သူတို့သည် သခင်ဘုရားကိုဝတ်ပြုလျက် အစာရှောင်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်က “ဗာနဗနှင့်ရှောလုတို့ကို သူတို့အတွက်ငါသတ်မှတ်ထားသောအမှုကိုဆောင်ရွက်စေရန် ငါ့အတွက် သီးသန့်ရွေးချယ်ထားကြလော့”ဟု မိန့်တော်မူ၏။
၁ ကော 9:1 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် လွတ်လပ်သူဖြစ်သည်မဟုတ်လော။ တမန်တော်ဖြစ်သည်မဟုတ်လော။ ငါတို့၏သခင်ယေရှုကို ဖူးမြင်ခဲ့သည်မဟုတ်လော။ သင်တို့သည် သခင်ဘုရား၌ ငါ၏လုပ်ဆောင်မှုရလဒ်ဖြစ်ကြသည်မဟုတ်လော။ Common Language Bible ငါသည်လွတ်လပ်သူမဟုတ်ပါလော။ တမန် တော်တစ်ပါးမဟုတ်ပါလော။ ငါတို့အရှင် သခင်ယေရှုကိုဖူးမြင်ခဲ့ရသူမဟုတ် ပါလော။ သင်တို့သည်သခင်ဘုရား၏အမှု တော်ကို ငါထမ်းဆောင်ခြင်းမှထွက်ပေါ်လာ သောအသီးအပွင့်များမဟုတ်ပါလော။- Garrad Bible ငါ သည် လူ လွတ် ဖြစ် သူ၊ တ မန် တော် ဖြစ် သူ၊ ငါ တို့ အ ရှင် ယေ ရှု ကို ဖူး မြင် ခဲ့ ရ သူ မ ဟုတ် လော။ သင် တို့ လည်း အ ရှင် ဘု ရား အား ဖြင့် ငါ ဆောင် ရွက် သော အ ကျိုး မ ဟုတ် လော။ Judson Bible ငါပေါလုသည် ကျွန်မဟုတ်၊ လူလွတ်ဖြစ်သည် မဟုတ်လော။ တမန်တော်ဖြစ်သည် မဟုတ်လော။ ငါတို့ သခင်ယေရှုခရစ်ကို မြင်ရပြီ မဟုတ်လော။ သင်တို့သည် သခင်ဘုရား၌ ငါလုပ်သော အလုပ်ဖြစ်ကြသည် မဟုတ်လော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် လွတ်လပ်သူဖြစ်သည် မဟုတ်လော။ တမန်တော်ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်တို့၏သခင် ယေရှုကို မြင်ခဲ့ဖူးသူဖြစ်သည် မဟုတ်လော။ သင်တို့သည် သခင်ဘုရားအားဖြင့် ကျွန်ုပ် ထမ်းဆောင်ရသောအမှုတော်မှ ရရှိလာသော အသီးအပွင့်များ မဟုတ်လော။ |
သူတို့သည် သခင်ဘုရားကိုဝတ်ပြုလျက် အစာရှောင်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်က “ဗာနဗနှင့်ရှောလုတို့ကို သူတို့အတွက်ငါသတ်မှတ်ထားသောအမှုကိုဆောင်ရွက်စေရန် ငါ့အတွက် သီးသန့်ရွေးချယ်ထားကြလော့”ဟု မိန့်တော်မူ၏။
တမန်တော်ဗာနဗနှင့်ပေါလုတို့သည် ထိုအကြောင်းကိုကြားလျှင် မိမိတို့၏အဝတ်ကိုဆုတ်ဖြဲ၍ လူထုပရိသတ်အလယ်သို့ပြေးသွားကာ
မြို့သူမြို့သားတို့သည် နှစ်စုကွဲ၍ အချို့တို့သည် ဂျူးလူမျိုးတို့ဘက်၌ပါကြပြီး အချို့တို့သည် တမန်တော်တို့ဘက်၌ပါကြ၏။
ထိုည၌ သခင်ဘုရားသည် ပေါလုထံပါး၌ပေါ်လာ၍“မစိုးရိမ်နှင့်။ အကြောင်းမူကား သင်သည် ဂျေရုဆလင်မြို့၌ ငါ့အကြောင်းကို သက်သေခံခဲ့သည့်နည်းတူ ရောမမြို့၌လည်း သက်သေခံရမည်”ဟု မိန့်တော်မူ၏။
သို့သော် သခင်ဘုရားက“သွားလော့။ ဤသူကား လူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးအမျိုးသားများရှေ့သို့ ငါ၏နာမကိုယူဆောင်သွားရန် ငါရွေးကောက်ထားသောတန်ဆာပလာဖြစ်၏။
ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ဝင်ပြီးလျှင် ရှောလုအပေါ်လက်တင်လျက် “ငါ့ညီရှောလု၊ သင်သည် မျက်စိပြန်မြင်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝမည့်အကြောင်း သင်လာသောလမ်း၌ သင့်အားထင်ရှားသောသခင်ယေရှုသည် ငါ့ကိုစေလွှတ်တော်မူ၏”ဟု ဆိုလေ၏။
ဤသို့ဖြင့် သူသည် သွား၍ ဒမတ်စကပ်မြို့အနီးသို့ ရောက်လာသောအခါ ကောင်းကင်မှအလင်းသည် သူ့ပတ်လည်၌ ရုတ်တရက်ထွန်းတောက်လေ၏။
ရှောလုကလည်း “သခင်ဘုရား၊ ကိုယ်တော်သည် မည်သူနည်း”ဟု မေးလျှောက်လျှင်“ငါသည် သင်ညှဉ်းဆဲသောယေရှုဖြစ်၏။
ဘုရားသခင်၏ကောင်းမြတ်သောသတင်းအတွက် သီးသန့်ရွေးချယ်ထားခြင်းခံရ၍ တမန်တော်အဖြစ်ခေါ်ယူတော်မူခြင်းခံရသော ခရစ်တော်ယေရှု၏အစေအပါးငါပေါလုသည် စာရေးလိုက်ပါ၏။
ထိုသခင်၏နာမတော်အတွက် လူမျိုးအပေါင်းတို့ထဲတွင် ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် ကျေးဇူးတော်ကိုလည်းကောင်း၊ တမန်တော်ဖြစ်ခြင်းအခွင့်ကိုလည်းကောင်း ကိုယ်တော်အားဖြင့် ငါတို့ရရှိကြ၏။
ထို့ကြောင့် လူမျိုးခြားဖြစ်သောသင်တို့အား ငါပြောလိုသည်မှာ ငါသည် လူမျိုးခြားနှင့်ဆိုင်သော တမန်တော်ဖြစ်သည့်အလျောက် ငါ၏အမှုတော်လုပ်ငန်းကို ဂုဏ်ယူလျက်
ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်အဖြစ် ခေါ်ယူတော်မူခြင်းခံရသော ငါပေါလုနှင့်ငါ့ညီသုဿင်တို့သည်
အသိစိတ်ဟုဆိုရာ၌ သင်တို့၏အသိစိတ်ကိုဆိုလိုသည်မဟုတ်ဘဲ အခြားသူ၏အသိစိတ်ကိုဆိုလို၏။ အကြောင်းမူကား ငါ၏လွတ်လပ်မှုသည် သူတစ်ပါး၏အသိစိတ်ဖြင့် အဘယ်ကြောင့် စီရင်ခြင်းခံရမည်နည်း။
ငါသည် ကျေးဇူးတော်ချီးမွမ်းလျက်စားသုံးလျှင် ငါကျေးဇူးတော်ချီးမွမ်းသည့်အရာအတွက် အဘယ်ကြောင့် စော်ကားပြောဆိုခြင်းခံရမည်နည်း။
သို့သော် တစ်စုံတစ်ယောက်က လက်ခံနိုင်ဖွယ်မရှိဟုထင်မှတ်လျှင် ငါတို့၌ ထိုသို့သောထုံးစံမရှိ။ ဘုရားသခင်၏အသင်းတော်များ၌လည်းမရှိ။
ငါသည် စိုက်ပျိုး၏။ အာပေါလုသည် ရေလောင်း၏။ သို့သော် ကြီးထွားစေတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
ငါသည် လူအပေါင်းတို့ရှေ့၌ လွတ်လပ်သူဖြစ်သော်လည်း ပို၍များသောသူတို့ကိုရရှိနိုင်ရန် လူအပေါင်းတို့ထံ၌ ကိုယ်တိုင်ကျွန်ခံ၏။
သင်တို့သည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်နေကြ၏။ မည်သူမဆို မိမိကိုယ်ကို ခရစ်တော်နှင့်ဆိုင်သောသူဖြစ်သည်ဟု ယုံမှတ်လျှင် သူသည် ခရစ်တော်နှင့်ဆိုင်သောသူဖြစ်သကဲ့သို့ ငါတို့သည်လည်း ခရစ်တော်နှင့်ဆိုင်သောသူဖြစ်ကြောင်း သူကိုယ်တိုင် ပြန်လည်ဆင်ခြင်သိမှတ်ပါစေ။
ငါတို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည်နှင့်အညီ သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို အချည်းနှီးမခံယူကြနှင့်ဟု သင်တို့အားတိုက်တွန်းနှိုးဆော်ပါ၏။
လူတို့ထံမှမဟုတ်၊ လူ့အားဖြင့်လည်းမဟုတ်ဘဲ ယေရှုခရစ်တော်နှင့် ကိုယ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောခမည်းတော်ဘုရားသခင်အားဖြင့် တမန်တော်ဖြစ်သောငါပေါလုမှစ၍
လွတ်လပ်မှုကိုရရှိစေရန် ခရစ်တော်သည် ငါတို့ကို လွတ်မြောက်စေတော်မူပြီ။ ထို့ကြောင့် ခိုင်မြဲစွာရပ်တည်လျက် ကျွန်ထမ်းပိုးတွင် နောက်တစ်ဖန် ချည်နှောင်ခြင်းမခံကြနှင့်။
ငါတို့သည် ခရစ်တော်၏တမန်တော်များအနေဖြင့် ဩဇာအာဏာကိုအသုံးပြုနိုင်သော်လည်း သင်တို့ထံမှဖြစ်စေ၊ အခြားသောသူတို့ထံမှဖြစ်စေ လူတို့ပေးသောဂုဏ်ပြုချီးမွမ်းခြင်းကိုမရှာဘဲ
ငါသည် ထိုသက်သေခံချက်အတွက် သံတော်ဆင့်နှင့်တမန်တော်အဖြစ်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်သမ္မာတရားတို့ကို လူမျိုးခြားတို့အား သွန်သင်သောဆရာအဖြစ်လည်းကောင်း ခန့်အပ်ထားခြင်းခံရ၏။ ငါသည် မုသားမပါ ဟုတ်မှန်ရာကိုပြော၏။
ငါသည် ထိုကောင်းမြတ်သောသတင်းအတွက် သံတော်ဆင့်အဖြစ်လည်းကောင်း၊ တမန်တော်အဖြစ်လည်းကောင်း၊ ဆရာအဖြစ်လည်းကောင်း ခန့်အပ်ထားခြင်းခံရ၏။