တောလည် 36:9 - မြန်မာ့စံမီသမ္မာကျမ်း9 အမွေကို အမျိုးအနွယ်တစ်နွယ်မှ အခြားတစ်နွယ်သို့ မပြောင်းရ။ အစ္စရေးအမျိုးသားတို့၏အမျိုးအနွယ်တို့သည် မိမိ၏အမွေကို အသီးသီး ထိန်းသိမ်းရမည်”ဟု မိန့်မှာလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible9 မြေသည်တစ်နွယ်လက်မှအခြားတစ်နွယ် လက်သို့ကူးပြောင်းနိုင်လိမ့်မည်မဟုတ်။ အနွယ် တိုင်းကမိမိပိုင်မြေကိုဆက်လက်ပိုင်ဆိုင် လိမ့်မည်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible9 သို့ နှင့် အ ညီ တစ် နွယ် မှ တစ် နွယ် သို့ ပိုင် စု မ လွှဲ မ ပြောင်း ရ။ ဣ သ ရေ လ အ နွယ် အ သီး အ သီး တို့ သည် ကိုယ့် ပိုင် စု ကို လက် မ လွှတ် ကြ ရ ကြောင်း မိန့် တော် မူ သည် ဟု ဆင့် ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible9 အမွေမြေသည် တစ်မျိုးမှတစ်မျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေမြေ၌နေရကြမည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သခင့်အစေအပါး၏စကားကို ယခု နားထောင်ပါလော့။ အကယ်၍ အကျွန်ုပ်ကို တိုက်ခိုက်ရန် အရှင်မင်းကြီးကို ထာဝရဘုရား နှိုးဆော်သည်မှန်လျှင် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူပါစေသော။ ထိုသို့မဟုတ်ဘဲ လူတို့၏နှိုးဆော်ခြင်းဖြစ်လျှင် သူတို့သည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေသော။ အကြောင်းမူကား သူတို့က ‘အခြားဘုရားအများကို သွားဝတ်ပြုပါ’ဟု ဆိုပြီး အကျွန်ုပ်ကို ထာဝရဘုရား၏အမွေစားအမွေခံအဖြစ်မှ နှင်ထုတ်ကြပါပြီ။