ယောဘဝတ္တု။ 37:13 - မြန်မာ့စံမီသမ္မာကျမ်း13 ဒဏ်ခတ်ဖို့ဖြစ်စေ၊ မြေကြီးဖို့ဖြစ်စေ၊ မေတ္တာပြဖို့ဖြစ်စေ ဤသို့ဖြင့် မိုးတိမ်များကိုဖြစ်ပေါ်စေတတ်၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ဒဏ်ခတ်သော်၎င်း၊ မြေတော် ကိုပြုစုသော်၎င်း၊ ချမ်းသာပေးသော်၎င်း လာစေတော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible13 ဒဏ်ခတ်သော်လည်းကောင်း၊ မြေတော်ကို ပြုစုသော်လည်းကောင်း၊ ချမ်းသာပေးသော်လည်းကောင်း လာစေတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ယုဒနှင့် ဗင်္ယာမိန်အမျိုး ယောက်ျားအပေါင်းတို့သည်လည်း သုံးရက်အတွင်း ဂျေရုဆလင်မြို့သို့ စုရုံးရောက်ရှိလာကြ၏။ နဝမလ၊ နှစ်ဆယ်ရက်နေ့တွင် လူအပေါင်းတို့သည် ဤအမှုများကြောင့်လည်းကောင်း၊ မိုးလည်း သည်းထန်စွာရွာနေသောကြောင့်လည်းကောင်း ဘုရားသခင်၏အိမ်တော်ကွင်းပြင်တွင် တုန်ရီစွာဖြင့် ထိုင်နေကြ၏။
အလောင်းတို့ကို နေ့အချိန်တွင် မိုးကောင်းကင်ငှက်တို့ မထိပါးအောင်၊ ညအချိန်တွင် တောတိရစ္ဆာန်တို့ လာမဆွဲအောင် အာယ၏သမီးရိဇပက လျှော်တေအဝတ်ကိုယူ၍ ကျောက်ဖျာတစ်ခုပေါ်တွင်ခင်းထိုင်ပြီး သီးနှံရိတ်သိမ်းချိန်မှစ၍ အလောင်းပေါ်သို့ ကောင်းကင်မှမိုးရွာချသည့်အချိန်ထိ စောင့်ရှောက်ပေးခဲ့၏။