Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 12:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ထာဝရဘုရား​သည် ကြီးမြတ်​သော​နာမ​တော်​ကို ထောက်​၍ မိမိ​၏​လူမျိုး​တော်​ကို စွန့်ပစ်​မည်​မ​ဟုတ်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​တို့​ကို မိမိ​လူမျိုး​တော်​ဖြစ်​စေဖို့ အလိုရှိ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား မိ​မိ​၏​လူ​မျိုး တော်​အ​ဖြစ်​ဖြင့်​ခန့်​ထား​တော်​မူ​ပြီး​ဖြစ်​၏။ ထို့ ကြောင့်​ကိုယ်​တော်​သည်​နာ​မ​တော်​ကို​ထောက်​၍ သင်​တို့​အား​စွန့်​ပစ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ထာ ဝ ရ ဘု ရား သည် သ နား၍ သင် တို့ ကို လူ မျိုး တော် အ ဖြစ် ခန့် ထား တော် မူ ခဲ့ သည့် အ တိုင်း မ ဟာ နာ မ တော် ကြောင့် လူ မျိုး တော် ကို စွန့် တော် မူ မည် မ ဟုတ် ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ထာ​ဝ​ရ​ဘု​ရား​သည် မ​ဟာ​နာ​မ​တော်​ကို​ထောက်၍ မိ​မိ​လူ​တို့​ကို စွန့်​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို မိ​မိ​လူ​အ​ရာ၌ ခန့်​ထား​ခြင်း​ငှာ​အ​လို​ရှိ​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 12:22
49 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​အမျိုးသား​တို့​၌ ငါ​ကိန်းဝပ်​မည်​။ ငါ့​လူမျိုး​တော်​အစ္စရေး​ကို ငါ​မ​စွန့်ပစ်​”​ဟု မိန့်​တော်မူ​၏​။


အကျွန်ုပ်​တို့​၏​ဘုရားသခင် ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​နှင့်အတူ တည်ရှိ​ခဲ့​သည့်​နည်းတူ အကျွန်ုပ်​တို့​နှင့်​လည်း အတူ​တည်ရှိ​တော်မူ​ပါစေသော​။ အကျွန်ုပ်​တို့​ကို စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​တို့​ကို စွန့်ခွာ​သွား​တော်​မ​မူ​ပါ​နှင့်​။


ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​၏​အမည်​ကို ကောင်းကင်​အောက်​တွင် ပယ်ဖျက်​ပစ်​မည်​ဟု မိန့်​တော်မူ​ခြင်း​မ​ရှိ​သောကြောင့် ယောရှ​မင်းကြီး​၏​သား​တော် ယေရောဗောင်​လက်​ဖြင့် သူ​တို့​ကို ကယ်တင်​တော်မူ​၏​။


ကြွင်းကျန်​သော​ငါ့​အမွေခံ​တို့​ကို ငါ​စွန့်ပစ်​မည်​။ ရန်သူ​များ​လက်​သို့ အပ်လိုက်​မည်​။ သူ​တို့​သည် ရန်သူ​တို့​အဖို့ တိုက်ခိုက်​လုယူစရာ​ပစ္စည်း​များ ဖြစ်​ရ​လိမ့်မည်​။


ငါ့​သား​ရှောလမုန်​၊ သင့်​ခမည်းတော်​ကိုးကွယ်​သော​ဘုရားသခင်​နှင့် သိကျွမ်း​အောင်​ပြု​လော့​။ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဆန္ဒ​ရှိသမျှ​နှင့် အစေခံ​လော့​။ ထာဝရဘုရား​သည် စိတ်နှလုံး​ရှိသမျှ​ကို စစ်ဆေး​၍ တွေးတော​ကြံစည်​သမျှ​တို့​ကို သိနားလည်​တော်မူ​၏​။ သင်​သည် ကိုယ်တော်​ကို​ရှာ​လျှင် အတွေ့ခံ​တော်မူ​မည်​။ ကိုယ်တော်​ကို စွန့်ပယ်​လျှင်​မူကား သင်​လည်း ထာဝစဉ်​အစွန့်ပယ်​ခံရ​မည်​။


သူ​သည် အာသ​မင်းကြီး​ထံ​သွား​ကာ “​အို အာသ​မင်းကြီး​နှင့် ယုဒ​အမျိုး​၊ ဗင်္ယာမိန်​အမျိုး​အပေါင်း​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​ပါ​လော့​။ သင်​တို့​သည် ထာဝရဘုရား​နှင့်အတူ​ရှိ​လျှင် ထာဝရဘုရား​သည်​လည်း သင်​တို့​နှင့်အတူ ရှိ​လိမ့်မည်​။ ကိုယ်တော်​ကို​ရှာ​လျှင် အတွေ့ခံ​တော်မူ​မည်​။ ကိုယ်တော်​ကို စွန့်ပစ်​လျှင် ကိုယ်တော်​သည်​လည်း သင်​တို့​ကို စွန့်ပစ်​တော်မူ​မည်​။


သူ​တို့​သည် ကိုယ်တော်​၏​စကား​ကို နားမထောင်​။ သူ​တို့​အလယ်​တွင် ပြု​တော်မူ​သော အံ့ဖွယ်​အမှု​တို့​ကို​မ​အောက်မေ့​ဘဲ ခေါင်းမာ​လျက် ကိုယ်တော်​ကို ပုန်ကန်​ကြ​၍ ကျွန်ခံ​ရာ​ပြည်​သို့​ပြန်​ရန် ခေါင်းဆောင်​ကို​ခန့်ထား​ကြ​၏​။ သို့သော် ကိုယ်တော်​သည် ခွင့်လွှတ်​တတ်​သော​၊ ကျေးဇူးပြု​တတ်​သော​၊ သနားစုံမက်​တတ်​သော​၊ စိတ်ရှည်​သော​၊ မေတ္တာကရုဏာ​တော်​ကြီးမား​သော​ဘုရား​ဖြစ်​တော်မူ​၍ သူ​တို့​ကို​စွန့်ပစ်​တော်​မ​မူ​ခဲ့​။


သို့သော် ကိုယ်တော်​သည် မိမိ​၏​အစွမ်းတန်ခိုး​တော်​ထင်ရှား​စေရန် မိမိ​၏​နာမ​တော်​ကို​ထောက်၍ သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။


အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို ပစ်ပယ်​တော်မူ​မည်​မ​ဟုတ်​။ မိမိ​၏​အမွေ​တော်​ကို​လည်း စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။


အီဂျစ်​လူမျိုး​တို့​က ‘​ကိုယ်တော်​သည် တော​တောင်​များ​ထဲ၌ အစ္စရေး​လူမျိုး​တို့​ကို​ကွပ်မျက်​၍ မြေကြီး​ပေါ်​မှ​သုတ်သင်​ရန်​အတွက် မကောင်း​သော​ရည်ရွယ်ချက်​ဖြင့် ထုတ်ဆောင်​တော်မူ​ခဲ့​သည်​’​ဟု အဘယ်ကြောင့်​ပြောဆို​ကြ​ရ​မည်နည်း​။ ကိုယ်တော်​၏​ပြင်းထန်​သော​အမျက်​တော်​ပြေ​၍ ကိုယ်တော်​၏​လူမျိုး​တော်​အပေါ်​ကျရောက်​စေ​မည့်​ဘေးအန္တရာယ်​မှ စိတ်ပြောင်းလဲ​တော်မူ​ပါ​။


အကြောင်းမူကား ငါ​သည် ငါ့​အတွက်​၊ ငါ့​အစေအပါး​ဒါဝိဒ်​အတွက် ဤ​မြို့​ကို ကာကွယ်​မည်​။ ဤ​မြို့​ကို​ကယ်တင်​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​စေ​၏​။


ဆင်းရဲ​နွမ်းပါး​သော​သူ​တို့​သည် ရေ​ကို​ရှာ​ကြ​၏​။ ရေ​မ​ရှိ​သောကြောင့် သူ​တို့​သည် ရေငတ်​၍ အာခေါင်​ခြောက်ကပ်​သောအခါ ငါ​ထာဝရဘုရား​သည် သူ​တို့​ကို​ထူး​မည်​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ငါ​သည် သူ​တို့​ကို စွန့်ပစ်​မည်​မ​ဟုတ်​။


ငါ​သည် မျက်မမြင်​တို့​ကို သူ​တို့​မ​သိ​သော​ခရီး​ဖြင့် ပို့ဆောင်​မည်​။ သူ​တို့​မ​သိ​သော​လမ်း​ဖြင့် လမ်းပြ​မည်​။ သူ​တို့​ရှေ့​၌ အမှောင်​ကို အလင်း​ဖြစ်စေ​မည်​။ ကြမ်းတမ်း​သော​နေရာ​များ​ကို ချောမွေ့​စေ​မည်​။ ဤ​အရာ​တို့​ကို ငါ​ပြု​မည်​။ ငါ​သည် သူ​တို့​ကို မ​စွန့်ပစ်​။


ငါ​ကိုယ်တော်တိုင် သင်​ကျူးလွန်​သော​အပြစ်​တို့​ကို ငါ့​အဖို့ ငါ​ပယ်ဖျက်​၏​။ သင်​၏​အပြစ်​တို့​ကို ငါ​အောက်မေ့​မည်​မ​ဟုတ်​။


သူ​တို့​အားလုံး​ကို ငါ့​နာမ​ဖြင့် ငါ​ခေါ်​၏​။ ငါ​၏​ဘုန်းအသရေ​အတွက် ငါ​ဖန်ဆင်း​၏​။ ငါ​ပုံဖော်ဖန်ဆင်း​၍ ငါ​ဖြစ်တည်​စေ​၏​”​ဟု မိန့်​တော်မူ​၏​။


ငါ့​အတွက်​၊ ငါ့​အတွက်​သာလျှင် ငါ​ပြု​၏​။ ငါ့​နာမ​သည် မည်သည့်​အတွက်ကြောင့် အရှုတ်ချ​ခံ​မည်နည်း​။ ငါ​၏​ဘုန်းအသရေ​ကို အခြား​သူ​အား ငါ​မ​ပေး​။


မိခင်​သည် မိမိ​နို့စို့ကလေး​ကို မေ့လျော့​နိုင်​မည်လော​။ မိမိ​ဝမ်း​နှင့်​လွယ်​သော​သားသမီး​ကို မ​သနား​ဘဲ​နေ​မည်လော​။ ထိုသို့​မေ့လျော့​နိုင်​ခဲ့​လျှင်ပင် ငါ​သည် သင့်​ကို​မေ့လျော့​မည်​မ​ဟုတ်​။


ကိုယ်တော်​က “​စင်စစ် သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​၏​။ သူ​တို့​သည် သစ္စာ​မ​ပျက်​သော​သားသမီး​များ​ဖြစ်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ကိုယ်တော်​သည်​လည်း သူ​တို့​၏​ကယ်တင်ရှင်​ဖြစ်​တော်မူ​၏​။


ကိုယ်တော်​၏​နာမ​ကို​ထောက်​၍ အကျွန်ုပ်​တို့​ကို ပစ်ပယ်​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​ဘုန်းအသရေ​ပလ္လင်​တော်​ကို အသရေဖျက်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​တို့​နှင့်​ဖွဲ့​သော ကိုယ်တော်​၏​ပဋိညာဉ်​ကို အောက်မေ့​တော်မူ​ပါ​၊ ပယ်ဖျက်​တော်​မ​မူ​ပါ​နှင့်​။


အကျွန်ုပ်​တို့​၏​အပြစ်​များ​က အကျွန်ုပ်​တို့​ကို​သက်သေထူ​နေ​သော်လည်း အို ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်​၍ စီရင်​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကြိမ်ဖန်​များစွာ​လမ်းလွဲဖောက်ပြန်​၍ ကိုယ်တော်​ကို​ပြစ်မှား​ကြ​ပါ​ပြီ​။


အဘယ်ကြောင့် အံ့ဩမှင်တက်​မိ​သူ​ကဲ့သို့​ဖြစ်​ရ​သနည်း​။ အဘယ်ကြောင့် မ​ကယ်တင်​နိုင်​သော​စစ်သူရဲ​ကဲ့သို့​ဖြစ်​ရ​သနည်း​။ အို ထာဝရဘုရား​၊ စင်စစ် ကိုယ်တော်​သည် အကျွန်ုပ်​တို့​နှင့်အတူ​ရှိ​ပါ​၏​။ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်​ခြင်း​ခံရ​သူ​များ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​တို့​ကို စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။


အကျွန်ုပ်​တို့​ကို အဘယ်ကြောင့် အစဉ်​မေ့လျော့​တော်မူ​ပါ​သနည်း​။ အဘယ်ကြောင့် အချိန်​ကြာမြင့်​စွာ စွန့်ပစ်​တော်မူ​ပါ​သနည်း​။


သို့သော် သူ​တို့​အား ထုတ်ဆောင်​လာ​ခဲ့​သည်​ကို မြင်တွေ့​သော​လူမျိုးခြား​တို့​ရှေ့​တွင် ငါ့​နာမ​ရှုတ်ချ​မ​ခံရ​ရန်​အတွက် ငါ​ပြု​ခဲ့​၏​။


သို့သော် သူ​တို့​နေထိုင်​ရာ​လူမျိုးခြား​တို့​အလယ်​တွင် ငါ့​နာမ​ရှုတ်ချ​မ​ခံရ​ရန်​အတွက် ငါ​ပြု​ခဲ့​၏​။ သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို လူမျိုးခြား​တို့​အား သိ​စေ​ခဲ့​၏​။


ထာဝရဘုရား​က “​သင်​တို့​ကို ငါ​ချစ်​၏​”​ဟု မိန့်ဆို​လျှင် သင်​တို့​က “​ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို မည်သို့​ချစ်​သနည်း​”​ဟု မေး​ကြ​၏​။ ထာဝရဘုရား​က “​ဧသော​နှင့် ယာကုပ်​သည် ညီအစ်ကို ဖြစ်​သည်​မ​ဟုတ်​လော​။ ယာကုပ်​ကို ငါ​ချစ်​၏​။


မှန်​ပါ​၏ အဖ။ ဤသည်ကား ရှေ့​တော်​၌ နှစ်သက်​တော်မူ​သော​အရာ​ဖြစ်​ပါ​၏။


သင်​တို့​သည် ငါ့​ကို​ရွေးကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သာလျှင် သင်​တို့​ကို​ရွေးကောက်​သဖြင့် သင်​တို့​သည်​သွား​လျက် အသီး​ကို​သီး​၍ သင်​တို့​၏​အသီး​တည်မြဲ​မည့်​အကြောင်း​နှင့် ငါ့​နာမ​၌ ခမည်းတော်​အား တောင်းလျှောက်​သမျှ​တို့​ကို သင်​တို့​အား ခမည်းတော်​ပေး​တော်မူ​မည့်​အကြောင်း သင်​တို့​ကို ငါ​ခန့်ထား​၏။


သို့ဖြစ်လျှင် ငါ​မေး​လို​သည်​မှာ ဘုရားသခင်​သည် မိမိ​၏​လူမျိုး​တော်​ကို ပစ်ပယ်​တော်မူ​ပြီ​လော။ လုံးဝ​ပစ်ပယ်​တော်​မ​မူ။ ငါ​ကိုယ်တိုင်​လည်း အစ္စရေး​လူမျိုး၊ အာဗြဟံ​မှ​ဆင်းသက်​လာ​သူ၊ ဗင်္ယာမိန်​အနွယ်ဝင်​ဖြစ်​၏။


အကြောင်းမူကား ဘုရားသခင်​၏​ဆု​ကျေးဇူး​များ​နှင့်​ခေါ်ယူ​တော်မူ​ခြင်း​သည် ပြောင်းလဲ​ခြင်း​မ​ရှိ။


အကြောင်းမူကား မည်သူ​သည် သင့်​ကို​ထူးခြား​စေ​သနည်း။ သင်​ခံယူ​ရရှိ​သော​အရာ​မ​ဟုတ်​ဘဲ သင်​၌​နဂို​ကတည်းက ရှိ​ထား​သော​အရာ​တစ်စုံတစ်ခု​ရှိ​သလော။ သင်​ခံယူ​ရရှိ​ခဲ့​သည့်​အရာ​ဖြစ်​သည်​မှန်​လျှင် ခံယူ​ရရှိ​ခဲ့​သည့်​အရာ​မ​ဟုတ်​သကဲ့သို့ အဘယ်ကြောင့်​ဝါကြွား​သနည်း။


ဤသည်ကား ခရစ်တော်​၌ ဦးစွာ​မျှော်လင့်​ထား​သော​ငါ​တို့​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​မည့်​အကြောင်း​တည်း။


ဤသည်ကား ချစ်​တော်မူ​သော​သား​တော်​အားဖြင့် ငါ​တို့​အား​ပေး​သနား​တော်မူ​သော မိမိ​ကျေးဇူး​တော်​၏​ဘုန်း​တော်​ကို ငါ​တို့​ချီးမွမ်း​ကြ​မည့်​အကြောင်း​တည်း။


အကြောင်းမူကား သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ သန့်ရှင်း​သော​လူမျိုး​ဖြစ်​၏​။ ထာဝရဘုရား​သည် မြေကြီး​ပေါ်​၌​ရှိ​သော​လူမျိုး​အပေါင်း​တို့​ထဲမှ မိမိ​မြတ်နိုးတန်ဖိုးထား​သော​လူမျိုး​အဖြစ် သင့်​ကို​ရွေးချယ်​တော်မူ​၏​။


ထို​နေ့ရက်​၌ ငါ​သည် သူ​တို့​ကို​အမျက်ထွက်​၍ စွန့်ပစ်​မည်​။ သူ​တို့​ထံမှ မျက်နှာ​လွှဲ​မည်​။ သူ​တို့​သည် ဝါးမျို​ခြင်း​ခံရ​မည်​။ ဘေးအန္တရာယ်​နှင့်​ဆင်းရဲဒုက္ခ​များစွာ​တို့​နှင့် ကြုံတွေ့​ရ​မည်​။ သို့ဖြစ်၍ ထို​နေ့ရက်​၌ သူ​တို့​က ‘​ငါ​တို့​၏​ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​မ​ရှိ​သောကြောင့် ဤ​ဘေးအန္တရာယ်​များ​နှင့် ငါ​တို့​ကြုံတွေ့​ရ​သည်​မ​ဟုတ်​လော​’​ဟု ဆို​ကြ​လိမ့်မည်​။


အားယူ​၍​ရဲရင့်​ခြင်း​ရှိ​ကြ​လော့​။ မ​ကြောက်​ကြ​နှင့်​။ သူ​တို့​ကြောင့် မ​ထိတ်လန့်​ကြ​နှင့်​။ အကြောင်းမူကား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ​ကြွ​တော်မူ​မည်​။ သင်​တို့​ကို ပစ်ထား​တော်မူ​မည်​မ​ဟုတ်​။ သင်​တို့​ကို စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​”​ဟု ဆို​လေ​၏​။


ထာဝရဘုရား ကိုယ်တော်တိုင် သင့်​ရှေ့​မှ ကြွ​တော်မူ​မည်​။ သင်​နှင့်အတူ​ရှိ​မည်​။ သင့်​ကို ပစ်ထား​တော်မူ​မည်​မ​ဟုတ်​။ သင့်​ကို စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။ မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်​”​ဟု ပြောကြား​၏​။


အကြောင်းမူကား သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အတွက် သန့်ရှင်း​သော​လူမျိုး​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို မြေကြီး​ပေါ်၌​ရှိ​သော လူမျိုး​အပေါင်း​တို့​ထဲမှ မိမိ​မြတ်နိုးတန်ဖိုးထား​သော​လူမျိုး​အဖြစ် ရွေးချယ်​တော်မူ​၏​။


သင်​၏​ဖြောင့်မတ်​ခြင်း​နှင့် သင်​၏​စိတ်သဘော​ဖြောင့်မှန်​ခြင်း​တို့​ကြောင့် သင်​သည် သူ​တို့​၏​ပြည်​ကို ဝင်ရောက်​ပိုင်ဆိုင်​ရ​ခြင်း မ​ဟုတ်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဤ​လူမျိုး​တို့​၏​ဆိုးယုတ်မှု​ကြောင့်​လည်းကောင်း​၊ သင့်​ဘိုးဘေး အာဗြဟံ​၊ ဣဇက်​၊ ယာကုပ် တို့​အား ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သည့်​စကား​တော်​ကို တည်​စေရန်​အတွက်​လည်းကောင်း သူ​တို့​ကို သင့်​ရှေ့မှောက်​မှ နှင်ထုတ်​တော်မူ​ခြင်း​ဖြစ်​၏​။


သင်​တို့​၌ ကောင်း​သော​အမှု​ကို​အစပြု​ခဲ့​သော​အရှင်​သည် ခရစ်တော်​ယေရှု​၏​နေ့ရက်​တိုင်အောင် ထို​အမှု​ကို ပြီးမြောက်​စေ​တော်မူ​လိမ့်မည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။


အသက်ရှင်​နေထိုင်​မှု​တွင် ငွေ​ကို​တပ်မက်​ခြင်း​မ​ရှိ​ဘဲ မိမိ​၌​ရှိ​သော​အရာ​နှင့် ရောင့်ရဲ​ကြ​လော့။ အကြောင်းမူကား “ငါ​သည် မည်သည့်​အခါ​မျှ သင့်​ကို​စွန့်ခွာ​မည်​မ​ဟုတ်။ မည်သည့်​အခါ​မျှ သင့်​ကို​ပစ်ပယ်​မည်​မ​ဟုတ်”​ဟု ကိုယ်တော်​မိန့်​တော်မူ​၏။


ခါနာန်​လူမျိုး​နှင့် ခါနာန်​ပြည်သား​အပေါင်း​တို့​ကြား​လျှင် သူ​တို့​သည် အကျွန်ုပ်​တို့​ကို​ဝိုင်းရံ​ထား​ပြီး အကျွန်ုပ်​တို့​၏​အမည်​ကို မြေကြီး​ပေါ်မှ​ပယ်ဖျက်​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​ကြီးမြတ်​သော​နာမ​တော်​အဖို့ မည်သို့​ပြု​တော်မူ​မည်နည်း​”​ဟု လျှောက်ဆို​လေ​၏​။


သင်​တို့​မူကား ရွေးကောက်​ခံရ​သော​အမျိုးအနွယ်၊ တော်ဝင်​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်း​သော​တိုင်းသူပြည်သား၊ ပိုင်ဆိုင်​တော်မူ​သော​လူမျိုး​တော်​ဖြစ်​ကြ​၏။ ဤသည်ကား သင်​တို့​ကို အမှောင်​ထဲမှ မိမိ​၏​အံ့ဩဖွယ်​အလင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​၏​ကောင်းမြတ်​တော်မူ​ခြင်း​များ​ကို သင်​တို့​ဖော်ပြ​ကြ​မည့်​အကြောင်း​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ