၂ တိ 3:13 - မြန်မာ့စံမီသမ္မာကျမ်း13 ဆိုးညစ်သောသူတို့နှင့် လိမ်လည်လှည့်ဖြားသောသူတို့သည် သူတစ်ပါးကိုလှည့်ဖြားလျက် လှည့်ဖြားခြင်းကိုလည်းခံရလျက် ပို၍ဆိုးရွားသောအဖြစ်သို့ ကျဆင်းသွားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible13 ဆိုးညစ်သူများ၊ အယောင်ဆောင်လှည့်စားသူ များသည်ဆိုးယုတ်သည်ထက်ပိုမိုယုတ်စွာပြု ကျင့်လာကြလိမ့်မည်။ သူတို့သည်သူတစ်ပါး တို့အားလှည့်စား၍မိမိတို့ကိုယ်တိုင်လည်း အလှည့်စားခံရလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible13 လူ ဆိုး နှင့် လူ လိမ် တို့ သည် လှည့် စား လျက်၊ လှည့် စား ခံ ရ လျက်၊ ထို ထက် ဆိုး သွမ်း ကြ မည် မှန် သော် လည်း၊ အခန်းကိုကြည့်ပါ။Judson Bible13 ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတစ်ပါးကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း လှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့ တိုးပွားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း13 ဆိုးညစ်သောသူများနှင့် ယောင်ဆောင်လှည့်ဖြားသူများသည် သူတစ်ပါးကို လှည့်ဖြားပြီး ကိုယ်တိုင်လည်း လှည့်ဖြားခံရလျက် ဆိုးသည်ထက် ပို၍ ဆိုးလာလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။
ဆီမီး၏အလင်းကိုလည်း သင့်အထဲ၌ လုံးဝထွန်းလင်းတော့မည်မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့်သတို့သမီးတို့၏အသံကိုလည်း သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။ အကြောင်းမူကား သင်၏ကုန်သည်တို့သည် ကမ္ဘာမြေကြီး၏မှူးကြီးမတ်ရာများဖြစ်ကြ၏။ လူမျိုးတကာတို့သည်လည်း သင်၏ပြုစားခြင်းဖြင့် လှည့်ဖြားခြင်းကိုခံခဲ့ရကြ၏။