ရောမ 8:29 - မြန်မာ့စံမီသမ္မာကျမ်း29 အကြောင်းမူကား ဘုရားသခင်သည် သိထားနှင့်တော်မူသောသူတို့ကို မိမိသားတော်၏ပုံသဏ္ဌာန်နှင့်တူညီစေရန် ကြိုတင်သတ်မှတ်ထားတော်မူ၏။ ဤသည်ကား သားတော်သည် များစွာသောညီအစ်ကိုတို့တွင် သားဦးဖြစ်မည့်အကြောင်းတည်း။ အခန်းကိုကြည့်ပါ။Common Language Bible29 ဘုရားသခင်သည်မိမိရွေးချယ်ထားသူတို့ အား မိမိ၏သားတော်ကဲ့သို့ဖြစ်လာကြစေ ရန်သီးသန့်ထားတော်မူ၏။ ဤသို့ပြုတော်မူ ခြင်းမှာသားတော်အားညီအမြောက်အမြား ထဲတွင်နောင်တော်ကြီးဖြစ်စေရန်ပင်တည်း။- အခန်းကိုကြည့်ပါ။Garrad Bible29 သား တော် ကို ကိုယ့် ညီ အ များ တွင် နောင် တော် ဖြစ် စေ ရန် တင် ရင် သိ မှတ် တော် မူ သူ တို့ ကို သား တော်၏ ပုံ တော် အ လိုက် သ ဏ္ဌာန် တူ စေ ခြင်း ငှါ တင် ရင် စီ မံ ခြင်း၊ အခန်းကိုကြည့်ပါ။Judson Bible29 ဘုရားသခင်၏သားတော်သည် အများသောညီတို့တွင် သားဦးဖြစ်တော်မူမည်အကြောင်း၊ ဘုရားသခင်သည် ရှေ့မဆွကသိတော်မူသော သူတို့ကို သားတော်၏ပုံသဏ္ဌာန်နှင့် တညီတည်းဖြစ်စေခြင်းငှာ ရှေ့မဆွက ခွဲခန့်မှတ်သားတော်မူ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း29 ဘုရားသခင်သည် မိမိလူတို့ကို ကြိုတင်သိတော်မူ၍ ထိုသူတို့ကို မိမိသားတော်ကဲ့သို့ ဖြစ်လာစေရန် ရွေးချယ်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာ ညီအစ်ကိုမောင်နှမများစွာထဲတွင် ခရစ်တော်ကို သားဦးဖြစ်စေရန်ပင် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် မောရှေက ထာဝရဘုရားအား “ကိုယ်တော်က ‘ဤလူတို့ကို ထုတ်ဆောင်လော့’ဟု အကျွန်ုပ်အား မိန့်ဆိုတော်မူခဲ့သော်လည်း အကျွန်ုပ်နှင့်အတူစေလွှတ်တော်မူမည့်သူကို အကျွန်ုပ်အား သိစေတော်မမူပါ။ သို့သော် ကိုယ်တော်က ‘ငါသည် သင့်ကို အမည်နှင့်တကွသိ၏။ ငါသည် သင့်ကို မျက်နှာသာပေးပြီ’ဟု မိန့်တော်မူခဲ့ပါ၏။
ဘုရားသခင်သည် ငါတို့ကိုကယ်တင်တော်မူ၍ သန့်ရှင်းသောခေါ်ယူခြင်းဖြင့် ငါတို့ကိုခေါ်ယူတော်မူသည်မှာ ငါတို့ပြုသောအမှုများကြောင့်မဟုတ်ဘဲ မိမိ၏အကြံအစည်တော်ကြောင့်ဖြစ်ပြီး ရှေးကာလများမတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ငါတို့အားပေးတော်မူသောကျေးဇူးတော်ကြောင့်ဖြစ်၏။
ယေရှုခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ပက်ဖျန်းခြင်းခံရရန်အတွက် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ ခမည်းတော်ဘုရားသခင်၏ကြိုတင်သိမြင်သောဉာဏ်တော်အတိုင်း ရွေးကောက်ခံရသောသူတို့ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။