Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 33:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သူ​၏​နွား​သားဦး​သည် သူ​၏​ဂုဏ်ကျက်သရေ​ဖြစ်​၏​။ သူ​၏​ဦးချို​သည် နွားရိုင်း​ဦးချို​ကဲ့သို့​ဖြစ်​၏​။ သူ​သည် ထို​ဦးချို​ဖြင့် လူမျိုးတကာ​တို့​ကို မြေကြီး​စွန်း​တိုင်အောင် တစ်ချက်တည်း​ဝှေ့​ပစ်​မည်​။ ထို​ဦးချို​များ​သည် သောင်းပေါင်း​များစွာ​သော​ဧဖရိမ်​အမျိုး​၊ ထောင်ပေါင်း​များစွာ​သော​မနာရှေ​အမျိုး ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ယော​သပ်​သည်​နွား​လား​ဥ​သ​ဖ​ကဲ့​သို့​လည်း ကောင်း၊ နွား​ရိုင်း​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း​ခွန်​အား ကြီး​၏။ သူ​၏​ဦး​ချို​များ​သည်​ကား​မ​နာ​ရှေ​အ​နွယ်​ဝင်​နှင့် ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ထောင်​သောင်း​များ​စွာ​တို့ ဖြစ်​သ​တည်း။ သူ​သည်​ထို​ဦး​ချို​များ​ဖြင့်​လူ​အ​မျိုး​မျိုး​တို့​ကို မြေ​ကြီး​အ​စွန်း​သို့​တိုင်​အောင်​ခတ်​ထုတ်​လိမ့်​မည်။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 နွား ပေါက် သ ဖွယ် သား ဦး သည် ဘုန်း အ သ ရေ နှင့် ပြည့် စုံ၍ မြေ ကြီး အ စွန်း ထိ လူ အ မျိုး မျိုး ကို စိုင် ဦး ချို များ ဖြင့် တစ် ပြိုင် နက် ခတ် ဝှေ့ လေ၏။ ထို သူ တို့ သည် ဧ ဖ ရိမ်၏ သောင်း တပ်၊ မ နာ ရှေ၏ ထောင် တပ် များ ဖြစ် ကြ သည် ဟူ၍ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 သူ၏​ဘုန်း​သည် နွား​လား​ဥသ​ဘ​ဘုန်း​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​ဦး​ချို​တို့​သည် ကြံ့​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ထို​ဦး​ချို​တို့​နှင့် လူ​အ​မျိုး​မျိုး​တို့​ကို မြေ​ကြီး​စွန်း​တိုင်​အောင် တစ်​ပြိုင်​နက်​ထိုး​ခတ်​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သား အ​သောင်း​သောင်း၊ မ​နာ​ရှေ​အ​မျိုး​သား အ​ထောင်​ထောင်​ပေ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 33:17
27 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဖခင်​သည်​ငြင်းဆန်​လျက် “​ငါ​သိ​၏ ငါ့​သား​။ ငါ​သိ​၏​။ သူ​သည် လူမျိုး​တစ်​မျိုး​ဖြစ်လာ​မည်​။ ကြီးမြတ်​သော​သူ​လည်း​ဖြစ်လာ​မည်​။ သို့သော် ညီ​သည် အစ်ကို​ထက်​ကြီးမြတ်​၍ ညီ​၏​သားစဉ်မြေးဆက်​သည် လူမျိုး​များစွာ​ဖြစ်လာ​မည်​”​ဟု ဆို​၏​။


ခေနာနာ​၏​သား​ဇေဒကိ​သည် သံ​ဦးချို​များ​ကို​ပြုလုပ်​ပြီး အာဟပ်​မင်းကြီး​အား “ ‘​မင်းကြီး​သည် ဤ​သံ​ဦးချို​များ​ဖြင့် ဆီးရီးယား​လူမျိုး​တို့ ပျက်စီး​ကုန်​သည့်​တိုင်အောင် ဝှေ့ယမ်း​တိုက်ခိုက်​ရ​လိမ့်မည်’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​၏​။


ဒါဝိဒ်​ကို မင်းမြှောက်​ဖို့ရန် မနာရှေ​အမျိုး​တစ်ဝက်​တွင် နာမည်​စာရင်းဝင်​သူ​အယောက်​တစ်သောင်းရှစ်ထောင်​၊


ဣသခါ​အမျိုးသား​တွင် အစ္စရေး​လူ​တို့​ပြု​ရ​မည့်​အမှု​ကို အခြေအနေ​အချိန်အခါ​အလိုက် သိ​နားလည်​သူ အကြီးအမှူး​အယောက်​နှစ်ရာ​နှင့် သူ​တို့​၏​အမိန့်​ကို​နာခံ​သော​ဆွေမျိုး​အားလုံး​၊


အစ္စရေး​၏​သားဦး ရုဗင်​၏​သား​များ​မှာ ဤသို့​ဖြစ်​၏​။ ရုဗင်​သည် သားဦး​ဖြစ်​သော်လည်း မိမိ​ဖခင်​၏​အိပ်ရာ​ကို​ညစ်ညူး​စေ​သောကြောင့် သူ​၏​သားဦးအရာ​ကို အစ္စရေး​၏​မြေး​၊ ယောသပ်​၏​သား​တို့ ရ​သွား​၏​။ ဤသို့ဖြင့် သူ​သည် မျိုးရိုးစဉ်ဆက်​စာရင်း​တွင် သားဦးအရာ​၌ စာရင်း​မ​ဝင်​တော့​ပေ​။


ယုဒ​သည် ညီအစ်ကို​တို့​တွင် ခွန်အားကြီး​သော​သူ​ဖြစ်​၍ သူ့​မျိုးနွယ်​ထဲမှ အုပ်ချုပ်သူမင်း​ပေါ်ထွန်း​သော်လည်း ယောသပ်​က​သာ သားဦးအရာ​ကို ရ​၏​။


မနာရှေ​အမျိုး​တစ်ဝက်​တို့​သည် လူဦးရေ​များပြား​သဖြင့် ဗာလဟေရမုန်​အရပ်​၊ စနိရ​တောင်​မှ ဟေရမုန်​တောင်​အထိ ဗာရှန်​ပြည်​တစ်လျှောက်လုံး​တွင် နေထိုင်​ကြ​၏​။


ခေနာနာ​၏​သား​ဇေဒကိ​သည် သံ​ဦးချို​များ​ကို ပြုလုပ်​ပြီး အာဟပ်​မင်းကြီး​အား “ ‘​မင်းကြီး​သည် ဤ​သံ​ဦးချို​များ​ဖြင့် ဆီးရီးယား​လူမျိုး​တို့ ပျက်စီး​ကုန်​သည့်​တိုင်အောင် ဝှေ့ယမ်း​တိုက်ခိုက်​ရ​လိမ့်မည်​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​၏​။


အကျွန်ုပ်​ကို ခြင်္သေ့​၏​ခံတွင်း​မှ​လည်းကောင်း​၊ နွားရိုင်း​တို့​၏​ဦးချို​မှ​လည်းကောင်း ကယ်တင်​တော်မူ​ပါ​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​ပြီ​။


ကိုယ်တော်​သည် လက်ဘနွန်​ကို နွားသငယ်​ကဲ့သို့​လည်းကောင်း​၊ စိရုန်​ကို နွားရိုင်းကလေး​ကဲ့သို့​လည်းကောင်း ခုန်ပေါက်​စေ​တော်မူ​၏​။


အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​အား ရန်ဖက်ပြု​သော​သူ​တို့​ကို ကိုယ်တော်​အားဖြင့် တွန်းလှန်​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​တစ်ဖက်​၌​ထကြွ​သော​သူ​တို့​ကို ကိုယ်တော်​၏​နာမ​တော်​အားဖြင့် နင်းချေ​ကြ​ပါ​၏​။


ဂိလဒ်​ပြည်​ကို ငါ​ပိုင်​၏​။ မနာရှေ​ပြည်​ကို​လည်း ငါ​ပိုင်​၏​။ ဧဖရိမ်​ပြည်​သည် ငါ​၏​သံခမောက်​ဖြစ်​ပြီး ယုဒ​ပြည်​သည် ငါ​၏​ကျိုင်း​တော်​ဖြစ်​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​၏​ဦးချို​ကို နွားရိုင်း​ဦးချို​ကဲ့သို့​ချီးမြှောက်​၍ သန့်စင်​ကောင်းမွန်​သော​ဆီ​ဖြင့် အကျွန်ုပ်​ကို ဘိသိက်ပေး​တော်မူ​၏​။


နွားရိုင်း​တို့​သည် ပြည်သား​တို့​နှင့်အတူ​၊ နွားထီးပျို​တို့​သည် နွားလား​တို့​နှင့်အတူ လဲကျ​ကြ​လိမ့်မည်​။ သူ​တို့​၏​မြေ​သည် သွေး​နှင့်​ဝ​၍ သူ​တို့​၏​မြေမှုန့်​သည် အဆီ​နှင့်​အီ​လိမ့်မည်​။


သင်​တို့​သည် အားနည်း​သော​သိုး​တို့​ကို နံစောင်း​၊ ပခုံး​တို့​ဖြင့် တွန်းထုတ်​သည်​သာမက အဝေး​သို့​လွင့်ထွက်​သွား​သည့်​တိုင်အောင် ချို​ဖြင့်​ဝှေ့​သောကြောင့်


ထို​သိုးထီး​သည် အနောက်ဘက်​၊ မြောက်ဘက်​၊ တောင်ဘက်​တို့​သို့ လိုက်ဝှေ့​နေ​သောကြောင့် မည်သည့်​တိရစ္ဆာန်​မျှ မ​ခံနိုင်​။ မည်သူ​မျှ တိရစ္ဆာန်​တို့​ကို သူ့​လက်​မှ​မ​ကယ်နုတ်​နိုင်​။ ထို​သိုးထီး​သည် မိမိ​အလို​အတိုင်း​ပြု​လျက်​၊ မာန်ထောင်​လျက်​ရှိ​သည်​ကို ငါ​မြင်​ရ​၏​။


ဧဖရိမ်​ကို ငါ​သိ​၏​။ အစ္စရေး​သည်​လည်း ငါ့​ကို​ပုန်းရှောင်​၍ မ​ရ​။ အို ဧဖရိမ်​၊ သင်​သည် ဖောက်ပြန်မှားယွင်း​လေ​ပြီ​။ အစ္စရေး​သည် ညစ်ညူး​လေ​ပြီ​။


“အို ဧဖရိမ်​၊ သင့်​ကို ငါ​မည်သို့​ပြု​ရ​မည်နည်း​။ အို ယုဒ​၊ သင့်​ကို ငါ​မည်သို့​ပြု​ရ​မည်နည်း​။ သင်​တို့​၏​မေတ္တာ​သည် နံနက်အချိန်​၌​ကျ​သော​မြူခိုး​ကဲ့သို့​၊ စောစော​ပြယ်လွင့်​သွား​သော​နှင်း​ကဲ့သို့ ဖြစ်​ပါ​သည်​တကား​။


ငါ​သည် အစ္စရေး​ကို ကုသ​ပေး​သောအခါ ဧဖရိမ်​၏​အပြစ်​နှင့် ရှမာရိ​၏​မကောင်းမှု​တို့ ပေါ်လာ​ပြန်​၏​။ အကယ်စင်စစ် သူ​တို့​သည် လိမ်လည်လှည့်စား​ခြင်း​အမှု​ကို ပြု​ကြ​၏​။ မြို့တွင်း​၌ သူခိုး​များ ဖောက်ထွင်း​ကြ​၏​။ မြို့ပြင်​၌ ဓားပြ​များ လုယက်တိုက်ခိုက်​ကြ​၏​။


ဘုရားသခင်​သည် နွားရိုင်း​၏​ခွန်အား​ကဲ့သို့ သူ​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​၏​။


ဘုရားသခင်​သည် နွားရိုင်း​၏​ခွန်အား​ကဲ့သို့ သူ့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​၏​။ သူ​သည် သူ့​အား ရန်ဖက်​ပြု​သော​လူမျိုး​တို့​ကို ဝါးမျို​၍ သူ​တို့​၏​အရိုး​ကို ချိုး​လိမ့်မည်​။ မြား​ဖြင့် ချေမှုန်း​လိမ့်မည်​။


ဤသည်ကား မနာရှေ​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ ငါးသောင်း​နှစ်ထောင့်​ခုနစ်​ရာ​ရှိ​၏​။


ဤသည်ကား ဧဖရိမ်​အမျိုးအနွယ်​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ သုံးသောင်း​နှစ်ထောင့်​ငါး​ရာ​ရှိ​၏​။ ဤသည်ကား မျိုးနွယ်စု​အလိုက် ယောသပ်​၏​အမျိုးအနွယ် တို့​ဖြစ်​ကြ​၏​။


တစ်နေ့တွင် ယောသပ်​အမျိုးသား​တို့​က ယောရှု​အား “​အဘယ်ကြောင့် အကျွန်ုပ်​တို့​အား ဝေစု​တစ်စုတည်း​ကို​သာ မဲချ​ခွဲဝေ​ပေး​သနည်း​။ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​ကို ကောင်းချီးပေး​တော်မူ​သဖြင့် ယခု အကျွန်ုပ်​တို့​၏​လူ​ဦးရေ​တိုးပွား​နေ​ပြီ​”​ဟု လျှောက်ဆို​လေ​၏​။


တောင်ပေါ်ဒေသ​ကို​လည်း သင်​တို့​အပိုင်​ဖြစ်စေ​မည်​။ ထို​ဒေသ​သည် တော​ဖြစ်​သောကြောင့် သင်​တို့​ခုတ်ထွင်​ရှင်းလင်း​ရ​မည်​။ သင်​တို့​ခုတ်ထွင်​နိုင်သမျှ သင်​တို့​အပိုင်​ဖြစ်​မည်​။ ခါနာန်​လူမျိုး​တို့​သည် သံ​ရထား​များ​ပိုင်ဆိုင်​ပြီး အင်အားကြီး​သော်လည်း သူ​တို့​ကို သင်​တို့​နှင်ထုတ်​နိုင်​လိမ့်မည်​”​ဟု ပြန်ပြော​၏​။


ထို့နောက် ဟန္န​က “​အကျွန်ုပ်​၏​စိတ်နှလုံး​သည် ထာဝရဘုရား​၌ ရွှင်လန်း​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​၏​ဦးချို​ကို ချီးမြှောက်​တော်မူ​ပါ​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​သည် ဝမ်းမြောက်​လျက် ရန်သူ​တို့​ကို အားရ​စွာ​ချေပပြောဆို​နိုင်​ပါ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ