Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 49:39 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

39 ထာဝရဘုရား​က ‘ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ဧလံ​ပြည်သား​တို့​ကို နောင်ကာလ​တွင် ငါ​ပြန်လာ​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

39 သို့​ရာ​တွင်​နောင်​အ​ခါ​၌​ဧ​လံ​ပြည်​သား​တို့ အား​တစ်​ဖန်​ပြန်​၍​ကောင်း​စား​စေ​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

39 သို့ ရာ တွင်၊ သုံ့ ပန်း ခံ ရ သော ဧ လံ လူ မျိုး ကို၊ နောင် ကာ လ ၌ ပြန် ပို့ မည် ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည် ဟူ ၍ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

39 သို့​ရာ​တွင်၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ဧ​လံ​အ​မျိုး​သား​တို့​ကို နောင်​ကာ​လ၌ ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 49:39
15 ပူးပေါင်းရင်းမြစ်များ  

မိတ်ဆွေ​များ​အတွက် ယောဘ​ဆုတောင်း​ပေး​ပြီး​နောက်တွင် ထာဝရဘုရား​သည် ယောဘ​ဆုံးရှုံး​ခဲ့​ရ​သော​ဥစ္စာ​တို့​ကို ပြန်ပေး​တော်မူ​၏​။ ထာဝရဘုရား​သည် ယောဘ​အား သူ​ပိုင်ဆိုင်​ခဲ့​သမျှ​၏​နှစ်ဆ​ကို ပြန်ပေး​တော်မူ​၏​။


နောက်ဆုံး​သော​ကာလ​၌ ထာဝရဘုရား​အိမ်​တော်​တည်​ရာ​တောင်​သည် တောင်​တို့​၏​အထွတ်အထိပ်​၌​တည်​၍ တောင်ကုန်း​တို့​အထက်​၌ ချီးမြှောက်​ခြင်း​ခံရ​လိမ့်မည်​။ လူမျိုး​အပေါင်း​တို့​သည်​လည်း ထို​တောင်​သို့ စုဝေး​လာ​ကြ​လိမ့်မည်​။


ငါ​သည် သူ​တို့​ကို ထုတ်ပစ်​ပြီးမှ ပြန်​၍​သနားစုံမက်​ဦး​မည်​။ သူ​တို့​ကို သူ​တို့​ပိုင်​သော​အမွေမြေ​အသီးသီး​၊ သူ​တို့​ပြည်​အသီးသီး​သို့ ပြန်ခေါ်လာ​မည်”​ဟု မိန့်​တော်မူ​၏​။


သို့သော် နောင်ကာလ​တွင် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​မောဘ​ပြည်သား​တို့​ကို ငါ​ပြန်လာ​စေ​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ ဤသည်ကား မောဘ​ပြည်​အတွက် တရားစီရင်​ခြင်း​ပေတည်း​။


ထာဝရဘုရား​က ‘ဧလံ​ဘုရင်​နှင့် မှူးမတ်​တို့​ကို သုတ်သင်ဖျက်ဆီး​ပြီး ထို​နေရာ​တွင် ငါ့​ပလ္လင်​ကို ငါ​တည်​မည်’​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​ထို့နောက်မှ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​အမ္မုန်​အမျိုးသား​တို့​ကို ပြန်လာ​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။


ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော အီဂျစ်​ပြည်သား​တို့​ကို ပြန်ခေါ်လာ​၍ သူ​တို့​ဇာတိ​မြေ ပါသရု​ပြည်​သို့​ပြန်လာ​စေ​မည်​။ ထို​ပြည်​ကို သိမ်ငယ်​သော​ပြည်​ဖြစ်စေ​မည်​။


မိုးတိမ်​သည် မြေပြင်​ကို​လွှမ်းမိုး​သကဲ့သို့ သင်​သည် ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို​တိုက်ခိုက်​ရန် စစ်ချီ​လာ​မည်​။ အို ဂေါဂ​မင်းကြီး​၊ နောင်​ကာလ​တွင် ငါ​၏​ပြည်​တော်​ကို တိုက်ခိုက်​ရန် သင့်​ကို ငါ​စစ်ချီ​စေ​၍ ငါ​သန့်ရှင်း​ကြောင်း​ကို သင့်​အားဖြင့် လူမျိုးတကာ​တို့​ရှေ့​တွင် ထင်ရှား​စေ​သောအခါ သူ​တို့​သည် ငါ့​ကို​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ယာကုပ်​အမျိုး​ကို ယခု ငါ​ပြန်ခေါ်​လာ​မည်​။ အစ္စရေး​တစ်မျိုးနွယ်လုံး​ကို သနားစုံမက်​မည်​။ သန့်ရှင်း​သော​ငါ့​နာမ​အတွက် ငါ​သဝန်တို​မည်​။


ဤ​ဗျာဒိတ်နိမိတ်​သည် နောင်လာမည့်​နေ့ရက်​များ​နှင့်​ဆိုင်​သည်​ဖြစ်​၍ ထို​နေ့ရက်​များ​တွင် သင့်​လူမျိုး​၌ ဖြစ်ပျက်​မည့်​အရာ​တို့​ကို ကြားပြော​ရန် ငါ​ရောက်လာ​ပြီ​”​ဟု ဆို​၏​။


သို့သော် နက်နဲသောအရာ​ကို ဖွင့်ပြ​ပေး​နိုင်​သော​ဘုရားသခင်​တစ်​ပါး ကောင်းကင်ဘုံ​တွင် ရှိ​တော်မူ​၏​။ ထို​ဘုရား​က နောင်ကာလ​ဖြစ်ပျက်​မည့်​အရာ​များ​ကို နေဗုခဒ်နေဇာ​မင်းကြီး​အား ဖော်ပြ​တော်မူ​ပြီ​။ သလွန်​တော်​ပေါ်တွင် ရှင်ဘုရင်​မြင်မက်​တော်မူ​သော​အိပ်မက်​နှင့် တွေးတော​ရင်း စိတ်အာရုံ​တွင်​မြင်​ရ​သော​အရာ​ကား ဤသို့​ဖြစ်​၏​။


ထို့နောက်မှ အစ္စရေး​အမျိုးသား​တို့​သည် ပြန်လာ​၍ မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ရှာ​ကြ​လိမ့်မည်​။ သူ​တို့​၏​ဘုရင် ဒါဝိဒ်​မင်းကြီး​ကို ရှာ​ကြ​လိမ့်မည်​။ နောက်ဆုံး​သော​နေ့​တွင် ထာဝရဘုရား​ထံမှ ကောင်းချီးခံစား​ရ​မည့်​အကြောင်း ထာဝရဘုရား​ထံ ကြောက်ရွံ့ရိုသေ​စွာ ပြန်လာ​ကြ​လိမ့်မည်​။


“ဖမ်းခေါ်​သွား​ခြင်း​ခံရ​သည့် ငါ့​လူမျိုး​တော်​အစ္စရေး​အမျိုးသား​တို့​ကို ငါ​ပြန်လာ​စေ​မည်​။ သူ​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​သော​မြို့​များ​ကို ပြန်လည်​တည်ဆောက်​၍ နေထိုင်​ကြ​လိမ့်မည်​။ စပျစ်ပင်​များ​ကို စိုက်​၍ စပျစ်ဝိုင်​ကို သောက်​ရ​လိမ့်မည်​။ ဥယျာဉ်ခြံ​များ​ကို စိုက်ပျိုး​၍ အသီးအနှံ​တို့​ကို စား​ရ​လိမ့်မည်​။


နောက်ဆုံး​သော​ကာလ​တွင် ထာဝရဘုရား​၏​အိမ်​တော်​တည်ရှိ​ရာ​တောင်​သည် တောင်​တို့​၏​အထွတ်​၌ တည်​လိမ့်မည်​။ တောင်ကုန်း​တို့​ထက် ချီးမြှောက်​ခြင်း​ခံရ​၍ လူမျိုး​တို့​သည် ထို​တောင်​တွင် စုရုံး​ကြ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ