ဟေရှာယ 60:5 - မြန်မာ့စံမီသမ္မာကျမ်း5 သင်သည် မြင်၍ ဝမ်းသာပီတိဖြစ်မည်။ ဝမ်းမြောက်ဝမ်းသာဖြစ်၍ စိတ်လှုပ်ရှားမည်။ အကြောင်းမူကား ပင်လယ်၏စည်းစိမ်ဘဏ္ဍာသည် သင့်ထံသို့လှည့်လာ၍ လူမျိုးတကာတို့၏ဥစ္စာပစ္စည်းသည် သင့်ထံသို့ရောက်လာမည်။ အခန်းကိုကြည့်ပါ။Common Language Bible5 သင်သည်ဤအမှုအရာကိုမြင်၍ရွှင်လန်း ဝမ်းမြောက်ရလိမ့်မည်။ စိတ်နှလုံးထိခိုက်တုန်လှုပ်လာလိမ့်မည်။ လူမျိုးတကာတို့သည်မိမိတို့၏စည်းစိမ် ချမ်းသာများကို သင်၏ထံသို့ယူဆောင်လာကြလိမ့်မည်။ သူတို့၏ပစ္စည်းဥစ္စာများသည်ပင်လယ်ရပ်ခြား မှ ရောက်ရှိလာလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible5 သ မု ဒ္ဒ ရာ၌ ကြွယ် ဝ ပြည့် စုံ သ မျှ သည် သင့် ထံ လှည့် ဝင်၍၊ လူ မျိုး ခြား တို့၏ စည်း စိမ် လည်း ရောက် လာ သည် ကို၊ သင် မြင် ရ သည့် အ လျောက်၊ ကြည် ကြည် ရွှင် ရွှင် ရှိ လျက်၊ နှ လုံး တုန် လှုပ် ဝမ်း မြောက် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible5 ထိုအခါ သင်သည် ကြောက်ရွံ့ခြင်းနှင့် ရွှင်လန်းခြင်းရှိလိမ့်မည်။ နှလုံးတုန်လှုပ်၍ ဝမ်းမြောက်လိမ့်မည်။ အကြောင်းမူကား၊ သမုဒ္ဒရာ၏ကြွယ်ဝခြင်းသည် သင့်ဘက်သို့ ပြောင်းလဲ၍၊ တစ်ပါးအမျိုးသားတို့၏စည်းစိမ်သည် သင့်လက်သို့ရောက်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဤမြို့သည် ငါ့အဖို့ ဝမ်းမြောက်စရာ၊ ချီးမွမ်းစရာ၊ ဂုဏ်ပြုစရာ ဖြစ်လိမ့်မည်။ ဤမြို့အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာတို့ကို ကမ္ဘာမြေပေါ်ရှိ လူမျိုးအပေါင်းတို့ကြားသိကြလိမ့်မည်။ ဤမြို့ကို ကောင်းကျိုးချမ်းသာအတိ၊ ငြိမ်သက်ခြင်းအတိရှိစေသည်ကို သူတို့ အံ့ဩတုန်လှုပ်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။