၂ ရာ 16:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထို့နောက် ဒါဝိဒ်မင်းကြီးက အဘိရှဲအပါအဝင် မင်းမှုထမ်းအပေါင်းတို့အား “ကြည့်ပါ။ ငါ့သွေးသားရင်းဖြစ်သော ငါ့သားပင်လျှင် ငါ့ကို သတ်ဖို့ရှာကြံ၏။ ဤဗင်္ယာမိန်အမျိုးကား ထိုထက်မက ပြုခွင့်ရှိ၏။ ထာဝရဘုရားသည် သူ့ကို အခွင့်ပေးထားပြီဖြစ်၍ သူကျိန်ဆဲပါစေ။ သူ့ကို မဆီးတားကြနှင့်။ အခန်းကိုကြည့်ပါ။Common Language Bible11 ထိုနောက်ဒါဝိဒ်သည်အဘိရှဲနှင့်မှူးမတ် အပေါင်းတို့အား``ငါ၏သားရင်းကပင်လျှင် ငါ့ကိုသေကြောင်းကြံလျက်နေသည်ဖြစ်ရာ ဤဗင်္ယာမိန်အနွယ်ဝင်ပြုသည့်အမှုမှာ အံ့သြလောက်ပါသလော။ သူပြုလိုရာ ပြုပါစေ။ ကျိန်ဆဲပါလေစေ။ ထာဝရ ဘုရားစေခိုင်းတော်မူသဖြင့်သူသည် ဤသို့ပြုလုပ်ရခြင်းဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible11 ကိုယ့် ရင် သွေး ဖြစ် သော သား တော် ပင် ငါ့ အ သက် အ န္တ ရာယ် ကို ရှာ ကြံ လေ စွ။ ဗင်္ယာ မိန့် အ နွယ် ထို သူ သည် သာ ၍ ဆဲ ဆို မည် မ ဟုတ် လော။ ရှိ စေ တော့။ ဆဲ ဆို ပါ စေ။ ထာ ဝ ရ ဘု ရား ခိုင်း တော် မူ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible11 ကြည့်ပါ။ ငါ့ကိုယ်ထဲကထွက်သော ငါ့သားရင်းသည် ငါ့အသက်ကိုရှာ၏။ ထိုဗင်္ယာမိန်အမျိုးသားသည် ထိုမျှမက အခွင့်ရှိလိမ့်မည်။ သူ့ကို ရှိပါလေစေ။ ကျိန်ဆဲပါလေစေ။ ထာဝရဘုရား မှာထားတော်မူပြီ။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ထာဝရဘုရားသည် ကောင်းကင်တမန်ကိုစေလွှတ်၍ အဆီးရီးယားဘုရင်၏တပ်စခန်းရှိ စစ်သူရဲများ၊ တပ်မှူးများ၊ စစ်သူကြီးများ အားလုံးကို သုတ်သင်ပစ်လေ၏။ ထို့ကြောင့် အဆီးရီးယားဘုရင်သည် မိမိပြည်သို့ အရှက်ရသောမျက်နှာနှင့် ပြန်ဆုတ်သွားပြီး မိမိဘုရားဝတ်ကျောင်းသို့ဝင်သွားလျှင် သားတော်အရင်းတို့ကပင် သူ့ကို ဓားဖြင့်ကွပ်မျက်ပစ်ကြလေ၏။
အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သခင့်အစေအပါး၏စကားကို ယခု နားထောင်ပါလော့။ အကယ်၍ အကျွန်ုပ်ကို တိုက်ခိုက်ရန် အရှင်မင်းကြီးကို ထာဝရဘုရား နှိုးဆော်သည်မှန်လျှင် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူပါစေသော။ ထိုသို့မဟုတ်ဘဲ လူတို့၏နှိုးဆော်ခြင်းဖြစ်လျှင် သူတို့သည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေသော။ အကြောင်းမူကား သူတို့က ‘အခြားဘုရားအများကို သွားဝတ်ပြုပါ’ဟု ဆိုပြီး အကျွန်ုပ်ကို ထာဝရဘုရား၏အမွေစားအမွေခံအဖြစ်မှ နှင်ထုတ်ကြပါပြီ။