၁ ရာ 12:17 - မြန်မာ့စံမီသမ္မာကျမ်း17 ယနေ့သည် ဂျုံရိတ်သိမ်းသောနေ့မဟုတ်လော။ ထာဝရဘုရားသည် မိုးချုန်းသံနှင့်တကွ မိုးကိုရွာသွန်းစေမည့်အကြောင်း ငါသည် ထာဝရဘုရားထံ ဆုတောင်းမည်။ သင်တို့အဖို့ ရှင်ဘုရင်ကိုတောင်းဆိုခြင်းအမှုသည် ထာဝရဘုရားရှေ့တော်၌ မည်မျှအပြစ်ကြီးကြောင်းကို သင်တို့သိမြင်ရလိမ့်မည်”ဟု ဆိုပြီးလျှင် အခန်းကိုကြည့်ပါ။Common Language Bible17 ယခုအခါသည်ခြောက်သွေ့သောရာသီဖြစ် ၏။ သို့ရာတွင်ငါဆုတောင်းပတ္ထနာပြုလျှင် ထာဝရဘုရားသည်မိုးကိုထစ်ချုန်းစွာ ရွာသွန်းစေတော်မူလိမ့်မည်။ ထိုအခါဘုရင် ကိုသင်တို့တောင်းဆိုမိသည့်အပြစ်သည် အဘယ်မျှကြီးလေးကြောင်းသင်တို့သိရှိ ကြလိမ့်မည်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible17 ယ ခု မှာ ဂျုံ စ ပါး ရိတ် သိမ်း ချိန် မ ဟုတ် လော။ ထာ ဝ ရ ဘု ရား အား ငါ ပ ဌ နာ ပြု သည့် အ တိုင်း မိုး ခြုန်း ခြင်း နှင့် တ ကွ ရွာ စေ တော် မူ မည် ကို ထောက် ၍ ဘု ရင် တောင်း ဆို သော အ ပြစ် သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ကြီး လေး ကြောင်း သိ မြင် ကြ လိမ့် မည် ဟု လူ ပ ရိ သတ် အား မိန့် ဆို ပြီး မှ အခန်းကိုကြည့်ပါ။Judson Bible17 ယနေ့ ဂျုံစပါးရိတ်ရာကာလဖြစ်သည် မဟုတ်လော။ သို့သော်လည်း ထာဝရဘုရားကို ငါဆုတောင်း၍ မိုးချုန်းခြင်းနှင့်တကွ မိုးရွာစေတော်မူမည်။ သို့ဖြစ်၍ သင်တို့သည် ရှင်ဘုရင်ကို တောင်းသောအားဖြင့် ထာဝရဘုရားရှေ့တော်၌ ပြစ်မှားမိသောအပြစ်သည် ကြီးကြောင်းကို ရိပ်မိသိမြင်ရကြမည်ဟု လူများတို့အား ပြောဆိုပြီးလျှင်၊ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် လူအပေါင်းတို့က ရှမွေလအား “အကျွန်ုပ်တို့သည် ရှင်ဘုရင်ကိုတောင်းဆိုခြင်းဖြင့် အကျွန်ုပ်တို့၏အပြစ်အလုံးစုံတို့အပေါ်၌ ထပ်၍မကောင်းမှုကိုပြုမိပါပြီ။ အကျွန်ုပ်တို့ မသေရမည့်အကြောင်း အရှင်၏အစေအပါး အကျွန်ုပ်တို့အဖို့ အရှင်၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းပေးပါလော့”ဟု ဆိုကြ၏။
ထာဝရဘုရားကို ဆန့်ကျင်ဖက်ပြိုင်သောသူတို့သည် ကျိုးပဲ့ကြေမွရလိမ့်မည်။ ကိုယ်တော်သည် သူတို့အပေါ် ကောင်းကင်မှမိုးကြိုး ကျစေတော်မူမည်။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် စစ်ကြောစီရင်တော်မူမည်။ မိမိရှင်ဘုရင်အား အစွမ်းသတ္တိကိုပေးတော်မူမည်။ မိမိဘိသိက်ပေးထားသောသူ၏ဦးချိုကို ချီးမြှောက်တော်မူလိမ့်မည်”ဟု ချီးမွမ်းဆုတောင်းလေ၏။