Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 11:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သို့သော် တစ်စုံတစ်ယောက်​က လက်ခံ​နိုင်​ဖွယ်​မ​ရှိ​ဟု​ထင်မှတ်​လျှင် ငါ​တို့​၌ ထိုသို့သော​ထုံးစံ​မ​ရှိ။ ဘုရားသခင်​၏​အသင်းတော်​များ​၌​လည်း​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ဤ​ကိစ္စ​နှင့်​ပတ်​သက်​၍​စော​ဒ​က​တက်​လို​သူ အား​ငါ​တို့​၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏ အ​သင်း​တော်​များ​၌​လည်း​ကောင်း ယင်း​သို့ ခေါင်း​ဖုံး​အုပ်​သည့်​ထုံး​စံ​မှ​လွဲ​၍​အ​ခြား ထုံး​စံ​မ​ရှိ​ကြောင်း​ငါ​ဖြေ​ဆို​အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 မည် သူ မ ဆို ငြင်း ဆန် လို လျှင် ငါ တို့၌ လည်း ကောင်း၊ ဘု ရား သ ခင့် အ သင်း တော် များ ၌ လည်းကောင်း၊ ထုံး စံ တစ် မျိုး မ ရှိ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သို့​သော်​လည်း တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငြင်း​ခုံ​လျှင်၊ ငါ​တို့၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်၌ လည်း​ကောင်း၊ ထို​သို့​သော ထုံး​စံ​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 သို့ရာတွင် တစ်စုံတစ်ယောက်​သည် ဤ​ဓလေ့​နှင့်​ပတ်သက်​၍ ငြင်းခုံ​လို​လျှင် ကျွန်ုပ်တို့​တွင် ထိုသို့သော​ဓလေ့​မှအပ အခြား​ဓလေ့​မရှိပေ။ ဘုရားသခင်​၏ အခြား​အသင်းတော်များ​၌လည်း မရှိပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 11:16
12 ပူးပေါင်းရင်းမြစ်များ  

သတ်မှတ်​ထား​သော​စည်းမျဉ်းစည်းကမ်း​နှင့်အညီ တံဆိပ်ခတ်​ထား​သော​အဝယ်​စာချုပ်​နှင့် တံဆိပ်မခတ်​ထား​သော​အဝယ်စာချုပ်​ကို ယူ​ပြီး


သင်​သည် လူမျိုးခြား​တို့​ထဲ၌​နေထိုင်​ကြ​သော ဂျူး​လူမျိုး​အားလုံး​တို့​အား ကလေး​များ​ကို အရေဖျား​လှီး​ခြင်း​မ​ပေး​ကြ​ရန်​နှင့် ဓလေ့​ထုံးစံ​အတိုင်း မ​လိုက်လျှောက်​ကြ​ရန် ပြောဆို​လျက် မောရှေ​၏​တရား​ကို​စွန့်ပယ်​ရန် သွန်သင်​နေ​သည်​ဟု သင့်​အကြောင်း​ကို သူ​တို့​ကြားသိ​ထား​၏။


ထို​သူ​တို့​ကို ခေါ်သွား​၍ သူ​တို့​နှင့်အတူ သန့်ရှင်း​စင်ကြယ်​ခြင်း​ဝတ်​ကို​ခံယူ​လျက် သူ​တို့​ခေါင်း​ကို ခေါင်းတုံး​ရိတ်​ရန် သူ​တို့​အတွက် စရိတ်​ခံ​ပေး​ပါ​လော့။ သို့ပြုလျှင် သင်​နှင့်​ပတ်သက်၍ သူ​တို့​ကြားသိ​ထား​သော​သတင်း​သည် မ​ဟုတ်​မ​မှန်​ဘဲ သင်​ကိုယ်တိုင် ပညတ်​တရား​ကို​စောင့်ထိန်း​လျက် လိုက်လျှောက်​နေ​ကြောင်း သူ​တို့​အားလုံး​သိ​ကြ​လိမ့်မည်။


မိန်းမ​မူကား ဆံပင်​ရှည်​ထား​လျှင် သူ့​အတွက်​ဘုန်း​အသရေ​ဖြစ်​၏။ အကြောင်းမူကား ဆံပင်​ကို ခြုံ​စရာ​အဖြစ် သူ့​အား​ပေး​ထား​ခြင်း​ဖြစ်​၏။


သန့်ရှင်း​သူ​တို့​အတွက် အလှူ​ကောက်ခံ​ခြင်း​နှင့်​ပတ်သက်၍ ဂလာတိ​ပြည်​ရှိ အသင်းတော်​များ​ကို ငါ​မှာထား​သကဲ့သို့ သင်​တို့​သည်​လည်း ထိုနည်းတူ​ပြု​ကြ​လော့။


သို့ဖြစ်၍ သခင်​ဘုရား​ကြွလာ​တော်​မ​မူ​မီ မည်သည့်​အရာ​ကို​မျှ အချိန်​မ​တန်​ဘဲ မ​စီရင်​ကြ​နှင့်။ ထို​သခင်​သည် အမှောင်​ထဲ၌ ကွယ်ဝှက်​ထား​သော​အရာ​များ​ကို အလင်း​သို့​ယူဆောင်​လာ​ပြီး စိတ်နှလုံး​အကြံအစည်​များ​ကို ထင်ရှား​စေ​တော်မူ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​သည် ဘုရားသခင်​ထံ​တော်​မှ ချီးမွမ်း​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။


လူ​အသီးသီး​တို့​သည် မိမိ​အား သခင်​ဘုရား​သတ်မှတ်​ခွဲဝေ​ပေး​တော်မူ​သည့်​အတိုင်း​နှင့် တစ်ဦးစီ​အား ဘုရားသခင်​ခေါ်ယူ​တော်မူ​သည့်​အခြေအနေ​အတိုင်း အသက်ရှင်​လျှောက်လှမ်း​ပါစေ။ ဤသည်ကား အသင်းတော်​အားလုံး​တို့​ကို ငါ​မှာကြား​သော​အချက်​ဖြစ်​၏။


ငါ​သည် လွတ်လပ်​သူ​ဖြစ်​သည်​မ​ဟုတ်​လော။ တမန်တော်​ဖြစ်​သည်​မ​ဟုတ်​လော။ ငါ​တို့​၏​သခင်​ယေရှု​ကို ဖူးမြင်​ခဲ့​သည်​မ​ဟုတ်​လော။ သင်​တို့​သည် သခင်​ဘုရား​၌ ငါ​၏​လုပ်ဆောင်​မှု​ရလဒ်​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။


သို့မဟုတ် ငါ​နှင့်​ဗာနဗ​၌​သာ အလုပ်​မ​လုပ်​ဘဲ​နေ​ရ​သော​အခွင့်​မ​ရှိ​သလော။


ညီအစ်ကို​တို့၊ သင်​တို့​သည် ခရစ်တော်​ယေရှု​၌​တည်​သော ယုဒ​ပြည်​ရှိ ဘုရားသခင်​၏​အသင်းတော်​များ​ကို အတုယူ​သူ​များ​ဖြစ်​ကြ​ပြီ။ အကြောင်းမူကား သူ​တို့​သည် ဂျူး​လူမျိုး​တို့​လက်​တွင် ဒုက္ခ​ဝေဒနာ​ခံစား​ကြ​ရ​သကဲ့သို့ သင်​တို့​သည်​လည်း မိမိ​တို့​၏​အမျိုးသား​ချင်း​များ​လက်​တွင် အလားတူ​ခံစား​ကြ​ရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ