အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ သက် 4:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​အမှုအရာ​မျိုး​၌ မိမိ​ညီအစ်ကို​အပေါ်​စည်းဖောက်​၍ အခွင့်ကောင်း​မ​ယူ​ကြ​ရန်​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် သင်​တို့​ကို သတိပေး​၍ ကြိုတင်​ပြော​ထား​ခဲ့​သည့်​အတိုင်း သခင်​ဘုရား​သည် ဤ​အမှုအရာ​အားလုံး​အတွက် အပြစ်​ဒဏ်​ပေး​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။

Common Language Bible

ဤ​အ​မှု​မျိုး​တွင်​သင်​တို့​သည်​ညီ​အစ်​ကို အ​ချင်း​ချင်း​မ​ပြစ်​မှား​ရ။ အ​ခွင့်​ကောင်း ကို​မ​ယူ​ရ။ သ​ခင်​ဘု​ရား​သည်​ဤ​အ​ပြစ် မျိုး​ကူး​လွန်​သော​သူ​တို့​အား အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း​သင်​တို့​အား ငါ​တို့​ကြပ်​တည်း​စွာ​သ​တိ​ပေး​ပြီး​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

မည် သူ မ ဆို ညီ အစ် ကို ချင်း ကို ထို အ မှု မျိုး၌ မ လွန် ကျူး မ ပြစ် မှား ဘဲ နေ ခြင်း များ တည်း။ ဤ အ ပြစ် မျိုး နှင့် စပ်၍ ငါ တို့ တင် ရင် နှိုး ဆော် သ တိ ပေး ခဲ့ ကြ သည့် အ တိုင်း၊ အ ရှင် ဘု ရား သည် ဒဏ် စီ ရင် တော် မူ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ဤ​အ​မှု​အ​ရာ၌ လွန်​ကျူး၍ ညီ​အစ်​ကို​ကို ပ​ရိ​ယာယ်​အား​ဖြင့် မ​ပြစ်​မှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လို​တော်​ရှိ၏။ ငါ​တို့​သည် အ​ထက်​က ဟော​ပြော၍ သ​စ္စာ​ပေး​နှင့်​သည်​အ​တိုင်း၊ သ​ခင်​ဘု​ရား​သည် ထို​သို့​သော ပြစ်​မှား​ခြင်း​ကို ခံ​သော​သူ​အ​ပေါင်း​တို့​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို့ပြင် ဤသို့သော ကိစ္စများ​တွင် မည်သူ​မျှ မိမိတို့ ညီအစ်ကို​အပေါ် အခွင့်ကောင်း​ယူ​၍ သူ​၏ သားမယား​နှင့် မပြစ်မှားရ။ သင်တို့​ကို ကျွန်ုပ်တို့ သတိပေး​ပြောဆိုခဲ့သည့်​အတိုင်း အထက်ပါ​အပြစ်တို့​ကို ကျူးလွန်သော သူတို့​ကို သခင်ဘုရား ပြစ်ဒဏ်​ပေးတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။



၁ သက် 4:6
50 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​သည် အဖိနှိပ်​ခံရ​သော​သူ​တို့​၏ အမှုကိစ္စ​ကို ဆောင်ရွက်​ပေး​၍ နွမ်းပါး​သော​သူ​တို့​အတွက် တရားမျှတမှု​ကို​ဆောင်ကြဉ်း​ပေး​တော်မူ​ကြောင်း ငါ​သိ​၏​။


လက်တုံ့ပြန်​တော်မူ​သော​ဘုရားသခင် အို ထာဝရဘုရား​၊ လက်တုံ့ပြန်​တော်မူ​သော​ဘုရားသခင်​၊ ရောင်ခြည်​တော်​ကို​လွှတ်​တော်မူ​ပါ​။


သင့်​အိမ်နီးချင်း​၏​အိမ်​ကို​မ​တပ်မက်​ရ​။ သင့်​အိမ်နီးချင်း​၏​မယား​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​၊ နွား​၊ မြည်း​မှစ၍ သင့်​အိမ်နီးချင်း​၌​ရှိ​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​တပ်မက်​ရ​။​”


မမှန်ကန်​သော​ချိန်ခွင်​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ မှန်​သော​အလေး​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။


မှန်ကန်​သော​ကတ္တား​နှင့်​ချိန်ခွင်​ကို ထာဝရဘုရား​ပိုင်​တော်မူ​၏​။ အိတ်​ထဲ၌​ရှိ​သော​အလေး​အားလုံး​ကို​လည်း ကိုယ်တော်​ပြုလုပ်​တော်မူ​၏​။


ဝယ်​သော​သူ​သည် “​မကောင်း​ဘူး​၊ မကောင်း​ဘူး​”​ဟု ဆို​တတ်​၏​။ သို့သော် ဝယ်​၍​ထွက်သွား​ပြီးမှ ဝါကြွား​တတ်​၏​။


အချိန်ချင်း​မတူ​သော​အလေး​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ မမှန်ကန်​သော​ချိန်ခွင်​သည်​လည်း မ​ကောင်း​ပေ​။


မိမိ​၏​ဖခင်​၊ သို့မဟုတ် မိခင်​၏​ဥစ္စာ​ကို​လုယူ​ပြီးမှ ငါ​အပြစ်​ကျူးလွန်​သည်​မ​ဟုတ်​ဟု ပြောဆို​သော​သူ​သည် အဖျက်သမား​၏​အပေါင်းအဖော်​ဖြစ်​၏​။


နယ်မြေဒေသ​တစ်ခုခု​တွင် ဆင်းရဲသား​တို့​ကို​ဖိနှိပ်ချုပ်ချယ်​ခြင်း​ကို​လည်းကောင်း​၊ တရားမျှတ​ခြင်း​နှင့် ဖြောင့်မတ်​ခြင်း​တို့​မှ​သွေဖည်​ခြင်း​ကို​လည်းကောင်း သင်​မြင်​ရ​လျှင်လည်း ထို​အမှု​ကို​အံ့ဩ​ခြင်း​မ​ရှိ​နှင့်​။ အကြောင်းမူကား ရာထူးမြင့်​သော​သူ​တစ်ဦး​ကို သူ့​ထက်​ရာထူးမြင့်​သော​သူ​က စောင့်ကြည့်​နေ​၏​။ ထို​သူ​တို့​ထက် ရာထူးမြင့်​သော​သူ​များ​လည်း ရှိ​ကြ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​စပျစ်ခြံ​ကား အစ္စရေး​အမျိုးအနွယ်​ပေတည်း​။ ကိုယ်တော်​နှစ်သက်​တော်မူ​သော​အပင်​ကား ယုဒ​အမျိုးသား​ပေတည်း​။ ကိုယ်တော်​သည် တရားမျှတမှု​ကို စောင့်မျှော်​တော်မူ​သော်လည်း ကြည့်ရှု​လော့​။ သတ်ဖြတ်မှု​သာ​ဖြစ်​ပါ​သည်​တကား​။ ဖြောင့်မတ်​ခြင်း​အစား အော်ဟစ်ငိုကြွေး​ခြင်း​သာ​ရှိ​ပါ​သည်​တကား​။


ဧည့်သည်​၊ ဖတဆိုး​၊ မုဆိုးမ​တို့​ကို​မ​နှိပ်စက်​၊ အပြစ်မဲ့​သူ​၏​အသက်​ကို ဤ​အရပ်​၌ မ​သတ်​၊ ကိုယ့်​ကို​ဒုက္ခ​ပေး​မည့် အခြား​ဘုရား​များ​နောက်​သို့​မ​လိုက်​ဘဲ​နေ​လျှင်


“​လူ​တိုင်း မိမိ​၏​အိမ်နီးချင်း​ကို သတိပြု​ကြ​လော့​။ မည်သည့်​ညီအစ်ကို​ကို​မျှ မ​ယုံ​ကြ​နှင့်​။ အကြောင်းမူကား ညီအစ်ကို​အားလုံး လူလိမ်​သက်သက်​သာ​ဖြစ်​ကြ​၏​။ အိမ်နီးချင်း​အားလုံး​သည်​လည်း အတင်းအဖျင်း​လိုက်ပြော​သော​သူ​များ​သာ​ဖြစ်​ကြ​၏​။


သို့ဖြစ်၍ ဘုရားရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ သင့်​အလယ်​တွင် မတရား​အကျိုးစီးပွား​ရှာ​သော​အပြစ်​၊ လူ​အသက်သတ်​သော​အပြစ်​ကြောင့် သင့်​ကို ငါ​ဒဏ်ခတ်​မည်​။


မ​ခိုး​ရ​။ မ​လိမ်ညာ​ရ​။ သူတစ်ပါး​ကို မ​လှည့်စား​ရ​။


မိမိ​အိမ်နီးချင်း​ကို အနိုင်အထက်​မ​ပြု​ရ​။ သူ့​ဥစ္စာ​ကို မ​လုယူ​ရ​။ သူရင်းငှား​၏​လုပ်အားခ​ကို တစ်ညလုံး​နံနက်​တိုင်အောင် မ​ဆိုင်းထား​ရ​။


သင်​တို့​သည် မိမိ​၏​အိမ်နီးချင်း​အား တစ်စုံတစ်ရာ​ကို ရောင်း​သည်​ဖြစ်စေ​၊ မိမိ​အိမ်နီးချင်း​ထံမှ ဝယ်​သည်​ဖြစ်စေ တစ်ယောက်​ကို​တစ်ယောက် နိုင်ထက်စီးနင်း​မ​ပြု​ရ​။


အချင်းချင်း နိုင်ထက်စီးနင်း​မ​ပြု​ရ​။ သင်​၏​ဘုရားသခင်​ကို သင်​ကြောက်ရွံ့​ရ​မည်​။ အကြောင်းမူကား ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။


သူ​တို့​သည် တပ်မက်​သဖြင့် လယ်မြေ​များ​ကို လုယူ​ကြ​၍ အိမ်​များ​ကို​လည်း သိမ်းပိုက်​ကြ​၏​။ ဤသို့ဖြင့် တစ်ပါးသူ​နှင့်​သူ​၏​အိမ်​၊ တစ်ပါးသူ​နှင့်​သူ​၏​အမွေဥစ္စာ​ကို အနိုင်အထက်ပြု​ကြ​၏​။


ပုန်ကန်​တတ်​သော​မြို့​၊ ညစ်ညူး​သော​မြို့​၊ နိုင်ထက်စီးနင်း​ပြု​တတ်​သော​မြို့​သည် အမင်္ဂလာ​ရှိ​၏​။


ထို​မြို့​တွင် စံနေ​တော်မူ​သော​ထာဝရဘုရား​မူကား မတရားမှု​ကို မ​ပြု​၊ ဖြောင့်မတ်​တော်မူ​သော​ဘုရား​ဖြစ်​၏​။ နံနက်​အရုဏ်လင်းချိန်​တိုင်း​တွင် မိမိ​၏​ဖြောင့်မတ်​ခြင်း​ကို မ​ပျက်​မ​ကွက်​ဖော်ပြ​တော်မူ​၏​။ သို့သော် မတရား​သော​သူ​သည် ရှက်ကြောက်​ရ​မည်​ကို မ​သိ​ပါတကား​။


“​သင်​တို့​ကို တရားစီရင်​ရန် သင်​တို့​ထံသို့ ငါ​ကြွလာ​မည်​။ ငါ​သည် မှော်ဆရာ​များ​၊ အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​များ​၊ မဟုတ်မမှန်​ကျိန်ဆို​သော​သူ​များ​၊ သူရင်းငှား​၏​လုပ်အားခ​ကို မပေး​သော​သူ​များ​၊ မုဆိုးမ​နှင့် ဖတဆိုး​တို့​ကို နှိပ်စက်​သော​သူ​များ​၊ တိုင်းတစ်ပါးသား​တို့​ကို လျစ်လျူရှု​၍ ငါ့​ကို​မ​ကြောက်ရွံ့​သော​သူ​များ​ကို​ဆန့်ကျင်​လျက် အလျင်အမြန်​သက်သေ​ထွက်ဆို​မည်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


‘လူ​မ​သတ်​ရ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​မ​ကျူးလွန်​ရ၊ မ​ခိုးယူ​ရ၊ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​မ​ပြု​ရ၊ လိမ်ညာ​လုယူ​ခြင်း​မ​ပြု​ရ၊ သင်​၏​မိခင်​နှင့်​ဖခင်​တို့​ကို​ရိုသေ​လော့’ဟူသော​ပညတ်​တော်​တို့​ကို သင်​သိ​၏”​ဟု မိန့်​တော်မူ​၏။


သင်​တို့​ကြောက်​ရ​မည့်​သူ​ကို သင်​တို့​အား ငါ​ပြောပြ​မည်။ ကိုယ်ခန္ဓာ​ကို​သတ်​ပြီးနောက် ငရဲ​ထဲသို့​ပစ်ချ​ပိုင်ခွင့်​ရှိ​သော​သူ​ကို ကြောက်​ကြ​လော့။ မှန်​ပေ​၏။ ထို​သူ​ကို​ကြောက်​ကြ​လော့​ဟု သင်​တို့​အား ငါ​ဆို​၏။


အကြောင်းမူကား အကျွန်ုပ်​၌ ညီအစ်ကို​ငါး​ဦး​ရှိ​ပါ​၏။ သူ​တို့​သည် ဝေဒနာ​ခံ​ရာ ဤ​အရပ်​သို့ မ​ရောက်​မည့်​အကြောင်း သူ​တို့​အား သွား​၍​သတိပေး​စေ​လို​ပါ​၏’​ဟု လျှောက်​လေ​၏။


ဘုရားသခင်​၏​အမျက်​တော်​သည် ကောင်းကင်​မှ​ထင်ရှား​လျက် သမ္မာတရား​ကို မတရားမှု​ဖြင့်​တားဆီး​ပိတ်ပင်​သော​သူ​တို့​၏​ဘုရား​တရား​မဲ့​ခြင်း​နှင့် မတရားမှု​အလုံးစုံ​တို့​အပေါ်သို့ သက်ရောက်​၏။


ချစ်​ရ​သော​သူ​တို့၊ ကိုယ်တိုင်​လက်တုံ့​မ​ပြန်​ဘဲ အမျက်​တော်​လက်​သို့ အပ်နှံ​ထား​ကြ​လော့။ အကြောင်းမူကား “ထာဝရ​ဘုရား​မိန့်​တော်မူ​သည်​မှာ လက်တုံ့ပြန်​ခြင်း​သည် ငါ​နှင့်ဆိုင်​၏။ ငါ​ကိုယ်တိုင်​တုံ့ပြန်​မည်”​ဟု ကျမ်းစာ​၌​ရေး​ထား​၏။


အကြောင်းမူကား သူ​သည် သင့်​အား ကောင်းကျိုး​ပြု​သော ဘုရားသခင်​၏​အစေခံ​ဖြစ်​၏။ သို့ရာတွင် မကောင်း​သော​အမှု​ကို​သင်​ပြု​လျှင် ကြောက်ရွံ့​ခြင်း​ရှိ​လော့။ သူ​သည် ဓား​ကို အကြောင်းမဲ့​ဆောင်​ထား​သည်​မ​ဟုတ်။ သူ​သည် မကောင်း​သော​အမှု​ကို​ပြုကျင့်​သော​သူ​အား အမျက်​တော်​အတွက် အပြစ်​ဒဏ်​ပေး​သည့် ဘုရားသခင်​၏​အစေခံ​ဖြစ်​၏။


ကြည့်​ကြ​လော့။ ဘုရားသခင်​၏​အလို​တော်​နှင့်​ညီ​သော ဤ​ဝမ်းနည်း​ခြင်း​သည် သင်​တို့​အထဲတွင် မည်သို့​သော ကြိုးစား​အားထုတ်​ခြင်း၊ ဖြေရှင်း​ချက်​ပေး​ခြင်း၊ မခံမရပ်​နိုင်​ဖြစ်​ခြင်း၊ ကြောက်ရွံ့​ခြင်း၊ အလွန်​တောင့်တ​ခြင်း၊ စိတ်အား​ထက်သန်​ခြင်း​နှင့် တရား​သဖြင့်​စီရင်​ခြင်း​တို့​ကို ဖြစ်ပေါ်​စေ​ခဲ့​သနည်း။ သင်​တို့​သည် ဤ​အမှု​၌​အပြစ်​ကင်းစင်​ကြောင်း သင်​တို့​ကိုယ်တိုင် အရာရာ​၌​ထင်ရှား​စေ​ကြ​ပြီ။


မလိုမုန်းထား​ခြင်း၊ သောက်စား​မူးယစ်​ခြင်း၊ အပျော်ကြူး​ခြင်း​တို့​မှစ၍ ထို​ကဲ့သို့သော​လုပ်ဆောင်​မှု​များ​ဖြစ်​ကြ​၏။ ထိုသို့သော​အရာ​များ​ကို ပြုကျင့်​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​ကြ​မည်​မ​ဟုတ်​ဟု ယခင်​က ငါ​ပြော​ခဲ့​သည့်​အတိုင်း ယခု​လည်း သင်​တို့​အား ကြိုတင်​ပြော​ထား​မည်။


ထို့ကြောင့် လူမျိုးခြား​တို့​သည် သူ​တို့​၏​အနှစ်သာရ​ကင်းမဲ့​သော​စိတ်​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​သကဲ့သို့ သင်​တို့​သည် နောက်ထပ် အသက်ရှင်​လျှောက်လှမ်း​ခြင်း​မ​ရှိ​ကြ​ရန် သခင်​ဘုရား​၌ ငါ​သတိပေး​လို​၏။


ခိုး​တတ်​သော​သူ​သည် နောက်ထပ် မ​ခိုး​ဘဲ လိုအပ်​သော​သူ​အား ဝေမျှ​စရာ​ရှိ​စေရန် မိမိ​လက်​ဖြင့် ကောင်း​သော​အလုပ်​ကို အားထုတ်​လုပ်ဆောင်​စေ။


အချည်းနှီး​သော​စကား​တို့​ဖြင့် မည်သူမျှ သင်​တို့​ကို မ​လှည့်ဖြား​စေ​နှင့်။ အကြောင်းမူကား ဤ​အမှု​များ​ကြောင့် ဘုရားသခင်​၏​အမျက်​တော်​သည် နာခံ​မှု​မ​ရှိ​သော​သူ​တို့​အပေါ်သို့ သက်ရောက်​လာ​၏။


တစ်စုံတစ်ယောက်​သည် မိမိ​အမျိုးသားချင်း​ဖြစ်​သော အစ္စရေး​အမျိုးသား​တို့​ထဲမှ တစ်ယောက်ယောက်​ကို ခိုးယူ​ပြီး ထို​သူ​ကို ကျွန်ပြု​သည်​ဖြစ်စေ​၊ ရောင်းစား​သည်​ဖြစ်စေ ထို​သူခိုး​ကို​တွေ့​လျှင် အသေသတ်​ရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို သင့်​ထဲ​မှ​ဖယ်ရှား​ပစ်​ရ​မည်​။


လက်စားချေ​ခြင်း​၊ လက်တုံ့ပြန်​ခြင်း​သည် ငါ​နှင့်​ဆိုင်​၏​။ သူ​တို့​သည် အချိန်တန်​လျှင် ခြေ​ချော်​လိမ့်မည်​။ သူ​တို့​၏​ဘေးဒုက္ခ​နေ့ရက်​သည်​နီး​ပြီ​။ သူ​တို့​ကြုံ​ရ​မည့်​အမှု​သည် အလျင်အမြန်​ရောက်လာ​လိမ့်မည်​။


သင်​တို့​သိ​ကြ​သည့်​အတိုင်း ဖခင်​သည် မိမိ​သားသမီး​များ​အပေါ်​ပြု​သကဲ့သို့ ငါ​တို့​သည် သင်​တို့​အပေါ်​ပြုမူ​လျက်


ထိုအခါ ကိုယ်တော်​သည် ဘုရားသခင်​ကို​မ​သိ​သော​သူ​တို့​နှင့် ငါ​တို့​သခင်​ယေရှု​၏​ကောင်းမြတ်​သော​သတင်း​ကို မ​နာခံ​သော​သူ​တို့​အား တရား​သဖြင့်​စီရင်​တော်မူ​လိမ့်မည်။


မင်္ဂလာဆောင်​ခြင်း​အမှု​ကို လူ​တိုင်း​လေးစား​မြတ်နိုး​ရ​မည်။ ထိမ်းမြား​ခြင်း​အိပ်ရာ​ကို​လည်း ညစ်ညူး​ခြင်း​မ​ရှိ​စေ​ရ။ အကြောင်းမူကား တရားနှင့်မညီ​မေထုန်ပြု​သူ​နှင့် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သူ​တို့​ကို ဘုရားသခင်​စီရင်​တော်မူ​လိမ့်မည်။


တစ်​ယောက်​သော​သူ​က “လူ​သည် မည်သို့​သော​သူ​ဖြစ်​၍ ကိုယ်တော်​သည် သူ့​ကို အောက်မေ့​တော်မူ​ရ​သနည်း။ လူ့သား​သည် မည်သို့​သော​သူ​ဖြစ်၍ ကိုယ်တော်​သည် သူ့​ကို ကြည့်ရှု​တော်မူ​ရ​သနည်း။


သို့ရာတွင် သင်​တို့​သည် ဆင်းရဲ​သော​သူ​တို့​ကို မထီလေးစား​ပြု​ကြ​သည်​တကား။ ချမ်းသာ​သော​သူ​တို့​သည် သင်​တို့​ကို ဖိနှိပ်​ခြယ်လှယ်​ကြ​သည်​မ​ဟုတ်​လော။ သူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့ ဆွဲခေါ်​သွား​ကြ​သည်​မ​ဟုတ်​လော။


ကြည့်​ကြ​လော့။ သင်​တို့​လယ်ကွင်း​၌​ရိတ်သိမ်း​ပေး​သည့် အလုပ်သမား​တို့​ကို သင်​တို့​လိမ်ညာ​၍​မ​ပေး​ဘဲ​နေ​သော လုပ်အားခ​များ​သည် အော်ဟစ်​နေ​ကြ​၏။ ရိတ်သိမ်း​သော​သူ​တို့​၏​အော်ဟစ်​သံ​များ​သည်​လည်း ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​၏​နား​တော်​သို့ ရောက်​လေ​ပြီ။