၁ ရာချုပ် 5:2 - မြန်မာ့စံမီသမ္မာကျမ်း ယုဒသည် ညီအစ်ကိုတို့တွင် ခွန်အားကြီးသောသူဖြစ်၍ သူ့မျိုးနွယ်ထဲမှ အုပ်ချုပ်သူမင်းပေါ်ထွန်းသော်လည်း ယောသပ်ကသာ သားဦးအရာကို ရ၏။ Common Language Bible ယုဒအနွယ်သည်ခွန်အားအကြီးမားဆုံး ဖြစ်လာ၍ အနွယ်စုအပေါင်းတို့အတွက် မင်းပေါ်ထွန်းခဲ့၏။)- Judson Bible ယုဒသည်လည်း ညီအစ်ကိုတို့တွင်လွန်ကဲ၍ သူ၏အမျိုးထဲက မင်းဖြစ်တတ်သော်လည်း၊ သားဦးအရာကိုမရ၊ ယောသပ်ရ၏။ |
လေအာ၏သားများမှာ ရုဗင်(ယာကုပ်၏သားဦး)၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန် တို့ဖြစ်ကြ၏။
အီဂျစ်ပြည်သို့ငါမရောက်လာမီ အီဂျစ်ပြည်၌ သင်ရနှင့်သော သားနှစ်ယောက်သည် ငါ့သားများဖြစ်၏။ ဧဖရိမ်နှင့်မနာရှေသည် ရုဗင်နှင့်ရှိမောင်ကဲ့သို့ ငါ့သားများဖြစ်ရမည်။
သင့်ဖခင်ပေးသောကောင်းချီးမင်္ဂလာတို့သည် ငါ့ဘိုးဘေးတို့ပေးသောကောင်းချီးမင်္ဂလာထက်၊ ရှေးတောင်ကုန်းတို့၌ရှိသောကောင်းချီးအဖြာဖြာထက် သာလွန်၏။ ထိုကောင်းချီးမင်္ဂလာတို့သည် ယောသပ်၏ခေါင်းပေါ်၌လည်းကောင်း၊ သူ့ညီအစ်ကိုတို့ထဲမှအကြီးအကဲတို့၏ဦးထိပ်ပေါ်၌လည်းကောင်း သက်ရောက်ပါစေသော။
ဒါဝိဒ်မင်းကြီးသည် အစ္စရေးတစ်မျိုးလုံးကို အုပ်စိုး၍ ပြည်သူပြည်သားအပေါင်းတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာ အုပ်ချုပ်၏။
အစ္စရေးလူမျိုးတို့ကိုအစဉ်အမြဲအုပ်ချုပ်ရန်အတွက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ငါ့ဖခင်၏မိသားစုဝင်တစ်စုလုံးတွင် ငါ့ကို ရွေးချယ်တော်မူ၏။ ယုဒအမျိုးကို ခေါင်းဆောင်အဖြစ် ရွေးချယ်တော်မူ၏။ ယုဒအမျိုးအနွယ်ထဲမှ ငါ့ဖခင်၏မိသားစုကို ရွေးချယ်တော်မူ၏။ ငါ့ဖခင်၏သားများထဲမှ ငါ့ကို ရွေးချယ်တော်မူ၍ အစ္စရေးလူမျိုးတစ်မျိုးလုံးကို အုပ်ချုပ်သောဘုရင် ဖြစ်စေတော်မူ၏။
ဂိလဒ်ပြည်ကို ငါပိုင်၏။ မနာရှေပြည်ကိုလည်း ငါပိုင်၏။ ဧဖရိမ်ပြည်သည် ငါ၏သံခမောက်ဖြစ်ပြီး ယုဒပြည်သည် ငါ၏ကျိုင်းတော်ဖြစ်၏။
ဂိလဒ်ပြည်ကို ငါပိုင်၏။ မနာရှေပြည်ကိုလည်း ငါပိုင်၏။ ဧဖရိမ်ပြည်သည် ငါ၏သံခမောက်ဖြစ်ပြီး ယုဒပြည်သည် ငါ၏ကျိုင်းတော်ဖြစ်၏။
“အို ဧဖရတ်ဗက်လင်မြို့၊ ယုဒမြို့များတွင် သင်သည် သေးငယ်သောမြို့ဖြစ်သော်လည်း ငါ့အဖို့ အစ္စရေးလူမျိုးကို အုပ်စိုးသူမင်းသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်။ ထိုသခင်သည် ရှေးမဆွကပင် ရှိနှင့်ပြီးဖြစ်၏။”
ယုဒတပ်စခန်း၏အလံနားရှိ ယုဒတပ်ဖွဲ့သည် အရှေ့ဘက် နေထွက်ရာအရပ်၌ စခန်းချရမည်။ အမိနဒပ်၏သား နာရှုန်သည် ယုဒအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
ပထမနေ့၌ ယုဒအမျိုးအနွယ်မှ အမိနဒပ်၏သား နာရှုန်သည် ပူဇော်သက္ကာကို ယူဆောင်လာ၏။
‘အို ယုဒပြည်၊ ဗက်လင်မြို့၊ သင်သည် ယုဒပြည်ကိုအုပ်ချုပ်သောမြို့တို့တွင် အသေးသိမ်ဆုံးမဟုတ်။ အကြောင်းမူကား ငါ၏လူမျိုးတော်အစ္စရေးကို အုပ်ထိန်းမည့်ခေါင်းဆောင်တစ်ဦးသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်’ဟူ၍ ပရောဖက်က ရေးထားသောကြောင့်ဖြစ်သည်”ဟု လျှောက်ထားကြ၏။
အကြောင်းမူကား ဘုရားသခင်သည် သိထားနှင့်တော်မူသောသူတို့ကို မိမိသားတော်၏ပုံသဏ္ဌာန်နှင့်တူညီစေရန် ကြိုတင်သတ်မှတ်ထားတော်မူ၏။ ဤသည်ကား သားတော်သည် များစွာသောညီအစ်ကိုတို့တွင် သားဦးဖြစ်မည့်အကြောင်းတည်း။
အမုန်းခံရသောမယား၏သားသည် သားဦးဖြစ်သည်ဟု အသိအမှတ်ပြု၍ မိမိ၌ရှိသောအရာအားလုံးမှ ထိုသားအား ဝေစုနှစ်ဆပေးရမည်။ အကြောင်းမူကား သူသည် ဖခင်၏အဦးဆုံးအားမာန်ဖြစ်၏။ သားဦးအရိုက်အရာကို သူပိုင်၏။
သူ၏နွားသားဦးသည် သူ၏ဂုဏ်ကျက်သရေဖြစ်၏။ သူ၏ဦးချိုသည် နွားရိုင်းဦးချိုကဲ့သို့ဖြစ်၏။ သူသည် ထိုဦးချိုဖြင့် လူမျိုးတကာတို့ကို မြေကြီးစွန်းတိုင်အောင် တစ်ချက်တည်းဝှေ့ပစ်မည်။ ထိုဦးချိုများသည် သောင်းပေါင်းများစွာသောဧဖရိမ်အမျိုး၊ ထောင်ပေါင်းများစွာသောမနာရှေအမျိုး ဖြစ်၏။
ငါတို့၏သခင်သည် ယုဒအနွယ်မှပေါ်ထွန်းတော်မူကြောင်း သိသာထင်ရှား၏။ မောရှေသည် ထိုအနွယ်နှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်နှင့်စပ်ဆိုင်သည့်အရာတစ်စုံတစ်ခုကိုမျှ မပြောဆိုခဲ့ပေ။
တစ်နေ့တွင် ယုဒအမျိုးသားတို့သည် ဂိလဂါလအရပ်ရှိ ယောရှုထံသို့ လာ၍ ကေနက်အမျိုး၊ ယေဖုန္နာ၏သား ကာလက်က “ကာဒေရှဘာနာအရပ်၌ ထာဝရဘုရားသည် သင်နှင့်ကျွန်ုပ်ကို ရည်ညွှန်း၍ ဘုရားသခင်၏လူမောရှေအား မိန့်တော်မူခဲ့သည့်စကားများကို သင်သိပါ၏။
ထိုအခါ သက်ကြီးဝါကြီးများထဲမှတစ်ပါးက “မငိုကြွေးနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်မှပေါ်ထွန်းသောခြင်္သေ့၊ ဒါဝိဒ်၏အမြစ်ဖြစ်တော်မူသောအရှင်သည် အောင်မြင်သဖြင့် ထိုစာလိပ်နှင့်တံဆိပ်ခုနစ်ခုကိုဖွင့်နိုင်၏”ဟု ငါ့အားပြောဆို၏။
ထာဝရဘုရားက “ယုဒအမျိုး ချီတက်ရမည်။ ကြည့်ရှုလော့။ ဤပြည်ကို သူတို့လက်သို့ ငါအပ်ပြီ”ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။
ယေရှဲသည် သားခုနစ်ယောက်ကို ရှမွေလရှေ့သို့ ခေါ်လာပြ၏။ သို့သော် ရှမွေလက ယေရှဲအား “သူတို့ကို ထာဝရဘုရားရွေးတော်မမူ”ဟူ၍သာ ပြော၏။
ထို့ကြောင့် လူလွှတ်၍ သူ့ကိုခေါ်လာစေ၏။ သူသည် နီမြန်းသောအသားအရေ၊ လှပသောမျက်လုံးနှင့် ခန့်ညားသောရုပ်ရည်ရှိ၏။ ထာဝရဘုရားက “ဤသူပင်ဖြစ်၏။ ထ၍ သူ့ကိုဘိသိက်ပေးလော့”ဟု မိန့်တော်မူ၏။