တရားဟော 32:35 - မြန်မာ့စံမီသမ္မာကျမ်း35 လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ သူတို့သည် အချိန်တန်လျှင် ခြေချော်လိမ့်မည်။ သူတို့၏ဘေးဒုက္ခနေ့ရက်သည်နီးပြီ။ သူတို့ကြုံရမည့်အမှုသည် အလျင်အမြန်ရောက်လာလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible35 ထာဝရဘုရားသည်ရန်သူတို့အားဒဏ်ခတ်၍ လက်စားချေတော်မူမည်။ သူတို့ရှုံးနိမ့်ရသောအချိန်ရောက်လိမ့်မည်။ သူတို့ပျက်စီးရသောအချိန်နီးပြီ။ အခန်းကိုကြည့်ပါ။Garrad Bible35 ဘေး သင့် ရာ နေ့ ရက် နီး လျက်၊ တ မ လွန် လျင် မြန် သည့် အ လျောက်၊ ချင်း တို့ ခြေ ချော် ကြ သည့် ကာ လ၊ လက် စား ချေ တော် မူ ခြင်း၊ ဆပ် ပေး တော် မူ ခြင်း သည် အ ရံ သင့် ရှိ သည် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible35 အပြစ်တရားကို စီရင်ရသောအခွင့်၊ အပြစ်နှင့်အလျောက် ဆပ်ပေးရသော အခွင့်ကိုငါပိုင်၏။ အချိန်တန်မှ သူတို့ခြေသည် ချော်လိမ့်မည်။ သူတို့၌ ဘေးရောက်သောအချိန် နီးပြီ။ သူတို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား သူသည် သင့်အား ကောင်းကျိုးပြုသော ဘုရားသခင်၏အစေခံဖြစ်၏။ သို့ရာတွင် မကောင်းသောအမှုကိုသင်ပြုလျှင် ကြောက်ရွံ့ခြင်းရှိလော့။ သူသည် ဓားကို အကြောင်းမဲ့ဆောင်ထားသည်မဟုတ်။ သူသည် မကောင်းသောအမှုကိုပြုကျင့်သောသူအား အမျက်တော်အတွက် အပြစ်ဒဏ်ပေးသည့် ဘုရားသခင်၏အစေခံဖြစ်၏။