ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ငါတို့အား အလင်းကိုလည်း ပေးတော်မူ၏။ ပွဲတော်ပူဇော်သက္ကာကို ယဇ်ပလ္လင်၏ဦးချို၌ ကြိုးနှင့်ချည်ထားကြလော့။
၁ ပေ 2:9 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။ Common Language Bible သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။- Garrad Bible သင် တို့ မူ ကား မှောင် မိုက် ထဲ မှ အံ့ ဖွယ် သော အ လင်း တော် ထဲ သို့ ခေါ် ခဲ့ တော် မူ သော အ ရှင်၏ ဘုန်း တော် ကို ဖော် ပြ စေ ခြင်း ငှာ ရွေး ချယ် သော လူ မျိုး တော် ပ ရော ဟိတ် နိုင် ငံ တော် သီး သန့်၍ ပိုင် ဆိုင် တော် မူ ရာ လူ မျိုး တော် ဖြစ် လျက် Judson Bible သင်တို့မူကား၊ မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကို ဖော်ပြစေခြင်းငှာ၊ ရွေးချယ်တော်မူသောအမျိုး ဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သင်တို့မှာမူ ရွေးကောက်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အမျိုး၊ သန့်ရှင်းသောလူမျိုး၊ ဘုရားသခင်ပိုင်ဆိုင်သောလူမျိုးဖြစ်ကြ၏။ ဤသည်မှာ သင်တို့ကို အမှောင်ထဲမှ အံ့ဖွယ်အလင်းထဲသို့ ခေါ်တော်မူသောဘုရားသခင်ပြုသည့် အံ့ဩဖွယ်အမှုများကို ကြွေးကြော်ရန်ဖြစ်၏။ |
ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ငါတို့အား အလင်းကိုလည်း ပေးတော်မူ၏။ ပွဲတော်ပူဇော်သက္ကာကို ယဇ်ပလ္လင်၏ဦးချို၌ ကြိုးနှင့်ချည်ထားကြလော့။
အကယ်စင်စစ် ထာဝရဘုရားသည် ယာကုပ်ကို မိမိအတွက်လည်းကောင်း၊ အစ္စရေးကို မိမိ၏ဘဏ္ဍာအဖြစ်လည်းကောင်း ရွေးချယ်တော်မူ၏။
သူတို့အမျိုးအနွယ်သည် ကိုယ်တော်၏အမှုတော်ကိုဆောင်ရွက်ကြပြီး လာမည့်မျိုးဆက်အား ဘုရားရှင်အကြောင်းကိုပြောကြားလိမ့်မည်။
ထာဝရဘုရားကို မိမိဘုရားအဖြစ်ကိုးကွယ်သောတိုင်းနိုင်ငံနှင့် ကိုယ်တော်၏အမွေခံအဖြစ် ကိုယ်တော်ရွေးချယ်သောလူမျိုးသည် မင်္ဂလာရှိ၏။
“ဤသို့ပြောဆိုမည်”ဟု အကျွန်ုပ်ဆိုခဲ့လျှင် ကိုယ်တော့်သားသမီးများ၏မျိုးဆက်အပေါ် သစ္စာဖောက်ရာရောက်ပါလိမ့်မည်။
မြို့တံခါးတို့ကို ဖွင့်ကြလော့။ သစ္စာစောင့်ထိန်း၍ ဖြောင့်မတ်သောလူမျိုးဝင်လာမည်။
သို့သော် ငါ့အစေအပါး အစ္စရေး၊ ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့မိတ်ဆွေ အာဗြဟံ၏သားစဉ်မြေးဆက်၊
ငါသည် မျက်မမြင်တို့ကို သူတို့မသိသောခရီးဖြင့် ပို့ဆောင်မည်။ သူတို့မသိသောလမ်းဖြင့် လမ်းပြမည်။ သူတို့ရှေ့၌ အမှောင်ကို အလင်းဖြစ်စေမည်။ ကြမ်းတမ်းသောနေရာများကို ချောမွေ့စေမည်။ ဤအရာတို့ကို ငါပြုမည်။ ငါသည် သူတို့ကို မစွန့်ပစ်။
သင်တို့ကို ထာဝရဘုရား၏ယဇ်ပုရောဟိတ်ဟု ခေါ်ဝေါ်ကြလိမ့်မည်။ ဘုရားသခင်၏အမှုတော်ဆောင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။ သင်တို့သည် လူမျိုးခြားတို့၏ဥစ္စာပစ္စည်းကို စံစားရလိမ့်မည်။ သူတို့၏ဂုဏ်သရေ၌ ဝါကြွားကြလိမ့်မည်။
သူတို့ကို “ထာဝရဘုရားရွေးနုတ်တော်မူသည့် သန့်ရှင်းသောလူမျိုး”ဟု ခေါ်ကြလိမ့်မည်။ သင့်ကို “စွန့်ပစ်မခံရဘဲ ပြန်ရှာထားသောမြို့”ဟု ခေါ်ကြလိမ့်မည်။
ထာဝရဘုရားက “ထိုသူအချို့တို့ကို ယဇ်ပုရောဟိတ်အဖြစ်၊ လေဝိအမျိုးသားအဖြစ် ငါခေါ်ယူမည်”ဟု မိန့်တော်မူ၏။
အမှောင်ထဲ၌ လျှောက်လှမ်းသောလူတို့သည် ကြီးမားသောအလင်းကိုမြင်ရပြီ။ သေမင်းအရိပ်လွှမ်းမိုးသောပြည်၌နေထိုင်သောသူတို့တွင် အလင်းထွန်းလင်းပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါတရားစီရင်သောနေ့၌ ထိုသူတို့သည် ငါပိုင်တော်မူရာဘဏ္ဍာတော် ဖြစ်ကြလိမ့်မည်။ ဖခင်၏အမှုကို ဆောင်သောသားအား ဖခင်က ကရုဏာထားသကဲ့သို့ သူတို့ကို ငါကရုဏာထားမည်”ဟု မိန့်တော်မူ၏။
အမှောင်ထဲ၌နေထိုင်သောသူတို့သည် ကြီးမားသောအလင်းကိုမြင်ရကြ၍ သေခြင်းအရိပ်လွှမ်းမိုးသောပြည်၌ နေထိုင်သောသူတို့ထံသို့ အလင်းပေါ်ထွက်လာပြီ”ဟူ၍ဖြစ်၏။
ထိုနည်းတူ လူတို့သည် သင်တို့၏ကောင်းသောအကျင့်များကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖ၏ဘုန်းတော်ကိုချီးမွမ်းကြမည့်အကြောင်း သင်တို့၏အလင်းကို သူတို့ရှေ့၌ထွန်းလင်းစေကြလော့။
မှောင်မိုက်နှင့် သေခြင်း၏အရိပ်ထဲတွင်နေထိုင်သောသူတို့အပေါ် ထွန်းလင်းကာ ငါတို့၏ခြေကို ငြိမ်သက်ခြင်းလမ်းထဲသို့ပို့ဆောင်တော်မူ၏”ဟု ဆိုလေ၏။
သူတို့သည်လည်း သမ္မာတရားအားဖြင့် သန့်ရှင်းစေခြင်းခံရကြမည့်အကြောင်း အကျွန်ုပ်သည် သူတို့အတွက် မိမိကိုယ်ကိုသန့်ရှင်းစေပါ၏။
သင်တို့သည် မိမိတို့ကိုယ်ကိုလည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ဂရုစိုက်ကြလော့။ ကိုယ်တော်၏သွေးတော်နှင့်ဝယ်ယူထားသော ဘုရားသခင်၏အသင်းတော်ကို သင်တို့အုပ်ထိန်းစေရန် ထိုသိုးစုကိုကြီးကြပ်သူအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကိုခန့်အပ်ထားတော်မူ၏။
ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။
ထိုအခါ အဂြိပ္ပမင်းကြီးက “သင်သည် တိုတောင်းသောအချိန်အတွင်း၌ ငါ့ကိုခရစ်ယာန်ဖြစ်အောင် စည်းရုံးနေပါတကား”ဟု ပေါလုအား ဆိုလေ၏။
ဘုရားသခင်သည် ငါတို့ကို ထိုကရုဏာတော်ဆိုင်ရာအိုးခွက်များအဖြစ် ဂျူးလူမျိုးတို့ထဲမှသာမကဘဲ လူမျိုးခြားတို့ထဲမှလည်း ခေါ်ယူထားတော်မူ၏။
မည်သူမဆို ဘုရားသခင်၏ဗိမာန်တော်ကိုဖျက်ဆီးလျှင် ဘုရားသခင်သည် သူ့ကိုဖျက်ဆီးတော်မူလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်၏ဗိမာန်တော်သည် သန့်ရှင်း၍ သင်တို့သည် ထိုဗိမာန်တော်ဖြစ်ကြ၏။
ထိုဝိညာဉ်တော်သည် ပိုင်ဆိုင်တော်မူသောသူတို့ရွေးနုတ်ခြင်းခံရသည်အထိ ငါတို့၏အမွေအတွက် စရန်ဖြစ်တော်မူ၏။ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြရန်အတွက်လည်းဖြစ်၏။
ဤသည်ကား ချစ်တော်မူသောသားတော်အားဖြင့် ငါတို့အားပေးသနားတော်မူသော မိမိကျေးဇူးတော်၏ဘုန်းတော်ကို ငါတို့ချီးမွမ်းကြမည့်အကြောင်းတည်း။
အသင်းတော်အားဖြင့်လည်းကောင်း၊ ခရစ်တော်ယေရှုအားဖြင့်လည်းကောင်း ခေတ်ကာလအဆက်ဆက် ထာဝစဉ်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။
ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကို ချစ်တော်မူ၍ ယနေ့မြင်ရသည့်အတိုင်း နောင်လာမည့် သူတို့၏သားစဉ်မြေးဆက်ဖြစ်သောသင်တို့ကို လူမျိုးရှိသမျှတို့ထဲမှ ရွေးချယ်တော်မူ၏။
အကြောင်းမူကား သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်၏။ ထာဝရဘုရားသည် မြေကြီးပေါ်၌ရှိသောလူမျိုးအပေါင်းတို့ထဲမှ မိမိမြတ်နိုးတန်ဖိုးထားသောလူမျိုးအဖြစ် သင့်ကိုရွေးချယ်တော်မူ၏။
သူတို့သည် မိမိတို့၏အမျိုးသားချင်းတို့နှင့်အတူ အမွေမရကြ။ ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း ထာဝရဘုရားသည် သူတို့၏အမွေဖြစ်၏။
ယနေ့မြင်ရသည့်အတိုင်း ထာဝရဘုရားသည် သင်တို့ကို မိမိ၏အမွေခံလူမျိုးတော်အဖြစ် ခေါ်ယူ၍ အီဂျစ်ပြည် သံမီးပြင်းဖိုထဲမှ ထုတ်ဆောင်တော်မူခဲ့၏။
အကြောင်းမူကား သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအတွက် သန့်ရှင်းသောလူမျိုးဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို မြေကြီးပေါ်၌ရှိသော လူမျိုးအပေါင်းတို့ထဲမှ မိမိမြတ်နိုးတန်ဖိုးထားသောလူမျိုးအဖြစ် ရွေးချယ်တော်မူ၏။
ခရစ်တော်ယေရှုအားဖြင့် အထက်အရပ်သို့ ဘုရားသခင်ခေါ်ယူ၍ ပေးတော်မူမည့်ဆုကိုရရှိရန် ပန်းတိုင်သို့ကြိုးစား၍ပြေး၏။
ခမည်းတော်သည် ငါတို့ကို မှောင်မိုက်ခြင်း၏အာဏာစက်မှ ကယ်နုတ်၍ မိမိချစ်တော်မူသော သားတော်၏နိုင်ငံတော်ထဲသို့ ရွှေ့ပြောင်းပို့ဆောင်တော်မူ၏။
ဘုရားသခင်သည် ငါတို့ကိုကယ်တင်တော်မူ၍ သန့်ရှင်းသောခေါ်ယူခြင်းဖြင့် ငါတို့ကိုခေါ်ယူတော်မူသည်မှာ ငါတို့ပြုသောအမှုများကြောင့်မဟုတ်ဘဲ မိမိ၏အကြံအစည်တော်ကြောင့်ဖြစ်ပြီး ရှေးကာလများမတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ငါတို့အားပေးတော်မူသောကျေးဇူးတော်ကြောင့်ဖြစ်၏။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
ယေရှုခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ပက်ဖျန်းခြင်းခံရရန်အတွက် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ ခမည်းတော်ဘုရားသခင်၏ကြိုတင်သိမြင်သောဉာဏ်တော်အတိုင်း ရွေးကောက်ခံရသောသူတို့ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်အတိုင်းဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူသည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။ ဤသည်ကား ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်းတည်း။ ထိုသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။
ငါတို့အား နိုင်ငံတော်ဖြစ်စေလျက် မိမိခမည်းတော်ဘုရားသခင်ရှေ့တော်၌ ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသောအရှင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။
ပထမရှင်ပြန်ထမြောက်ခြင်း၌ပါသောသူသည် မင်္ဂလာရှိသူ၊ သန့်ရှင်းသူဖြစ်၏။ ဒုတိယသေခြင်းသည် သူတို့အပေါ်မည်သည့်အခွင့်အာဏာမျှမရှိ။ သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၏ယဇ်ပုရောဟိတ်များဖြစ်ကြပြီး ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်စိုးစံကြလိမ့်မည်။
သူတို့ကို အကျွန်ုပ်တို့၏ဘုရားသခင်အတွက် နိုင်ငံတော်တစ်ခုနှင့် ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသဖြင့် သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အုပ်စိုးရကြလိမ့်မည်”ဟု ဆိုကြ၏။
ထာဝရဘုရားသည် ကြီးမြတ်သောနာမတော်ကို ထောက်၍ မိမိ၏လူမျိုးတော်ကို စွန့်ပစ်မည်မဟုတ်။ အကြောင်းမူကား ထာဝရဘုရားသည် သင်တို့ကို မိမိလူမျိုးတော်ဖြစ်စေဖို့ အလိုရှိတော်မူ၏။