ထိုအခါ ယုဒသည် သူ့ထံသို့ချဉ်းကပ်၍ “အို၊ အကျွန်ုပ်သခင်၊ သခင်သည် ဖာရောမင်းကြီးကဲ့သို့ဖြစ်ပါ၏။ သခင့်အစေအပါးသည် သခင့်အား စကားတစ်ခွန်းလျှောက်ပါရစေ။ သခင့်အစေအပါးအပေါ် အမျက်မထွက်ပါနှင့်။
၁ ရာ 26:19 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သခင့်အစေအပါး၏စကားကို ယခု နားထောင်ပါလော့။ အကယ်၍ အကျွန်ုပ်ကို တိုက်ခိုက်ရန် အရှင်မင်းကြီးကို ထာဝရဘုရား နှိုးဆော်သည်မှန်လျှင် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူပါစေသော။ ထိုသို့မဟုတ်ဘဲ လူတို့၏နှိုးဆော်ခြင်းဖြစ်လျှင် သူတို့သည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေသော။ အကြောင်းမူကား သူတို့က ‘အခြားဘုရားအများကို သွားဝတ်ပြုပါ’ဟု ဆိုပြီး အကျွန်ုပ်ကို ထာဝရဘုရား၏အမွေစားအမွေခံအဖြစ်မှ နှင်ထုတ်ကြပါပြီ။ Common Language Bible အရှင်မင်းကြီး၊ အကျွန်ုပ်လျှောက်ထားသည်ကို နားညောင်းတော်မူပါ။ အရှင့်အားအကျွန်ုပ်နှင့် ရန်သူဖြစ်အောင်ပြုသူသည် ထာဝရဘုရား ဖြစ်ခဲ့သော်အမျက်တော်ပြေစေရန်ပူဇော် သကာကိုဆက်သနိုင်ပါသည်။ အကယ်၍ ယင်းသို့ရန်သူဖြစ်အောင်ပြုသောသူတို့မှာ လူသားများဖြစ်ပါမူ သူတို့သည်ထာဝရ ဘုရား၏ကျိန်စာသင့်ကြပါစေသတည်း။ ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားပေးတော်မူသောနယ်မြေမှ လူမျိုး ခြားတို့၏ဘုရားများကိုသာကိုးကွယ် နိုင်သောနယ်မြေသို့အကျွန်ုပ်အားသူတို့ နှင်ထုတ်ကြပါ၏။- Garrad Bible အို အ ရှင် မင်း မြတ် ကျွန် တော် မျိုး၏ အ သ နား တော် ခံ ချက် ကို နား စိုက် တော် မူ ပါ။ ကျွန် တော့် တစ် ဘက်၌ အ ရှင် ကို ထာ ဝ ရ ဘု ရား နှိုး ဆော် တော် မူ သည် မှန် ပါ လျှင် ပူ ဇော် ခြင်း ရ နံ့ ကို ခံ တော် မူ ပါ စေ သော။ လူ တို့ နှိုး ဆော် လျှင် မူ ကား၊ အ ခြား ဘု ရား များ ကို ဝတ် ပြု ရန် ထွက် သွား လော့ ဟု ဆို လျက် ထာ ဝ ရ ဘု ရား ပိုင် ရာ တော် အ တွင်း ခြေ မ နင်း နိုင် အောင် ယ နေ့ ပင် ကျွန် တော် ကို နှင် ထုတ် ကြ သော ကြောင့် ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် အ မင်္ဂ လာ ရ ရှိ ကြ ပါ စေ သော။ Judson Bible ယခုမှာ ကျွန်တော်သခင်ရှင်ဘုရင်၊ ကိုယ်တော်ကျွန်စကားကို နားညောင်းတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်ကို ကျွန်တော်တစ်ဖက်၌ နှိုးဆော်တော်မူသည် မှန်လျှင်၊ ယဇ်ပူဇော်ခြင်းကိုလက်ခံတော်မူပါစေသော။ သို့မဟုတ် လူသားတို့ နှိုးဆော်သည်မှန်လျှင်၊ ထာဝရဘုရားရှေ့တော်၌ ကျိန်ခြင်းကို ခံကြပါစေသော။ အကြောင်းမူကား၊ သူတို့က သွားတော့။ အခြားတစ်ပါးသော ဘုရားတို့ကိုဝတ်ပြုတော့ဟု ဆိုလျက် ကျွန်တော်ကို ထာဝရဘုရား၏အမွေတော်မြေ၌ မနေစေခြင်းငှာ ယနေ့ပင် နှင်ထုတ်ကြပါသည်တကား။ |
ထိုအခါ ယုဒသည် သူ့ထံသို့ချဉ်းကပ်၍ “အို၊ အကျွန်ုပ်သခင်၊ သခင်သည် ဖာရောမင်းကြီးကဲ့သို့ဖြစ်ပါ၏။ သခင့်အစေအပါးသည် သခင့်အား စကားတစ်ခွန်းလျှောက်ပါရစေ။ သခင့်အစေအပါးအပေါ် အမျက်မထွက်ပါနှင့်။
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။
ရှင်ဘုရင်သည် ငါ့စကားကိုနားထောင်ပြီး သူ၏ကျွန်မဖြစ်သောငါနှင့် ငါ့သားကို ဘုရားသခင်၏အမွေတော်အဖြစ်မှ ဖျက်ဆီးမည့်သူ၏လက်မှ ကယ်နုတ်ကောင်းကယ်နုတ်လိမ့်မည်’ဟု တွေးမိ၍ လျှောက်တင်ရခြင်းဖြစ်ပါ၏။
သို့သော် ရှင်ဘုရင်က “ဇေရုယာသားတို့၊ သင်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ ထာဝရဘုရားက သူ့အား ‘ဒါဝိဒ်ကို ကျိန်ဆဲလော့’ဟု အခွင့်ပြုလျှင် သူကျိန်ဆဲသည်ကို ‘သင် အဘယ်ကြောင့် ကျိန်ဆဲသနည်း’ဟု သူ့ကို မည်သူပြောခွင့်ရှိမည်နည်း”ဟု မိန့်ဆို၏။
ထို့နောက် ဒါဝိဒ်မင်းကြီးက အဘိရှဲအပါအဝင် မင်းမှုထမ်းအပေါင်းတို့အား “ကြည့်ပါ။ ငါ့သွေးသားရင်းဖြစ်သော ငါ့သားပင်လျှင် ငါ့ကို သတ်ဖို့ရှာကြံ၏။ ဤဗင်္ယာမိန်အမျိုးကား ထိုထက်မက ပြုခွင့်ရှိ၏။ ထာဝရဘုရားသည် သူ့ကို အခွင့်ပေးထားပြီဖြစ်၍ သူကျိန်ဆဲပါစေ။ သူ့ကို မဆီးတားကြနှင့်။
အကျွန်ုပ်သည် ငြိမ်းချမ်းစွာနေလိုသော၊ သစ္စာရှိသောအစ္စရေးလူမျိုးတစ်ဦး ဖြစ်ပါ၏။ အရှင်သည် အစ္စရေးလူမျိုးတို့၏မိခင်မြို့ကို အဘယ်ကြောင့်ဖျက်ဆီးရန်ကြိုးစားနေသနည်း။ အဘယ်ကြောင့် ထာဝရဘုရား၏အမွေတော်ကို ဝါးမျိုလိုသနည်း”ဟု ဆို၏။
ဒါဝိဒ်မင်းကြီးက ဂိဗောင်မြို့သားတို့အား “ယခု သင်တို့အဖို့ ငါ မည်သို့ပြုပေးရမည်နည်း။ ထာဝရဘုရား၏အမွေတော်ကို သင်တို့ကောင်းချီးပေးကြဖို့ ငါ မည်သို့အပြစ်ဖြေရမည်နည်း”ဟု မေးလျှင်
တစ်ဖန် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်တော်မူ၍ ဒါဝိဒ်မင်းကြီး၏စိတ်ကိုနှိုးဆော်သဖြင့် ဒါဝိဒ်မင်းကြီးက လူတို့အား “အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့ကို သွား၍စာရင်းယူလော့”ဟု ဆို၏။
ထိုဝိညာဉ်ကလည်း ‘အကျွန်ုပ်သွား၍ ပရောဖက်အပေါင်းတို့၏နှုတ်၌ မုသားမြွက်ဆိုသောဝိညာဉ်ဖြစ်မည်’ဟု လျှောက်တင်၏။ ထာဝရဘုရားကလည်း ‘သင်ဖြားယောင်းနိုင်လိမ့်မည်။ အောင်လည်းအောင်မြင်လိမ့်မည်။ သွား၍ ထိုသို့ပြုလော့’ဟု မိန့်တော်မူ၏။
တစ်ဖန် စာတန်သည် အစ္စရေးလူမျိုးတို့ကို ဆန့်ကျင်လို၍ အစ္စရေးလူမျိုးတို့၏အရေအတွက်ကို စာရင်းကောက်ယူရန် ဒါဝိဒ်မင်းကြီး၏စိတ်ကို နှိုးဆော်၏။
ငါသည် မေရှက်ပြည်၌တည်းခိုပြီး ကေဒါအမျိုးသားတို့၏တဲများတွင်နေရသောကြောင့် အမင်္ဂလာရှိ၏။
ကိုယ်တော်သည် သင်၏စိတ်အလိုဆန္ဒကို ဖြည့်ဆည်းပေး၍ သင်၏အကြံဉာဏ်ရှိသမျှတို့ကို ပြည့်စုံစေတော်မူပါစေသော။
အစေအပါးအကြောင်းကို သူ့သခင်ထံ မတရားစွပ်စွဲပြောဆိုခြင်းမပြုနှင့်။ ထိုသို့ပြုလျှင် ထိုအစေအပါးသည် သင့်ကိုကျိန်ဆဲ၍ သင်၌အပြစ်သင့်ရောက်လိမ့်မည်။
သင်သည် မြင်၍ ဝမ်းသာပီတိဖြစ်မည်။ ဝမ်းမြောက်ဝမ်းသာဖြစ်၍ စိတ်လှုပ်ရှားမည်။ အကြောင်းမူကား ပင်လယ်၏စည်းစိမ်ဘဏ္ဍာသည် သင့်ထံသို့လှည့်လာ၍ လူမျိုးတကာတို့၏ဥစ္စာပစ္စည်းသည် သင့်ထံသို့ရောက်လာမည်။
ငါသည် သင်တို့၏မြို့များကို ပြိုပျက်စေ၍ သင်တို့၏သန့်ရှင်းရာဌာနကို လူသူကင်းမဲ့စေမည်။ သင်တို့၏မွှေးကြိုင်သောရနံ့ကိုလည်း ငါခံယူမည်မဟုတ်။
အစ္စရေးအမျိုးသားတို့တွင် အမွေကို အမျိုးအနွယ်တစ်နွယ်မှ တစ်နွယ်သို့ မပြောင်းရ။ အစ္စရေးအမျိုးသားအသီးသီးတို့သည် မိမိဘိုးဘေးတို့အမျိုးအနွယ်၏အမွေကိုထိန်းသိမ်းရမည်။
အမွေကို အမျိုးအနွယ်တစ်နွယ်မှ အခြားတစ်နွယ်သို့ မပြောင်းရ။ အစ္စရေးအမျိုးသားတို့၏အမျိုးအနွယ်တို့သည် မိမိ၏အမွေကို အသီးသီး ထိန်းသိမ်းရမည်”ဟု မိန့်မှာလေ၏။
အစားအစာကြောင့် သင်၏ညီအစ်ကိုကို ဝမ်းနည်းစေလျှင် သင်သည် မေတ္တာဖြင့် အသက်ရှင်လျှောက်လှမ်းသည်မဟုတ်တော့ပေ။ ခရစ်တော်က ကိုယ်စားအသေခံပေးတော်မူသော သင့်ညီအစ်ကိုကို သင်၏အစားအစာကြောင့် မပျက်စီးစေနှင့်။
သင်တို့ကို မွှေနှောက်ရှုပ်ထွေးစေသောသူတို့သည် မိမိတို့ကိုယ်ကိုပင် သင်းကွပ်လိုက်လျှင် ကောင်းလိမ့်မည်။
ထိုပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖတ်တတ်သူဖြစ်စေ သူ၏စကားတို့ကို နားမထောင်နှင့်။ အကြောင်းမှာ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ချစ်သည်၊ မချစ်သည်ကိုသိရှိတော်မူရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို စမ်းသပ်တော်မူ၏။
ကြေးပန်းတိမ်ဆရာ အလက်ဇန္ဒြားသည် ငါ့ကိုအလွန်ဒုက္ခပေးခဲ့၏။ သခင်ဘုရားသည် သူပြုသောအမှုအတိုင်း သူ့အားပေးဆပ်တော်မူလိမ့်မည်။
နောက်တစ်နေ့တွင် ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးသည် ရှောလုမင်းကြီးကို ဝင်ပူးသဖြင့် သူသည် နန်းတော်အလယ်တွင် အော်ဟစ်ရေရွတ်နေ၍ ဒါဝိဒ်သည် ယခင်နေ့များကဲ့သို့ပင် စောင်းတီးပေး၏။ ရှောလုမင်းကြီးသည် လှံကိုလည်း ကိုင်ထား၏။
ဒါဝိဒ်က ရှောလုမင်းကြီးအား “ ‘ဒါဝိဒ်သည် အရှင်မင်းကြီးကို မကောင်းကြံနေပါသည်’ဟု လူတို့ပြောသောစကားအား အဘယ်ကြောင့် နားယောင်ရပါသနည်း။
အဘိဂဲလသည် ဒါဝိဒ်ခြေရင်းတွင် ပျပ်ဝပ်လျက် “အကျွန်ုပ်၏သခင်၊ အကျွန်ုပ်ကိုသာ အပြစ်ပေးပါ။ ယခု သခင့်ကျွန်မလျှောက်တင်ပါရစေ။ သခင့်ကျွန်မ၏စကားကို နားထောင်ပေးပါ။
ဒါဝိဒ်သည် စိတ်ထဲတွင် “တစ်နေ့မဟုတ် တစ်နေ့ ရှောလုမင်းကြီးလက်ဖြင့် ငါသေရလိမ့်မည်။ ဖိလိတ္တိပြည်သို့ထွက်ပြေးတိမ်းရှောင်သွားခြင်းထက် ငါ့အတွက် ကောင်းသောနည်းလမ်းမရှိ။ သို့မှ ရှောလုမင်းကြီးသည် ငါ့ကို အစ္စရေးနယ်မြေတွင် ရှာဖွေခြင်းမှ လက်လျှော့ပြီး သူ့လက်မှ လွတ်မြောက်ရလိမ့်မည်”ဟု တွေးမိသဖြင့်