အာဟပ်မင်းကြီးလည်း တက်သွား၍စားသောက်လေ၏။ ဧလိယမူကား ကရမေလတောင်ထိပ်သို့ တက်သွားပြီး မြေပေါ်၌ဒူးထောက်လျက် ဒူးနှစ်လုံးကြား၌ မျက်နှာကိုအပ်ထားလေ၏။
၁ ရာ 12:18 - မြန်မာ့စံမီသမ္မာကျမ်း ရှမွေလသည် ထာဝရဘုရားထံ ဆုတောင်းသောအခါ ထိုနေ့တွင် ထာဝရဘုရားသည် မိုးချုန်းသံနှင့်တကွ မိုးကို ရွာသွန်းစေတော်မူသဖြင့် လူအပေါင်းတို့သည် ထာဝရဘုရားနှင့်ရှမွေလကို အလွန်ကြောက်ရွံ့ကြလေ၏။ Common Language Bible ရှမွေလသည်ဆုတောင်းပတ္ထနာပြုသဖြင့်ထို နေ့၌ပင်လျှင် ထာဝရဘုရားသည်မိုးကိုထစ် ချုန်းစွာရွာသွန်းစေတော်မူ၏။ ထိုအခါလူ အပေါင်းတို့သည်ထာဝရဘုရားနှင့် ရှမွေလ အားကြောက်လန့်ကြသည်ဖြစ်၍၊- Garrad Bible ထာ ဝ ရ ဘု ရား ထံ ပ ဌ နာ ပြု လျှင် ထို နေ့၌ မိုး ခြုန်း ခြင်း နှင့် တ ကွ ရွာ စေ တော် မူ သော ကြောင့် ထာ ဝ ရ ဘု ရား နှင့် ရှ မွေ လ ကို တစ် မျိုး လုံး ကြောက် ရွံ့ ကြ သည် ဖြစ်၍၊ Judson Bible ထာဝရဘုရားကိုဆုတောင်း၍၊ ထိုနေ့၌ ထာဝရဘုရားသည် မိုးချုန်းခြင်းနှင့်တကွ မိုးရွာစေတော်မူ၍၊ လူအပေါင်းတို့သည် ထာဝရဘုရားနှင့် ရှမွေလကို အလွန်ကြောက်ရွံ့ကြ၏။ |
အာဟပ်မင်းကြီးလည်း တက်သွား၍စားသောက်လေ၏။ ဧလိယမူကား ကရမေလတောင်ထိပ်သို့ တက်သွားပြီး မြေပေါ်၌ဒူးထောက်လျက် ဒူးနှစ်လုံးကြား၌ မျက်နှာကိုအပ်ထားလေ၏။
ယုဒနှင့် ဗင်္ယာမိန်အမျိုး ယောက်ျားအပေါင်းတို့သည်လည်း သုံးရက်အတွင်း ဂျေရုဆလင်မြို့သို့ စုရုံးရောက်ရှိလာကြ၏။ နဝမလ၊ နှစ်ဆယ်ရက်နေ့တွင် လူအပေါင်းတို့သည် ဤအမှုများကြောင့်လည်းကောင်း၊ မိုးလည်း သည်းထန်စွာရွာနေသောကြောင့်လည်းကောင်း ဘုရားသခင်၏အိမ်တော်ကွင်းပြင်တွင် တုန်ရီစွာဖြင့် ထိုင်နေကြ၏။
ဒဏ်ခတ်ဖို့ဖြစ်စေ၊ မြေကြီးဖို့ဖြစ်စေ၊ မေတ္တာပြဖို့ဖြစ်စေ ဤသို့ဖြင့် မိုးတိမ်များကိုဖြစ်ပေါ်စေတတ်၏။
ကိုယ်တော်၏ယဇ်ပုရောဟိတ်များထဲတွင် မောရှေနှင့်အာရုန်တို့ပါ၍ ကိုယ်တော်၏နာမတော်ကိုခေါ်သောသူတို့တွင် ရှမွေလ ပါ၏။ သူတို့သည် ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။
ထာဝရဘုရားသည် အီဂျစ်လူမျိုးတို့ကို ကြီးမားသောတန်ခိုးတော်ဖြင့် စီရင်တော်မူသည်ကို အစ္စရေးလူမျိုးတို့ တွေ့မြင်ကြသဖြင့် သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားကိုလည်းကောင်း၊ ကိုယ်တော်၏အစေအပါးမောရှေကိုလည်းကောင်း ယုံကြည်ကြ၏။
အာမောရိလူမျိုးတို့ကို အစ္စရေးအမျိုးသားတို့လက်သို့ ထာဝရဘုရားအပ်တော်မူသောနေ့၌ ယောရှုသည် ထာဝရဘုရားထံ ဆုတောင်းပြီးလျှင် အစ္စရေးအမျိုးသားတို့၏ရှေ့မှောက်တွင် “အို နေ၊ ဂိဗောင်မြို့ပေါ် တန့်နေလော့။ အို လ၊ အာယလုန်ချိုင့်ဝှမ်းပေါ် တန့်နေလော့”ဟု ဆို၏။
ထိုနေ့တွင် ထာဝရဘုရားသည် ယောရှုကို အစ္စရေးအပေါင်းတို့၏ရှေ့၌ ချီးမြှောက်တော်မူ၏။ သူတို့သည် မောရှေကိုကြောက်ရွံ့ရိုသေသကဲ့သို့ ယောရှုအသက်ရှင်သမျှကာလပတ်လုံး သူ့ကိုကြောက်ရွံ့ရိုသေကြ၏။