ကမ္ဘာဦး 8:21 - မြန်မာ့စံမီသမ္မာကျမ်း21 ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။ အခန်းကိုကြည့်ပါ။Common Language Bible21 ထာဝရဘုရားသည်မွှေးကြိုင်သောရနံ့ကို နှစ်သက်တော်မူ၍``လူတို့၏အကျင့်ကြောင့်နောင် မည်သည့်အခါ၌မျှ မြေကြီးကိုကျိန်စာသင့် စေမည်မဟုတ်။ လူသည်ငယ်ရွယ်စဉ်မှစ၍စိတ် နှလုံးအကြံအစည်ဆိုးယုတ်ကြောင်းငါသိ၏။ ငါသည်သက်ရှိသတ္တဝါအပေါင်းတို့ကို ယခု အကြိမ်ကဲ့သို့နောက်တစ်ဖန်သေကြေပျက်စီး စေမည်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible21 ထာ ဝ ရ ဘု ရား သည် စိတ် တော် ပြေ ဖွယ် ရ နံ့ ကို ရ၍ လူ တို့ အ တွက် မြေ ကို အမင်္ဂ လာ ဖြစ် စေ တော့ မည် မ ဟုတ်။ လူ တို့ သည် ငယ် ရွယ် စဥ် က ပင် စိတ် နှ လုံး အ ကြံ အ စည် ဆိုး ညစ် ကြ၏။ သက် ရှိ သ တ္တ ဝါ အ ပေါင်း တို့ ကို ယ ခု ငါ ဒဏ် ခတ် ခဲ့ သည့် နည်း တူ နောက် တစ် ဖန် ဒဏ် ခတ် ဦး မည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible21 ထာဝရဘုရားသည်လည်း၊ မွှေးကြိုင်သော အနံ့ကိုခံယူ၍၊ ငါသည် နောက်တစ်ဖန်လူတို့အတွက် မြေကြီးကိုမကျိန်။ အကြောင်းမူကား၊ လူတို့သည် ငယ်သောအရွယ်မှစ၍၊ စိတ်နှလုံးအကြံအစည်ဆိုးကြ၏။ ငါသည် ယခုတစ်ခါ ပြုပြီးသကဲ့သို့၊ အသက်ရှင်သောအရာရှိသမျှတို့ကို နောက်တစ်ဖန်ဒဏ်မခတ်။ အခန်းကိုကြည့်ပါ။ |
ငါသည် အာရုံစိုက်၍ နားထောင်၏။ မှန်မှန်ကန်ကန်မပြောကြ။ “ငါအဘယ်အမှု ပြုခဲ့မိပါသနည်း”ဟု ဆိုလျက် မိမိဆိုးညစ်မှုအတွက် နောင်တရသောသူတစ်ယောက်မျှမရှိ။ တိုက်ပွဲထဲသို့ ဒုန်းစိုင်းပြေးဝင်သောမြင်းကဲ့သို့ အသီးသီး မိမိတို့၏လမ်းသို့ပြေးလိုက်သွားကြ၏’ဟူ၍ မိန့်တော်မူသည်”ဟု ပြောကြားလော့။
အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သခင့်အစေအပါး၏စကားကို ယခု နားထောင်ပါလော့။ အကယ်၍ အကျွန်ုပ်ကို တိုက်ခိုက်ရန် အရှင်မင်းကြီးကို ထာဝရဘုရား နှိုးဆော်သည်မှန်လျှင် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူပါစေသော။ ထိုသို့မဟုတ်ဘဲ လူတို့၏နှိုးဆော်ခြင်းဖြစ်လျှင် သူတို့သည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေသော။ အကြောင်းမူကား သူတို့က ‘အခြားဘုရားအများကို သွားဝတ်ပြုပါ’ဟု ဆိုပြီး အကျွန်ုပ်ကို ထာဝရဘုရား၏အမွေစားအမွေခံအဖြစ်မှ နှင်ထုတ်ကြပါပြီ။