချီးမွမ်းတော်မူခြင်းကို ခံရသောသူသာလျှင် ဝန်ခံတော်မူသောသူဖြစ်သတည်း။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း18 အဘယ်ကြောင့်ဆိုသော် သခင်ဘုရားနှစ်သက်တော်မူသောသူသည် မိမိကိုယ်ကိုယ် ချီးမွမ်းသောသူမဟုတ်ဘဲ ကိုယ်တော်က ချီးမွမ်းသောသူဖြစ်သောကြောင့်ပင်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
အစ္စရေးအမျိုးသားတို့၊ ဤစကားတို့ကိုနားထောင်ကြလော့။ သင်တို့သိကြသည့်အတိုင်း ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအားဖြင့် သင်တို့အလယ်၌ အံ့ဩဖွယ်ရာများ၊ တန်ခိုးလက္ခဏာများနှင့် နိမိတ်လက္ခဏာများကိုပြုတော်မူ၏။ ဘုရားသခင်သည် ဤအရာများအားဖြင့် ယေရှုနှင့်ပတ်သက်သော ခိုင်မာသည့်အထောက်အထားများကို သင်တို့အားပြတော်မူ၏။
အတွင်းသဘောအားဖြင့် ဂျူးလူမျိုးဖြစ်သောသူသာလျှင် ဂျူးလူမျိုးအစစ်အမှန်ဖြစ်ပြီး အက္ခရာတင်ထားသောတရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့်ဖြစ်သော စိတ်နှလုံး၏အရေဖျားလှီးခြင်းပင် အရေဖျားလှီးခြင်းအစစ်အမှန်ဖြစ်၏။ ထိုသို့သောသူသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံတော်မှချီးမွမ်းခြင်းကိုခံရ၏။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
သင်တို့သည် မကောင်းသောအမှုတစ်စုံတစ်ခုကိုမျှ မပြုမည့်အကြောင်း ဘုရားသခင်ထံ ငါတို့ဆုတောင်းကြ၏။ ဤသို့ဆိုခြင်းမှာ စုံစမ်းစစ်ဆေးခြင်းကို ငါတို့အောင်မြင်ကြောင်းထင်ရှားစေရန်အတွက်မဟုတ်ဘဲ ငါတို့သည် စုံစမ်းစစ်ဆေးခြင်း၌ကျရှုံးသောသူများကဲ့သို့ဖြစ်ကြလျှင်ပင် သင်တို့သည် ကောင်းသောအမှုကိုပြုနိုင်ရန်အတွက်ဖြစ်၏။
ငါတို့သည် မိမိတို့ကိုယ်ကို တစ်ဖန် သင်တို့ရှေ့၌ ထောက်ခံချီးကျူးနေကြသည်မဟုတ်။ သို့သော် စိတ်နှလုံးကိုမကြည့်ဘဲ အပြင်သဏ္ဌာန်ကိုသာကြည့်၍ ဝါကြွားတတ်သောသူတို့၏စကားကို သင်တို့ပြန်လည်ချေပနိုင်ရန် ငါတို့နှင့်ပတ်သက်၍ ဝါကြွားရသောအခွင့်ကို သင်တို့အားပေးလိုက်ခြင်းသာဖြစ်၏။