ဝတ်ပြု 25:14 - မြန်မာ့စံမီသမ္မာကျမ်း14 သင်တို့သည် မိမိ၏အိမ်နီးချင်းအား တစ်စုံတစ်ရာကို ရောင်းသည်ဖြစ်စေ၊ မိမိအိမ်နီးချင်းထံမှ ဝယ်သည်ဖြစ်စေ တစ်ယောက်ကိုတစ်ယောက် နိုင်ထက်စီးနင်းမပြုရ။ အခန်းကိုကြည့်ပါ။Common Language Bible14 သို့မှသာသင်သည်အမျိုးသားချင်းနှင့် အရောင်းအဝယ်ပြုလုပ်သည့်အခါ ထိုက် တန်သောတန်ဖိုးကိုဖြတ်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible14 သင် တို့ သည် သူ တစ် ပါး နှင့် ရောင်း ဝယ် လျှင် အ ချင်း ချင်း မ စဉ်း လဲ ဘဲ၊ အခန်းကိုကြည့်ပါ။Judson Bible14 သင်တို့သည် အချင်းချင်းရောင်းဝယ်မှုကိုပြုလျှင်၊ တစ်ယောက်ကိုတစ်ယောက် မညှဉ်းဆဲရ။ အခန်းကိုကြည့်ပါ။ |
နယ်မြေဒေသတစ်ခုခုတွင် ဆင်းရဲသားတို့ကိုဖိနှိပ်ချုပ်ချယ်ခြင်းကိုလည်းကောင်း၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှသွေဖည်ခြင်းကိုလည်းကောင်း သင်မြင်ရလျှင်လည်း ထိုအမှုကိုအံ့ဩခြင်းမရှိနှင့်။ အကြောင်းမူကား ရာထူးမြင့်သောသူတစ်ဦးကို သူ့ထက်ရာထူးမြင့်သောသူက စောင့်ကြည့်နေ၏။ ထိုသူတို့ထက် ရာထူးမြင့်သောသူများလည်း ရှိကြ၏။
ဖြောင့်မတ်စွာအသက်ရှင်လျှောက်လှမ်း၍ ဟုတ်မှန်သောစကားကိုပြောသူ၊ ဖိနှိပ်ညှဉ်းပန်းခြင်းဖြင့်ရသောအကျိုးစီးပွားကိုငြင်းပယ်၍ တံစိုးလက်ဆောင်ကို လက်မခံဘဲ ငြင်းဆိုသူ၊ သတ်ဖြတ်မှုအကြောင်းကို မကြားမိအောင် နားပိတ်ထားသူ၊ မကောင်းသောအရာများကို မကြည့်မိအောင် မျက်စိပိတ်ထားသူ၊
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စပျစ်ခြံကား အစ္စရေးအမျိုးအနွယ်ပေတည်း။ ကိုယ်တော်နှစ်သက်တော်မူသောအပင်ကား ယုဒအမျိုးသားပေတည်း။ ကိုယ်တော်သည် တရားမျှတမှုကို စောင့်မျှော်တော်မူသော်လည်း ကြည့်ရှုလော့။ သတ်ဖြတ်မှုသာဖြစ်ပါသည်တကား။ ဖြောင့်မတ်ခြင်းအစား အော်ဟစ်ငိုကြွေးခြင်းသာရှိပါသည်တကား။