ထွက်မြောက် 14:31 - မြန်မာ့စံမီသမ္မာကျမ်း31 ထာဝရဘုရားသည် အီဂျစ်လူမျိုးတို့ကို ကြီးမားသောတန်ခိုးတော်ဖြင့် စီရင်တော်မူသည်ကို အစ္စရေးလူမျိုးတို့ တွေ့မြင်ကြသဖြင့် သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားကိုလည်းကောင်း၊ ကိုယ်တော်၏အစေအပါးမောရှေကိုလည်းကောင်း ယုံကြည်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible31 သူတို့သည်ထာဝရဘုရားကအနန္တ တန်ခိုးတော်ဖြင့် အီဂျစ်အမျိုးသားတို့ အားနှိမ်နင်းလိုက်သည်ကိုတွေ့မြင်သဖြင့် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေလာ ကြကုန်၏။ ထာဝရဘုရားနှင့်ထာဝရ ဘုရား၏ကျွန်မောရှေတို့ကိုယုံကြည် ကိုးစားလာကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible31 ထို သို့ အိ ဂျစ် လူ တို့၌ ထာ ဝ ရ ဘု ရား ပြု တော် မူ သော အ မှု ကြီး ကို ဣ သ ရေ လ လူ တို့ သည် မြင်၍ ထာ ဝ ရ ဘု ရား ကို ခန့် ညား လျက် ကိုယ် တော် နှင့် တ ကွ ကျွန် တော် ရင်း မော ရှေ ကို ယုံ ကြည် ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible31 ထိုသို့ အဲဂုတ္တုလူတို့၌ ထာဝရဘုရားပြုတော်မူသောအမှုကြီးကို၊ ဣသရေလလူတို့သည်မြင်၍၊ ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားနှင့် ကိုယ်တော်၏ကျွန်မောရှေကို ယုံကြည်ကြ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။
ထိုအခါ သူတို့သည် ထာဝရဘုရားထံအော်ဟစ်တောင်းလျှောက်ကြသဖြင့် ငါသည် သင်တို့နှင့်အီဂျစ်လူမျိုးတို့ကြား၌ အမှောင်ထု ခြားစေ၏။ အီဂျစ်လူမျိုးတို့ကို ပင်လယ်ရေလွှမ်းမိုးသွားစေ၏။ အီဂျစ်လူမျိုးတို့အား ငါ ဒဏ်ခတ်ခဲ့သည်ကို သင်တို့ကိုယ်တိုင်မျက်စိဖြင့်မြင်ခဲ့ကြ၏။ ထို့နောက်မှ သင်တို့သည် တောကန္တာရ၌ ကာလကြာမြင့်စွာနေထိုင်ကြရ၏။