၁ ပေ 2:5 - မြန်မာ့စံမီသမ္မာကျမ်း
5 သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
5 သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
5 ယေ ရှု ခ ရစ် အား ဖြင့် ဘု ရား သ ခင် လက် ခံ တော် မူ ဖွယ် ဝိ ညာဉ့် ဆိုင် ရာ ပူ ဇော် သ က္ကာ များ ကို ဆက် ကပ် ရ သူ သန့် ရှင်း သော ပ ရော ဟိတ် ကြီး များ ဖြစ် သည့် ပြင် သက် ရှင် ကျောက် များ အ နေ နှင့် တည် ထား သော ဝိ ညာဉ် ဗိ မာန် ဖြစ် ကြ လော့။
အခန်းကိုကြည့်ပါ။ ကော်ပီ
5 အသက်ကျောက်များကဲ့သို့ အဆင့်ဆင့်အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှုခရစ်အားဖြင့် ဘုရားသခင်နှစ်သက်တော်မူရာ ဓမ္မယဇ်ကိုပူဇော်ရသော သန့်ရှင်းသော ယဇ်ပုရောဟိတ်မျိုးလည်း ဖြစ်ကြ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
5 သင်တို့သည်လည်း အသက်ရှင်သောကျောက်များကဲ့သို့ ဝိညာဉ်ရေးရာအိမ်တော်တည်ဆောက်ရာတွင် ပါဝင်အသုံးခံကြ၏။ ဤသည်မှာ သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်၍ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှစ်သက်ဖွယ် ဝိညာဉ်ရေးရာပူဇော်စရာများကို ပူဇော်နိုင်ရန်ဖြစ်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ