၁ ယော 2:18 - မြန်မာ့စံမီသမ္မာကျမ်း18 သားသမီးတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်ကိုဆန့်ကျင်အန်တုသူရောက်လာတော့မည်ဟု သင်တို့ကြားရသည့်အတိုင်း ယခုပင် ခရစ်တော်ကိုဆန့်ကျင်အန်တုသူအမြောက်အမြားပေါ်လာကြပြီ။ ထို့ကြောင့် ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သည်ကို ငါတို့သိကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible18 သားသမီးတို့၊ အဆုံးစွန်သောကာလသည် ယခုနီးလာလေပြီ။ ခရစ်တော်၏ရန်သူပေါ် ပေါက်လာမည်ဖြစ်ကြောင်းကိုသင်တို့ကြားသိ ခဲ့ကြ၏။ ယခုပင်လျှင်ခရစ်တော်၏ရန်သူ အများအပြားပေါ်ပေါက်လျက်ရှိလေပြီ။ ဤ အချက်ကိုထောက်၍အဆုံးစွန်သောကာလ ရောက်လာကြောင်းကိုငါတို့သိရကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible18 အ ချင်း သူ ငယ် တို့၊ အ န္တိ မ ကာ လ တိုင် ရောက် ပြီ။ ခ ရစ် တော်၏ ရန် ဘက် တော် ပေါ် လာ မည် ဟု သင် တို့ ကြား ဘူး သည့် အ တိုင်း ယ ခု ပင် အ များ ပေါ် လာ ကြ ပြီး ဖြစ်၍ အ န္တိ မ ကာ လ ရောက် ကြောင်း ငါ တို့ သိ ရ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible18 ချစ်သားတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ ရန်သူတည်းဟူသော အန္တိခရစ် ပေါ်လာကြောင်းကို သင်တို့ကြားရသည်အတိုင်း၊ ယခုပင် အန္တိခရစ်အများရှိကြ၏။ ထိုကြောင့်၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သည်ကို သိရ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း18 သားသမီးတို့… ဤကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ရန်သူ ရောက်လာကြောင်းကို သင်တို့ကြားသည့်အတိုင်း ယခုပင် ခရစ်တော်၏ရန်သူများစွာ ရောက်လာကြပြီ။ ထို့ကြောင့် ဤကာလသည် နောက်ဆုံးသောကာလဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။ အခန်းကိုကြည့်ပါ။ |
သို့သော် ပရောဖက်အတုအယောင်များသည် လူမျိုးတော်ထဲ၌ပေါ်လာကြသကဲ့သို့ သင်တို့ထဲ၌လည်း ဆရာအတုအယောင်များပေါ်လာကြလိမ့်မည်။ ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်စေသည့် မှားယွင်းသောအယူဝါဒများကို လျှို့ဝှက်စွာယူဆောင်လာ၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောသခင်ကိုပင် ငြင်းပယ်ကာ မိမိတို့အပေါ် လျင်မြန်သောပျက်စီးခြင်းကို ကျရောက်စေကြလိမ့်မည်။