အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ တိ 4:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့သော် နောင်​လာ​မည့်​အချိန်​ကာလ​များ​၌ လူ​အချို့​တို့​သည် လှည့်ဖြား​သော​ဝိညာဉ်​များ​နှင့် နတ်ဆိုး​တို့​၏​သွန်သင်​ချက်​များ​ကို အာရုံစိုက်​လျက် ယုံကြည်​ခြင်း​ကို​စွန့်ခွာ​ကြ​လိမ့်မည်​ဟု ဝိညာဉ်​တော်​သည် အတိအလင်း​မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

နောင်​ကာ​လ​၌​လူ​အ​ချို့​တို့​သည်​မု​သား​ပြော ဆို​သည့်​ဝိ​ညာဉ်​များ​၏​စ​ကား​ကို​နာ​ခံ​လျက် နတ်​မိစ္ဆာ​တို့​၏​သြ​ဝါ​ဒ​ကို​လိုက်​နာ​ကာ မိ​မိ တို့​၏​ယုံ​ကြည်​ခြင်း​ကို​စွန့်​လွှတ်​ကြ​လိမ့်​မည် ဟု​ဝိ​ညာဉ်​တော်​က အ​တိ​အ​လင်း​ဖော်​ပြ တော်​မူ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

သို့ ရာ တွင် အိမ် ထောင် မ ပြု ရ ဟူ၍ လည်း ကောင်း၊ အ စာ မျိုး စုံ မ စား ရ ဟူ၍ လည်း ကောင်း မြစ် တား သူ၊ သြ တ္တ ပ္ပ စိတ် ခဲ ယဉ်း စွာ မိ စ္ဆာ ဒိ ဌိ သင် ကြား သူ တို့၏ သီ လ ကြောင် ခြင်း ကြောင့် အ ချို့ တို့ သည် လှည့် စား သော ဝိ ညာဉ် များ နှင့် နတ် ဆိုး တို့ သြ ဝါ ဒ ကို ဂ ရု ပြု သ ဖြင့် နောင် ကာ လ များ တွင် ယုံ ကြည် ခြင်း တ ရား မှ​ ဖောက် ပြန် ကြ မည့် အ ကြောင်း ဝိ ညာဉ် တော် က အ တည့် အ လင်း ဆင့် ဆို တော် မူ၏။ သ မ္မာ တ ရား ကို သိ ကျွမ်း၍ ယုံ ကြည် သူ တို့ သည် ကျေး ဇူး တော် ကို ချီး မွမ်း လျက် သုံး ဆောင် ကြ ရ စေ ရန် ၎င်း အ စာ မျိုး ကို ဘု ရား သ ခင် ဖန် ဆင်း တော် မူ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ဝိ​ညာဉ်​တော်​သည် အ​တည့်​အ​လင်း ဗျာ​ဒိတ်​ထား​တော်​မူ​သည်​ကား၊ နောင်​ကာ​လ၌ ဩ​တ္တ​ပ္ပ​စိတ်​တွင် သံ​ပူ​နှင့်​ခတ်​ခြင်း​ကို​ခံ​ပြီး​လျှင်၊ မု​သား​စ​ကား​ကို ပြော​တတ်​သော သူ​တို့၏ လျှို့​ဝှက်​ခြင်း​အား​ဖြင့်၊ လူ​အ​ချို့​တို့​သည် ယုံ​ကြည်​ခြင်း​ကို စွန့်​ပယ်၍၊ လှည့်​ဖြား​တတ်​သော စိတ်​ဝိ​ညာဉ်​တို့၌​လည်း​ကောင်း၊ နတ်​ဘု​ရား​တို့​နှင့်​စပ်​ဆိုင်​သော ဩ​ဝါ​ဒ​တို့၌​လည်း​ကောင်း မှီ​ဝဲ​ဆည်း​ကပ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

နောက်ဆုံးသော​နေ့ရက်များ​၌ လူ​တချို့​သည် မိမိတို့​၏ ယုံကြည်ခြင်း​တရား​ကို စွန့်​၍ လူ​ကို လှည့်စားသော​ဝိညာဉ်ဆိုးများ​နှင့် နတ်ဆိုးများ​၏ သွန်သင်မှု​ကို ခံယူကြ​လိမ့်မည်​ဟု ဝိညာဉ်တော်​သည် ရှင်းလင်း​စွာ မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။



၁ တိ 4:1
64 ပူးပေါင်းရင်းမြစ်များ  

ထာဝရအရှင်​ဘုရားသခင်​က​လည်း မိန်းမ​အား “​သင်​ပြု​သော​ဤ​အမှု​ကား မည်သို့​နည်း​”​ဟု မိန့်​တော်မူ​လျှင် မိန်းမ​က “​မြွေ​သည် အကျွန်ုပ်​ကို​လှည့်စား​၍ အကျွန်ုပ်​စား​မိ​ပါ​သည်​”​ဟု လျှောက်​လေ​၏​။


ပရောဖက်​က “​ငါ​သည်​လည်း သင်​ကဲ့သို့ ပရောဖက်​တစ်​ပါး​ပင်​ဖြစ်​ပါ​၏​။ ‘​သူ့​ကို သင့်​အိမ်​သို့ ပြန်ခေါ်​သွား​ပါ​။ အစာ​လည်း ကျွေး​ပါ​၊ ရေ​လည်း တိုက်​ပါ​’​ဟူသည့် ထာဝရဘုရား​၏​စကား​တော်​ကို ကောင်းကင်တမန်​တစ်​ပါး​က ငါ့​အား မိန့်​တော်မူ​ပြီ​”​ဟု လိမ်ညာ​ပြောဆို​လေ​၏​။


နောက်ဆုံး​သော​ကာလ​၌ ထာဝရဘုရား​အိမ်​တော်​တည်​ရာ​တောင်​သည် တောင်​တို့​၏​အထွတ်အထိပ်​၌​တည်​၍ တောင်ကုန်း​တို့​အထက်​၌ ချီးမြှောက်​ခြင်း​ခံရ​လိမ့်မည်​။ လူမျိုး​အပေါင်း​တို့​သည်​လည်း ထို​တောင်​သို့ စုဝေး​လာ​ကြ​လိမ့်မည်​။


မုသား​သည် မဟုတ်မမှန် ပရောဖက်ပြု​ဟောပြော​သော ပရောဖက်​တို့​၏​စိတ်​ထဲ၌ မည်မျှ​ကြာ​အောင်​ရှိ​နေ​ဦး​မည်နည်း​။ သူ​တို့​သည် သူ​တို့​စိတ်​ထဲ၌​ရှိ​သည့် လှည့်စားမှု​အတိုင်း ပရောဖက်​ပြု​ကြ​၏​။


သို့သော် နောင်ကာလ​တွင် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​မောဘ​ပြည်သား​တို့​ကို ငါ​ပြန်လာ​စေ​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ ဤသည်ကား မောဘ​ပြည်​အတွက် တရားစီရင်​ခြင်း​ပေတည်း​။


ထာဝရဘုရား​က ‘ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ဧလံ​ပြည်သား​တို့​ကို နောင်ကာလ​တွင် ငါ​ပြန်လာ​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


ခါလဒဲ​ပြည်​၊ ခေဗာ​မြစ်​နား​တွင်​ရှိ​စဉ် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဗုဇိ​၏​သား​၊ ယဇ်ပုရောဟိတ် ယေဇကျေလ​ထံသို့ ရောက်လာ​၏​။ ထို​အရပ်​၌ ထာဝရဘုရား​သည် လက်​တော်​ကို သူ့​အပေါ်​တင်​လျက်​ရှိ​၏​။


မိုးတိမ်​သည် မြေပြင်​ကို​လွှမ်းမိုး​သကဲ့သို့ သင်​သည် ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို​တိုက်ခိုက်​ရန် စစ်ချီ​လာ​မည်​။ အို ဂေါဂ​မင်းကြီး​၊ နောင်​ကာလ​တွင် ငါ​၏​ပြည်​တော်​ကို တိုက်ခိုက်​ရန် သင့်​ကို ငါ​စစ်ချီ​စေ​၍ ငါ​သန့်ရှင်း​ကြောင်း​ကို သင့်​အားဖြင့် လူမျိုးတကာ​တို့​ရှေ့​တွင် ထင်ရှား​စေ​သောအခါ သူ​တို့​သည် ငါ့​ကို​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ဤ​ဗျာဒိတ်နိမိတ်​သည် နောင်လာမည့်​နေ့ရက်​များ​နှင့်​ဆိုင်​သည်​ဖြစ်​၍ ထို​နေ့ရက်​များ​တွင် သင့်​လူမျိုး​၌ ဖြစ်ပျက်​မည့်​အရာ​တို့​ကို ကြားပြော​ရန် ငါ​ရောက်လာ​ပြီ​”​ဟု ဆို​၏​။


ထို့နောက်မှ အစ္စရေး​အမျိုးသား​တို့​သည် ပြန်လာ​၍ မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ရှာ​ကြ​လိမ့်မည်​။ သူ​တို့​၏​ဘုရင် ဒါဝိဒ်​မင်းကြီး​ကို ရှာ​ကြ​လိမ့်မည်​။ နောက်ဆုံး​သော​နေ့​တွင် ထာဝရဘုရား​ထံမှ ကောင်းချီးခံစား​ရ​မည့်​အကြောင်း ထာဝရဘုရား​ထံ ကြောက်ရွံ့ရိုသေ​စွာ ပြန်လာ​ကြ​လိမ့်မည်​။


နောက်ဆုံး​သော​ကာလ​တွင် ထာဝရဘုရား​၏​အိမ်​တော်​တည်ရှိ​ရာ​တောင်​သည် တောင်​တို့​၏​အထွတ်​၌ တည်​လိမ့်မည်​။ တောင်ကုန်း​တို့​ထက် ချီးမြှောက်​ခြင်း​ခံရ​၍ လူမျိုး​တို့​သည် ထို​တောင်​တွင် စုရုံး​ကြ​လိမ့်မည်​။


ယခု ငါ့​လူမျိုး​ထံသို့ ငါ​ပြန်သွား​မည်​။ နောင်​အခါ ဤ​လူမျိုး​သည် သင့်​လူမျိုး​ကို မည်သို့​ပြု​မည်​ကို သင့်​အား ငါ​သတိပေး​ခဲ့​မည်​”​ဟု ဆို​၍


ဤ​လောက​သည် မှားယွင်း​စေ​သော​အရာ​များ​ကြောင့် အမင်္ဂလာရှိ​၏။ မှားယွင်း​စေ​သော​အရာ​များ​သက်ရောက်​မည်ကို လွှဲရှောင်​၍​မ​ရ​နိုင်။ သို့သော် မှားယွင်း​စေ​သော​အရာ​ကို သက်ရောက်​စေ​သော​သူ​သည် အမင်္ဂလာရှိ​၏။


ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​အား“မှားယွင်း​စေ​သော​အရာ​များ​သည် ဧကန်မုချ​သက်ရောက်​မည်​ဖြစ်​၏။ သို့သော် ထို​အရာ​များ​ကို သက်ရောက်​စေ​သော​သူ​သည် အမင်္ဂလာရှိ​၏။


သို့ရာတွင် သမ္မာတရား​၏​ဝိညာဉ်​တော်​ရောက်လာ​သောအခါ သမ္မာတရား​အလုံးစုံ​ထဲသို့ သင်​တို့​ကို လမ်းပြ​ပို့ဆောင်​တော်မူ​လိမ့်မည်။ အကြောင်းမူကား ထို​ဝိညာဉ်​တော်​သည် မိမိ​ဆန္ဒ​အလျောက် မြွက်ဆို​တော်​မ​မူ​ဘဲ ကြား​ရ​သမျှ​တို့​ကို မြွက်ဆို​တော်မူ​၍ နောင်​ဖြစ်လာ​မည့်​အရာ​တို့​ကို သင်​တို့​အား ဖော်ပြ​တော်မူ​လိမ့်မည်။


သူ​တို့​သည် သခင်​ဘုရား​ကို​ဝတ်ပြု​လျက် အစာရှောင်​နေ​ကြ​စဉ် သန့်ရှင်း​သော​ဝိညာဉ်​တော်​က “ဗာနဗ​နှင့်​ရှောလု​တို့​ကို သူ​တို့​အတွက်​ငါ​သတ်မှတ်​ထား​သော​အမှု​ကို​ဆောင်ရွက်​စေရန် ငါ့​အတွက် သီးသန့်​ရွေးချယ်​ထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ဧပိကုရု​၏​တပည့်​များ​နှင့် သတောအိပ်​အတွေးအခေါ်​ပညာရှင်​အချို့​တို့​သည်​လည်း ပေါလု​နှင့်​ဆွေးနွေး​ကြ​၏။ အချို့​က “ဤ​စကားအိုး​သည် မည်သည့်​အရာ​ကို ပြောဆို​လို​သနည်း”​ဟု ဆို​ကြ​၏။ အချို့​တို့​က​မူ “သူ​သည် တစ်ပြည်တစ်ရပ်ခြား​၏​နတ်​ဘုရား​များ​အကြောင်း​ကို ဟောပြော​နေ​ဟန်​ရှိ​သည်”​ဟု ဆို​ကြ​၏။ ဤသို့ဆိုခြင်းမှာ ပေါလု​သည် ယေရှု​နှင့် ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​တို့​ကို ဟောပြော​နေ​သောကြောင့်​ဖြစ်​၏။


သို့သော် အချုပ်အနှောင်​နှင့် ဆင်းရဲ​ဒုက္ခ​များ​သည် ငါ့​ကို​စောင့်​နေ​ကြောင်း သန့်ရှင်း​သော​ဝိညာဉ်​တော်​က မြို့​တိုင်း​၌ ငါ့​အား​သက်သေခံ​တော်မူ​သည်​ကို ငါ​သိ​၏။


ထို​သူ​သည် ငါ​တို့​ထံ​လာ​၍ ပေါလု​၏​ခါးပန်း​ကို​ယူ​ပြီးလျှင် မိမိ​၏​ခြေ​နှင့်​လက်​တို့​ကို ချည်နှောင်​ကာ “ဂျူး​လူမျိုး​တို့​သည် ဤ​ခါးပန်း​ပိုင်ရှင်​ကို ဂျေရုဆလင်​မြို့​တွင် ဤကဲ့သို့​ချည်နှောင်​၍ လူမျိုးခြား​တို့​လက်​သို့ အပ်နှံ​ကြ​လိမ့်မည်​ဟု သန့်ရှင်း​သော​ဝိညာဉ်​တော်​မိန့်​တော်မူ​၏”​ဟု ဆို​လေ​၏။


ထိုအခါ အချင်းချင်း​ကြား​၌ သဘောထား​ကွဲလွဲ​သဖြင့် ပြန်သွား​ကြ​စဉ်တွင် ပေါလု​က “သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် ပရောဖက်​ဟေရှာယ​အားဖြင့် သင်​တို့​ဘိုးဘေး​တို့​အား လျောက်ပတ်​စွာ​ဟောပြော​ခဲ့​သည်​ကား


ထိုသို့​မ​ဆိုလို။ သူ​တို့​ပူဇော်​သော​အရာ​များ​သည် ဘုရားသခင်​ထံ​ပူဇော်​ခြင်း​မ​ဟုတ်​ဘဲ နတ်ဆိုး​များ​ထံ​ပူဇော်​ကြ​ခြင်း​ဖြစ်​၏။ ငါ​သည် သင်​တို့​ကို နတ်ဆိုး​တို့​နှင့် စပ်ဆိုင်​သော​သူ​မ​ဖြစ်​စေ​လို​ပါ။


အမှန်စင်စစ် သင်​တို့​ထဲ၌ ယုံကြည်​စိတ်ချ​ရ​သူ​များ သိသာ​ထင်ရှား​လာ​မည့်​အကြောင်း သင်​တို့​တွင် ဂိုဏ်းကွဲ​ခြင်း​ရှိ​ရန်​လိုအပ်​ပေ​၏။


ထို​ဝိညာဉ်​တော်​တစ်ပါးတည်း​သည် ဤ​အမှုအရာ​အလုံးစုံ​တို့​ကို လုပ်ဆောင်​တော်မူ​၍ အလို​တော်​ရှိ​သည့်​အတိုင်း ထို​ဆု​ကျေးဇူး​များ​ကို တစ်ဦးစီ​အား အသီးသီး​ခွဲဝေ​ပေး​တော်မူ​၏။


သို့သော် ဘုရားသခင်​သည် ထို​အရာ​တို့​ကို ဝိညာဉ်​တော်​အားဖြင့် ငါ​တို့​အား​ဖော်ပြ​တော်မူ​၏။ အကြောင်းမူကား ဝိညာဉ်​တော်​သည် ဘုရားသခင်​၏​နက်နဲ​သော​အရာ​များ​မှစ၍ ခပ်သိမ်း​သော​အရာ​တို့​ကို စူးစမ်း​တော်မူ​၏။


သို့သော် မြွေ​သည် မိမိ​၏​ပရိယာယ်​အားဖြင့် ဧဝ​ကို​လှည့်ဖြား​သကဲ့သို့ အကြောင်း​တစ်စုံတစ်ခု​ကြောင့် သင်​တို့​၏​စိတ်နှလုံး​သည် ခရစ်တော်​အပေါ်​၌​ထားရှိ​သော ရိုးသား​ဖြူစင်​ခြင်း​မှ​သွေဖည်​သွား​မည်​ကို ငါ​စိုးရိမ်​၏။


သူ​တို့​သည် ဉာဏ်ပညာရှိ​လျှင် ဤ​အမှု​ကို​နားလည်​ကြ​လိမ့်မည်​။ သူ​တို့​၏​နိဂုံး​ကို​ဆင်ခြင်​မိ​ကြ​လိမ့်မည်​။


သင်​တို့​သည် နောင်​ကာလ​၌ ဤ​အမှု​အလုံးစုံ​တို့​နှင့်​ကြုံတွေ့​၍ ဆင်းရဲဒုက္ခ​ခံရ​သောအခါ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံသို့​ပြန်လာ​၍ ကိုယ်တော်​၏​စကား​ကို နားထောင်​ကြ​လိမ့်မည်​။


မိမိ​ကိုယ်​ကို​ချိုးနှိမ်​ခြင်း၊ ကောင်းကင်​တမန်​များ​ကို​ကိုးကွယ်​ခြင်း​တို့​၌ မွေ့လျော်​နေ​သော​သူ​တစ်စုံတစ်ဦး​ကြောင့် သင်​တို့​သည် ဆု​နှင့်​လွဲ​ရ​သည့်​အဖြစ်မျိုး​ကို အဖြစ်​မ​ခံ​ကြ​နှင့်။ ထို​သူ​တို့​သည် မြင်မက်​သော​အရာ​တို့​ကို နှိုက်နှိုက်ချွတ်ချွတ်​စူးစမ်း​၍ မိမိ​၏​သွေးသား​ဇာတိ​နှင့်ဆိုင်သော စိတ်နှလုံး​အားဖြင့် အချည်းနှီး​ထောင်လွှား​ကာ


ဆိုးညစ်​သော​သူ​တို့​နှင့် လိမ်လည်​လှည့်ဖြား​သော​သူ​တို့​သည် သူတစ်ပါး​ကို​လှည့်ဖြား​လျက် လှည့်ဖြား​ခြင်း​ကို​လည်း​ခံရ​လျက် ပို၍​ဆိုးရွား​သော​အဖြစ်​သို့ ကျဆင်း​သွား​ကြ​လိမ့်မည်။


သမ္မာတရား​ကို​နားမထောင်​ဘဲ ဒဏ္ဍာရီ​များ​ဘက်​သို့​လှည့်​သွား​ကြ​မည့်​အချိန်အခါ​ရောက်လာ​လိမ့်မည်။


ထို​သို့သော​ဉာဏ်ပညာ​သည် အထက်​အရပ်​မှ​လာ​သည်​မ​ဟုတ်​ဘဲ လောက​နှင့်​လည်းကောင်း၊ ဇာတိ​နှင့်​လည်းကောင်း၊ နတ်ဆိုး​တို့​နှင့်​လည်းကောင်း စပ်ဆိုင်​၏။


ကိုယ်တော်​သည် ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် သိမှတ်​ခွဲခန့်​ထား​ခြင်း​ခံရ​သော်လည်း ဤ​နောက်ဆုံး​သော​အချိန်​ကာလ​၌ သင်​တို့​အတွက်​ပေါ်ထွန်း​တော်မူ​၏။


သို့သော် ပရောဖက်​အတုအယောင်​များ​သည် လူမျိုး​တော်​ထဲ၌​ပေါ်လာ​ကြ​သကဲ့သို့ သင်​တို့​ထဲ၌​လည်း ဆရာ​အတုအယောင်​များ​ပေါ်လာ​ကြ​လိမ့်မည်။ ထို​သူ​တို့​သည် ပျက်စီး​ခြင်း​သို့​ရောက်​စေ​သည့် မှားယွင်း​သော​အယူဝါဒ​များ​ကို လျှို့ဝှက်​စွာ​ယူဆောင်​လာ​၍ မိမိ​တို့​ကို ရွေးနုတ်​ဝယ်ယူ​သော​သခင်​ကို​ပင် ငြင်းပယ်​ကာ မိမိ​တို့​အပေါ် လျင်မြန်​သော​ပျက်စီး​ခြင်း​ကို ကျရောက်​စေ​ကြ​လိမ့်မည်။


ပထမ​ဦးစွာ သင်​တို့​သိ​ထား​ရ​မည့်​အချက်​မှာ ပြက်ရယ်ပြု​တတ်​သော​သူ​တို့​သည် နောက်ဆုံး​သော​နေ့ရက်​ကာလ​၌ ပြက်ရယ်ပြု​လျက်​ပေါ်လာ​၍ မိမိ​တို့​၏​တပ်မက်​ခြင်း​များ​အတိုင်း လျှောက်လှမ်း​ကာ


သားသမီး​တို့၊ ယခု​ကာလ​သည် နောက်ဆုံး​သော​ကာလ​ဖြစ်​၏။ ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​ရောက်လာ​တော့မည်​ဟု သင်​တို့​ကြား​ရ​သည့်​အတိုင်း ယခု​ပင် ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​အမြောက်အမြား​ပေါ်​လာ​ကြ​ပြီ။ ထို့ကြောင့် ယခု​ကာလ​သည် နောက်ဆုံး​သော​ကာလ​ဖြစ်​သည်​ကို ငါ​တို့​သိ​ကြ​၏။


ငါ​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သူ​များ​ဖြစ်​ကြ​၏။ ဘုရားသခင်​ကို​သိ​သော​သူ​သည် ငါ​တို့​စကား​ကို​နားထောင်​တတ်​၏။ ဘုရားသခင်​နှင့်​မ​စပ်ဆိုင်​သော​သူ​သည် ငါ​တို့​စကား​ကို​နားမထောင်​တတ်။ ဤသို့သော​အားဖြင့် ငါ​တို့​သည် သမ္မာတရား​၏​ဝိညာဉ်​နှင့် မှားယွင်း​ခြင်း​၏​ဝိညာဉ်​ကို သိ​ရ​ကြ​၏။


သူ​တို့​က “နောက်ဆုံး​သော​ကာလ​၌ မိမိ​တို့​၏​ဘုရား​တရား​မဲ့​ခြင်း​နှင့်ဆိုင်သော တပ်မက်​ခြင်း​များ​အတိုင်း​လျှောက်လှမ်း​သည့် ပြက်ရယ်ပြု​တတ်​သော​သူ​များ ပေါ်လာ​ကြ​လိမ့်မည်”​ဟု သင်​တို့​အား ပြော​ထား​ခဲ့​ကြ​၏။


အကြောင်းမူကား ငါ​တို့​ဘုရားသခင်​၏​ကျေးဇူး​တော်​ကို ကာမဂုဏ်​လိုက်စား​ခြင်း​အဖြစ်​သို့ ပြောင်းလဲ​စေ​၍ တစ်ပါးတည်း​သော​အရှင်​ဖြစ်​တော်မူ​သော ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကို ငြင်းပယ်​ကြ​သည့် ဘုရား​တရား​မဲ့​သော​သူ​အချို့​တို့​သည် တိတ်တခိုး​ဝင်ရောက်​လာ​ကြ​၏။ သူ​တို့​သည် ဤ​ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​မည်​ဟု ရှေးယခင်​က​ပင် ရေး​ထား​လေ​ပြီ။


သူ​သည် ပထမ​သားရဲ​ရှေ့​၌ ပြု​ခွင့်​ရရှိ​ထား​သော​နိမိတ်​လက္ခဏာ​များ​အားဖြင့် ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သော​သူ​အားလုံး​တို့​ကို​လှည့်ဖြား​၍ ဓား​ဒဏ်ရာ​ရှိ​သော်လည်း အသက်ရှင်​ခဲ့​သော​သားရဲ​၏​ရုပ်တု​ကို​ပြုလုပ်​ရန် ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​အား​စေခိုင်း​၏။


ထို​ဝိညာဉ်​တို့​သည် နိမိတ်​လက္ခဏာ​များ​ကို​ပြု​သော နတ်ဆိုး​တို့​၏​ဝိညာဉ်​များ​ဖြစ်​ကြ​၏။ ၎င်း​တို့​သည် ကမ္ဘာ​တစ်ဝန်းလုံး​ရှိ ဘုရင်​များ​ကို အနန္တ​တန်ခိုးရှင်​ဘုရားသခင်​၏​နေ့ရက်​ကြီး​နှင့်ဆိုင်သော​စစ်ပွဲ​အတွက်​စုဝေး​စေရန် ထို​ဘုရင်​များ​ထံသို့ ထွက်ခွာ​သွား​ကြ​၏။


သူ​သည် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​လျက် “ဘေဘီလုံ​မြို့​ကြီး​သည် ပြိုလဲ​ပြီ၊ ပြိုလဲ​ပြီ။ ၎င်း​သည် နတ်ဆိုး​တို့​နေထိုင်​ရာ​အရပ်၊ ညစ်ညူး​သော​နတ်​အပေါင်း​တို့​၏​ခိုအောင်း​ရာ​အရပ်၊ ညစ်ညူး​သော​ငှက်​အမျိုးမျိုး​တို့​၏​ခိုအောင်း​ရာ​အရပ်​နှင့် ညစ်ညူး​၍​ရွံရှာ​ဖွယ်​ကောင်း​သော​သတ္တဝါ​အပေါင်း​တို့​၏​ခိုအောင်း​ရာ​အရပ် ဖြစ်​လေ​ပြီ။


ဆီမီး​၏​အလင်း​ကို​လည်း သင့်​အထဲ၌ လုံးဝ​ထွန်းလင်း​တော့မည်​မ​ဟုတ်။ မင်္ဂလာဆောင်​သတို့သား​နှင့်​သတို့သမီး​တို့​၏​အသံ​ကို​လည်း သင့်​အထဲ၌ လုံးဝ​ကြား​ရ​တော့မည်​မ​ဟုတ်။ အကြောင်းမူကား သင်​၏​ကုန်သည်​တို့​သည် ကမ္ဘာ​မြေကြီး​၏​မှူးကြီးမတ်ရာ​များ​ဖြစ်​ကြ​၏။ လူမျိုး​တကာ​တို့​သည်​လည်း သင်​၏​ပြုစား​ခြင်း​ဖြင့် လှည့်ဖြား​ခြင်း​ကို​ခံ​ခဲ့​ရ​ကြ​၏။


သို့သော် သားရဲ​သည် ပရောဖက်​အတုအယောင်​နှင့်အတူ အဖမ်း​ခံရ​၏။ ထို​ပရောဖက်​အတုအယောင်​သည် သားရဲ​၏​ရှေ့မှောက်​၌ နိမိတ်​လက္ခဏာ​များ​ကို​ပြု​လျက် ထို​နိမိတ်​လက္ခဏာ​များ​အားဖြင့် သားရဲ​၏​တံဆိပ်​ကို​ခံယူ​၍ သူ​၏​ရုပ်တု​ကို​ကိုးကွယ်​သော​သူ​တို့​အား လှည့်ဖြား​သော​သူ​ဖြစ်​၏။ ထို​သူ​နှစ်ဦးစလုံး​တို့​သည် ကန့်​နှင့်​လောင်​သော​မီး​အိုင်​ထဲသို့ အရှင်လတ်လတ်​ပစ်ချ​ခြင်း​ခံရ​ကြ​၏။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အပေါ် ဒုတိယ​သေ​ခြင်း​နှင့်ဆိုင်သော​ဘေးအန္တရာယ်​သည် မည်သည့်​အခါ​မျှ သင့်ရောက်​လိမ့်မည်​မ​ဟုတ်။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အား ဝှက်​ထား​သော​မန္န​ကို ငါ​ပေး​မည်။ ဖြူ​သော​ကျောက်​ကို​လည်း ငါ​ပေး​မည်။ ထို​ကျောက်​ပေါ်၌ ၎င်း​ကို​ခံယူ​ရရှိ​သူ​မှတစ်ပါး မည်သူမျှ​မ​သိ​သော နာမည်​အသစ်​ကို​ရေး​ထား​၏။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အား ဘုရားသခင်​၏​ပရဒိသု​ဘုံ​၌​ရှိ​သော အသက်​ပင်​၏​အသီး​ကို ငါ​စား​ခွင့်​ပေး​မည်။


သူ​တို့​ကို​လှည့်ဖြား​သော​မာရ်နတ်​သည်​လည်း သားရဲ​နှင့်​ပရောဖက်​အတုအယောင်​တို့​ရှိ​ရာ ကန့်​နှင့်​ရော​သော​မီး​အိုင်​ထဲသို့ ပစ်ချ​ခြင်း​ခံရ​၏။ သူ​တို့​သည် ထို​နေရာ​၌ နေ့​ရော​ည​ပါ ကမ္ဘာ​အဆက်ဆက် ညှဉ်းဆဲ​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။


ကမ္ဘာ​မြေကြီး​လေး​မျက်နှာ​ရှိ လူမျိုး​များ​ဖြစ်​ကြ​သည့် ဂေါဂ၊ မာဂေါဂ​ကို​လှည့်ဖြား​ရန်​နှင့် စစ်ပွဲ​အတွက် သူ​တို့​ကို​စုဝေး​စေရန် ထွက်သွား​လိမ့်မည်။ သူ​တို့​၏​အရေအတွက်​သည် သမုဒ္ဒရာ​သဲပွင့်​များ​နှင့်အမျှ​ရှိ​ကြ​၏။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏​။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။


ထို​ဘေးဒဏ်​များ​ဖြင့် မ​သေ​ဘဲ​ကျန်​ခဲ့​သော​သူ​တို့​သည် နတ်ဆိုး​များ​ကို​လည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သား​တို့​ဖြင့် ပြုလုပ်​ထား​သော မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ လမ်း​မ​လျှောက်​နိုင်​သည့် ရုပ်တု​များ​ကို​လည်းကောင်း မ​ကိုးကွယ်​ဘဲ​နေ​ရန် မိမိ​တို့​လက်​ဖြင့်​ပြုလုပ်​သော​အရာ​များ​အတွက် နောင်တ​မ​ရ​ကြ။