၁ တိ 4:2 - မြန်မာ့စံမီသမ္မာကျမ်း2 ထိုသွန်သင်ချက်များသည် မိမိတို့အသိစိတ်ကို သံပူတံဆိပ်ခတ်ထားခြင်းခံရသည့် လိမ်လည်သောသူတို့၏သူတော်ကောင်းယောင်ဆောင်မှုအားဖြင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible2 မိမိတို့၏သြတ္တပ္ပစိတ်တွင်သံပူခတ်ခြင်းခံရ သကဲ့သို့ သြတ္တပ္ပစိတ်ကင်းမဲ့သောလိမ်လည် လှည့်ဖြားတတ်သူတို့သည်ထိုသြဝါဒ များကိုပေးကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ထိုအယူဝါဒကို သွန်သင်သူများ၏ အမှားအမှန်ခွဲခြားသော အသိစိတ်သည် သံပူနှင့်ခတ်ခံရသကဲ့သို့ ထုံထိုင်းနေ၏။ သူတို့သည် သူတော်ကောင်းယောင်ဆောင်သော လူလိမ်များဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ဂျေရုဆလင်ပရောဖက်တို့တွင်လည်း ကြောက်မက်ဖွယ်ရာကို ငါတွေ့ပြီ။ သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်၍ မုသားလမ်းကို လိုက်လျှောက်ကြ၏။ ဆိုးညစ်သူတို့ကို အားပေးသောကြောင့် မည်သူမျှ မိမိမကောင်းမှုမှ နောင်တမရကြ။ ပရောဖက်အားလုံးသည် ငါ့ရှေ့၌ သောဒုံမြို့သားကဲ့သို့ ဖြစ်ကြ၏။ ဂျေရုဆလင်မြို့သားတို့သည်လည်း ဂေါမောရမြို့သားကဲ့သို့ ဖြစ်ကြ၏။
ထာဝရဘုရားက “ကြည့်ရှုလော့။ မဟုတ်မမှန်သောအိပ်မက်ကို ပရောဖက်ပြုဟောပြော၍ လိမ်လည်ကြွားဝါခြင်းဖြင့် ငါ၏လူမျိုးတော်အား လမ်းလွဲစေသော ပရောဖက်တို့ကို ငါစီရင်မည်။ သူတို့ကိုငါမစေလွှတ်၊ ငါမမိန့်မှာ။ သူတို့သည် ငါ့လူမျိုးတော်ကို ဘာမျှအကျိုးမပြုသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။