Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 26:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ထိုအခါ အဂြိပ္ပ​မင်းကြီး​က “သင်​သည် တိုတောင်း​သော​အချိန်​အတွင်း​၌ ငါ့​ကို​ခရစ်ယာန်​ဖြစ်​အောင် စည်းရုံး​နေ​ပါ​တကား”​ဟု ပေါလု​အား ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 အ​ဂြိပ္ပ​မင်း​က ``သင်​သည်​ဤ​မျှ​တို​တောင်း သည့်​အ​ချိန်​၌ ငါ့​ကို​ခ​ရစ်​ယာန်​ဖြစ်​စေ​နိုင် မည်​ဟု​ထင်​မှတ်​ပါ​သ​လော'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 သင် သည် အ နည်း ငယ် သော သွေး ဆောင် ခြင်း ဖြင့် ငါ့ ကို ခ ရစ် ယာန် ဖြစ် စေ လို သည် တ ကား ဟု အ ဂ ရိ ပ္ပ မင်း ပြန် ဆို လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 အ​ဂြိ​ပ္ပ​မင်း​က​လည်း၊ သင်​သည် ဖြား​ယောင်း​သွေး​ဆောင်​သော​အား​ဖြင့်၊ ငါ​သည်​ခ​ရစ်​ယာန်​ဖြစ်​လု​ပြီ​ဟု ပေါ​လု​အား ပြော​ဆို​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 ထိုအခါ အဂြိပ္ပမင်းကြီး​က “သင်​သည် အချိန်တို​အတွင်း​၌ ငါ့​အား​ခရစ်ယာန်​တစ်ဦး​ဖြစ်လာ​ရန် သွေးဆောင်​နိုင်မည်​ဟု ထင်မှတ်ပါသလော” ဟူ၍ ပေါလု​အား​ဆိုလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 26:28
11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ငါ့​လူမျိုး​တော်​ကဲ့သို့ သင့်​ထံ​လာ​၍ သင့်​ရှေ့​တွင်​ထိုင်​လျက် သင့်​စကား​ကို နားထောင်​ကြ​သော်လည်း မ​လိုက်နာ​ဘဲ​နေ​၏​။ သူ​တို့​၏​နှုတ်​သည် ချစ်​ဖွယ်​စကား​ကို ပြောဆို​ကြ​၏​။ သူ​တို့​၏​စိတ်​မူကား မတရား​သော​အကျိုး​စီးပွား​ကို စွဲလမ်း​ကြ​၏​။


သင်​တို့​သည် ဘုရင်ခံ​များ​နှင့်​ရှင်ဘုရင်​များ​ရှေ့သို့ ငါ့​အတွက်​ကြောင့် ခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြ​လိမ့်မည်။ ဤသို့ဖြင့် သင်​တို့​သည် ထို​သူ​တို့​နှင့်​လူမျိုးခြား​တို့​ထံ သက်သေ​ဖြစ်​ကြ​လိမ့်မည်။


အကြောင်းမူကား ယောဟန်​သည် ဖြောင့်မတ်​သန့်ရှင်း​သူ​ဖြစ်​ကြောင်း ဟေရုဒ်​သည်​သိ​၍ သူ့​ကို​ကြောက်ရွံ့​ရိုသေ​လျက် စောင့်ရှောက်​ထား​သည့်အပြင် ယောဟန်​၏​စကား​ကို​ကြား​ရ​သည့်အခါ အလွန်​စိတ်အနှောင့်အယှက်​ဖြစ်​တတ်​သော်လည်း ဝမ်းမြောက်​စွာ​နားထောင်​လေ့​ရှိ​သောကြောင့်​ဖြစ်​၏။


သူ့​ကို​တွေ့​လျှင် အန္တိအုတ်​မြို့​သို့​ခေါ်လာ​၏။ သူ​တို့​သည် တစ်​နှစ်​ပတ်လုံး အသင်းတော်​၌​စုဝေး​လျက် များစွာ​သော​လူ​တို့​ကို သွန်သင်​ကြ​၏။ တပည့်​တော်​တို့​သည် ထို​အန္တိအုတ်​မြို့​၌ “ခရစ်ယာန်”​ဟု ပထမ​ဦးဆုံး​ခေါ်ဝေါ်​ခြင်း​ခံရ​ကြ​၏။


သို့သော် ပေါလု​က ဖြောင့်မတ်​ခြင်း၊ မိမိကိုယ်ကို​ချုပ်တည်း​ခြင်း​နှင့် ရောက်လာ​မည့်​တရား​စီရင်​ခြင်း​အကြောင်း​တို့​ကို ဆွေးနွေး​ပြောဆို​သောအခါ ဖေလဇ်​မင်း​သည် ကြောက်လန့်​၍ “ယခု​သွား​ဦး​လော့။ နောက်မှ အချိန်​ရ​သောအခါ သင့်​ကို ငါ​ခေါ်​ဦး​မည်”​ဟု ဆို​လေ​၏။


အဂြိပ္ပ​မင်းကြီး၊ အရှင်​သည် ပရောဖက်​ကျမ်း​များ​ကို ယုံကြည်​တော်မူ​ပါ​သလော။ ယုံကြည်​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ပါ​သည်”​ဟု လျှောက်​လေ​၏။


ပေါလု​က​လည်း “တိုတောင်း​သော​အချိန်​အတွင်း​ဖြစ်စေ၊ ကြာရှည်​သော​အချိန်​အတွင်း​ဖြစ်စေ အရှင်​မင်းကြီး​သာမက ယနေ့ အကျွန်ုပ်​၏​စကား​ကို​နားထောင်​သူ​အပေါင်း​တို့​သည်​လည်း ဤ​ချည်နှောင်​ခြင်း​မှတစ်ပါး အကျွန်ုပ်​ကဲ့သို့​ဖြစ်လာ​ကြ​ရန် ဘုရားသခင်​ထံ အကျွန်ုပ်​ဆုတောင်း​ပါ​သည်”​ဟု လျှောက်​လေ​၏။


ငါ​တို့​သည် ကွယ်ဝှက်​ထား​သည့် ရှက်ဖွယ်ရာ​များ​ကို​စွန့်ပယ်​၍ ပရိယာယ်​၌​ကျင်လည်​ခြင်း၊ ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို မလိမ့်တပတ်​လုပ်​ခြင်း​တို့​မ​ရှိ​ဘဲ သမ္မာတရား​ကို အတိအလင်း​ဖော်ပြ​ခြင်း​အားဖြင့် ဘုရားသခင်​၏​ရှေ့​တော်​၌ လူ​အပေါင်း​တို့​၏​အသိစိတ်​တွင် မိမိတို့ကိုယ်ကို​ထင်ရှား​စေ​ကြ​၏။


သို့သော် တစ်စုံတစ်ဦး​သည် ခရစ်ယာန်​အဖြစ် ဒုက္ခ​ဝေဒနာ​ခံစား​ရ​လျှင် ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ထို​အမည်​နာမ​ကြောင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ပါစေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ