Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 28:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 အစ္စရေး​လူမျိုး​တို့​ကို​အစဉ်အမြဲ​အုပ်ချုပ်​ရန်​အတွက် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ့​ဖခင်​၏​မိသားစုဝင်​တစ်စုလုံး​တွင် ငါ့​ကို ရွေးချယ်​တော်မူ​၏​။ ယုဒ​အမျိုး​ကို ခေါင်းဆောင်​အဖြစ် ရွေးချယ်​တော်မူ​၏​။ ယုဒ​အမျိုးအနွယ်​ထဲမှ ငါ့​ဖခင်​၏​မိသားစု​ကို ရွေးချယ်​တော်မူ​၏​။ ငါ့​ဖခင်​၏​သား​များ​ထဲမှ ငါ့​ကို ရွေးချယ်​တော်မူ​၍ အစ္စရေး​လူမျိုး​တစ်မျိုးလုံး​ကို အုပ်ချုပ်​သော​ဘုရင် ဖြစ်​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​သည် ငါ​နှင့် ငါ​၏​သား​မြေး​တို့​အား​ဣ​သ​ရေ​လ​နိုင်​ငံ တော်​ကို​ထာ​ဝ​စဉ်​အုပ်​စိုး​ရန်​ရွေး​ချယ်​တော် မူ​၏။ ကိုယ်​တော်​သည်​ခေါင်း​ဆောင်​မှု​ပေး​ရန် အ​တွက်​ယု​ဒ​အ​နွယ်​ကို​ရွေး​ချယ်​တော် မူ​၏။ ယု​ဒ​ပြည်​မှ​ငါ့​အ​ဖ​၏​အိမ်​ထောင်​စု ကို​ရွေး​ချယ်​တော်​မူ​ပေ​သည်။ ထို​အိမ်​ထောင်​စု မှ​ငါ့​အား​ထုတ်​ယူ​၍​ဣ​သ​ရေ​လ​နိုင်​ငံ တစ်​နိုင်​ငံ​လုံး​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 သို့ ရာ တွင် ယု ဒ ကို လည်း ကောင်း၊ ယု ဒ အ နွယ် တွင် ငါ့ အ ဘ အိမ် ထောင် ကို လည်း ကောင်း၊ မင်း အ ဖြစ် ရွေး ကောက် တော် မူ သည် နှင့် အ ညီ ဆွေ မျိုး သား ချင်း ညီ အစ် ကို များ အ နက် ငါ့ ကို မြတ် နိုး၍ အ စဉ် ဣ သ ရေ လ တစ် မျိုး လုံး တွင် ဘု ရင် ဖြစ် စေ ရန် ရွေး ကောက် တော် မူ သော ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အ​ဆွေ​အ​မျိုး​များ​ထဲ​က ငါ့​ကို​ရွေး​ကောက်၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ အ​မြဲ​ချီး​မြှောက်​တော်​မူ၏။ ယု​ဒ​အ​မျိုး​ကို​ရွေး​ကောက်၍ အ​ခြား​သော အ​မျိုး​တို့​ကို အုပ်​စိုး​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ယု​ဒ​အ​မျိုး​တွင် ငါ့​အ​ဘ၏​အိမ်​ထောင်​ကို​လည်း​ကောင်း၊ ငါ့​အ​ဘ၏​သား​တို့​တွင် ငါ့​ကို​လည်း​ကောင်း​နှစ်​သက်၍ ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို စိုး​စံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 28:4
18 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​သည်​လည်း ရှင်ဘုရင်​ရှိ​ရာ ဟေဗြုန်​မြို့​သို့ ရောက်လာ​ကြ​၏​။ ဟေဗြုန်​မြို့​တွင် ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​၌ သူ​တို့​နှင့် ကတိသစ္စာ​ပြု​ပြီးလျှင် သူ​တို့​သည်​လည်း ဒါဝိဒ်​ကို အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ကြ​၏​။


အို ထာဝရဘုရား​၊ ယခုမှာ ကိုယ်တော့်​အစေအပါး​အတွက်​၊ ကိုယ်တော့်​အစေအပါး​၏​အမျိုးအနွယ်​အတွက် ကိုယ်တော်​ထား​တော်မူ​သော​ကတိ​တော်​ကို အစဉ်​တည်​စေ​တော်မူ​ပါ​။ ကတိ​တော်​အတိုင်း​လည်း ပြု​ပေး​တော်မူ​ပါ​။


ကိုယ်တော့်​အစေအပါး​၏​အမျိုးအနွယ်​သည် ရှေ့​တော်​တွင် အစဉ်အမြဲ​တည်နေ​မည့်​အကြောင်း အလို​တော်​ရှိ​၍ ကောင်းချီးပေး​တော်မူ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​ကောင်းချီးပေး​တော်မူ​သဖြင့် အစဉ်အမြဲ​ကောင်းချီးခံစား​ရ​ပါ​လိမ့်မည်”​ဟု တောင်းလျှောက်​လေ​၏​။


ယုဒ​သည် ညီအစ်ကို​တို့​တွင် ခွန်အားကြီး​သော​သူ​ဖြစ်​၍ သူ့​မျိုးနွယ်​ထဲမှ အုပ်ချုပ်သူမင်း​ပေါ်ထွန်း​သော်လည်း ယောသပ်​က​သာ သားဦးအရာ​ကို ရ​၏​။


သို့သော် ငါ့​နာမ​တော်​တည်​ရန် ဂျေရုဆလင်​မြို့​ကို ငါ​ရွေးချယ်​ခဲ့​ပြီ​။ ထိုနည်းတူ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်စိုး​ရန် ဒါဝိဒ်​ကို​လည်း ငါ​ရွေးချယ်​ခဲ့​ပြီ​’​ဟု မိန့်​တော်မူ​ခဲ့​၏​။


ဂိလဒ်​ပြည်​ကို ငါ​ပိုင်​၏​။ မနာရှေ​ပြည်​ကို​လည်း ငါ​ပိုင်​၏​။ ဧဖရိမ်​ပြည်​သည် ငါ​၏​သံခမောက်​ဖြစ်ပြီး ယုဒ​ပြည်​သည် ငါ​၏​ကျိုင်း​တော်​ဖြစ်​၏​။


ကိုယ်တော်​သည် ငါ့​ကို ကျယ်ဝန်း​သော​အရပ်​သို့ ပို့ဆောင်​တော်မူ​၏​။ ငါ့​ကို​နှစ်သက်​တော်မူ​သောကြောင့် ငါ့​ကို​ကယ်မ​တော်မူ​၏​။


ဂိလဒ်​ပြည်​ကို ငါ​ပိုင်​၏​။ မနာရှေ​ပြည်​ကို​လည်း ငါ​ပိုင်​၏​။ ဧဖရိမ်​ပြည်​သည် ငါ​၏​သံခမောက်​ဖြစ်​ပြီး ယုဒ​ပြည်​သည် ငါ​၏​ကျိုင်း​တော်​ဖြစ်​၏​။


ငါ​သည် သင်​၏​အမျိုးအနွယ်​ကို ထာဝရ​မြဲမြံ​စေ​မည်​။ သင်​၏​ပလ္လင်​ကို​လည်း မျိုးဆက်​အစဉ်အဆက် တည်​စေ​မည်”​ဟု မိန့်​တော်မူ​၏​။(​စေလာ)


ငါ​တို့​၏​သခင်​သည် ယုဒ​အနွယ်​မှ​ပေါ်ထွန်း​တော်မူ​ကြောင်း သိသာ​ထင်ရှား​၏။ မောရှေ​သည် ထို​အနွယ်​နှင့်​ပတ်သက်၍ ယဇ်ပုရောဟိတ်​နှင့်​စပ်ဆိုင်​သည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​ပြောဆို​ခဲ့​ပေ။


တစ်ဖန် ထာဝရဘုရား​က ရှမွေလ​အား “​ရှောလု​အဖို့ မည်သည့်​အချိန်​ထိ သင် ငိုကြွေးမြည်တမ်း​နေ​မည်နည်း​။ သူ့​ကို အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ်​မှ ငါ ပယ်​လိုက်​ပြီ​။ သင့်​ဦးချို​ဆီဘူး​ကို ဆီ​ဖြည့်​၍​သွား​လော့​။ ဗက်လင်​မြို့သား ယေရှဲ​ထံသို့ သင့်​ကို ငါ​စေလွှတ်​မည်​။ ငါ့​အဖို့ ရှင်ဘုရင်​တစ်ပါး​ကို သူ​၏​သား​များ​ထဲမှာ ငါ​တွေ့​ထား​ပြီ”​ဟု မိန့်​တော်မူ​၏​။


ဇိဖ​မြို့သား​တို့​သည် ဂိဗာ​မြို့​ရှိ ရှောလု​မင်းကြီး​ထံ​ရောက်လာ​ပြီး “​ဒါဝိဒ်​သည် ယေရှိမုန်​အရှေ့ဘက်​၊ ဟခိလ​တောင်ကုန်း​၌ ပုန်းရှောင်​နေ​သည်​မ​ဟုတ်​ပါ​လော​”​ဟု လျှောက်​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ