သုတ္တံကျမ်း။ 30:10 - မြန်မာ့စံမီသမ္မာကျမ်း10 အစေအပါးအကြောင်းကို သူ့သခင်ထံ မတရားစွပ်စွဲပြောဆိုခြင်းမပြုနှင့်။ ထိုသို့ပြုလျှင် ထိုအစေအပါးသည် သင့်ကိုကျိန်ဆဲ၍ သင်၌အပြစ်သင့်ရောက်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible10 ကျွန်၏ အကျိုးကိုဖျက်ခြင်းငှါ သူ၏သခင်ကို မပြောနှင့်။ ပြောလျှင်ကျွန်သည် သင့်ကိုကျိန်ဆဲ၍၊ သင်၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 ကျွန် အ ကြောင်း ကို၊ သ ခင့် ထံ ကုန်း ချော ခြင်း မ ပြု နှင့်။ ပြု လျှင်၊ ထို သူ သည် ကျိန် ဆဲ၍၊ သင်၌ အ ပြစ် သင့် လိမ့် မည် ဟု စိုး ရိမ် ရန် ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible10 ကျွန်၏အကျိုးကို ဖျက်ခြင်းငှာ သူ၏သခင်ကို မပြောနှင့်။ ပြောလျှင်ကျွန်သည် သင့်ကိုကျိန်ဆဲ၍၊ သင်၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်သည် ဒံယေလအား စွပ်စွဲခဲ့သောသူတို့ကို ခေါ်ဆောင်လာစေ၍ ခြင်္သေ့တွင်းထဲသို့ ပစ်ချရန် အမိန့်ပေးလေ၏။ ထိုသူတို့ကို သားသမီး၊ ဇနီးများနှင့်တကွ ခြင်္သေ့တွင်းထဲသို့ပစ်ချလိုက်ရာ တွင်းအောက်ခြေမရောက်မီပင် ခြင်္သေ့တို့သည် သူတို့ကို ခုန်အုပ်၍အရိုးပါမကျန် ချိုးဖဲ့ကိုက်စားကြလေ၏။
အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သခင့်အစေအပါး၏စကားကို ယခု နားထောင်ပါလော့။ အကယ်၍ အကျွန်ုပ်ကို တိုက်ခိုက်ရန် အရှင်မင်းကြီးကို ထာဝရဘုရား နှိုးဆော်သည်မှန်လျှင် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူပါစေသော။ ထိုသို့မဟုတ်ဘဲ လူတို့၏နှိုးဆော်ခြင်းဖြစ်လျှင် သူတို့သည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေသော။ အကြောင်းမူကား သူတို့က ‘အခြားဘုရားအများကို သွားဝတ်ပြုပါ’ဟု ဆိုပြီး အကျွန်ုပ်ကို ထာဝရဘုရား၏အမွေစားအမွေခံအဖြစ်မှ နှင်ထုတ်ကြပါပြီ။
သင်သည် ‘အကြွေးလျှော်ပစ်ခြင်းနှစ်ဖြစ်သော ခုနစ်နှစ်မြောက်သောနှစ်ရောက်လုနီးပြီ’ဟု တွေးလျက် နွမ်းပါးသော သင်၏ညီအစ်ကိုအား မကြည်ဖြူ၊ ဘာမျှမပေးဘဲနေခြင်းဖြင့် ဆိုးညစ်သောစိတ် မဝင်မိစေရန်သတိပြုလော့။ သို့မဟုတ်လျှင် သူသည် ထာဝရဘုရားထံဟစ်အော်သဖြင့် သင့်အပေါ်အပြစ်သက်ရောက်မည်။
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။