Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 23:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထို​ည​၌ သခင်​ဘုရား​သည် ပေါလု​ထံပါး​၌​ပေါ်လာ​၍“မစိုးရိမ်​နှင့်။ အကြောင်းမူကား သင်​သည် ဂျေရုဆလင်​မြို့​၌ ငါ့​အကြောင်း​ကို သက်သေခံ​ခဲ့​သည့်​နည်းတူ ရောမ​မြို့​၌​လည်း သက်သေခံ​ရ​မည်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ထို​ည​၌​သ​ခင်​ဘု​ရား​သည်​ပေါ​လု​၏​အ​နီး​၌ ရပ်​လျက် ``မ​ကြောက်​နှင့်။ သင်​သည်​ယေ​ရု​ရှ​လင် မြို့​တွင် ငါ​၏​အ​ကြောင်း​ကို​သက်​သေ​ခံ​ခဲ့​သည် နည်း​တူ​ရော​မ​မြို့​တွင်​လည်း​သက်​သေ​ခံ​ရ​ဦး မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ထို ညဉ့် ချင်း ပင် အ ရှင် ဘု ရား သည် ထင် ရှား တော် မူ၍ စိတ် ဧ လော့။ သင် သည် ငါ နှင့် စပ်၍ ယေ ရု ရှ လင် မြို့ တွင် သက် သေ ခံ ပြီး သည့် အ တိုင်း ရော မ မြို့ တွင် လည်း သက် သေ ခံ ရ ဦး မည် ဟု ပေါ လု အား မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 နက်​ဖြန့်​နေ့​ည​တွင် သ​ခင်​ဘု​ရား​သည် ပေါ​လု​အ​နား၌ ပေါ်​လာ​တော်​မူ​လျက်၊ ပေါ​လု မ​စိုး​ရိမ်​နှင့်။ ငါ၏​အ​ကြောင်း​အ​ရာ​ကို သင်​သည် ယေ​ရု​ရှ​လင်​မြို့၌ သက်​သေ​ခံ​ပြီး​သည်​နည်း​တူ၊ ရော​မ​မြို့၌​လည်း ခံ​ရ​လေ​ဦး​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ထို​ည​တွင် ဘုရားသခင်​သည် ပေါလု​အနား​၌​ရပ်​လျက် “စိတ်မပူနှင့်။ သင်​သည် ငါ့​အကြောင်း​ကို ဂျေရုဆလင်မြို့​၌ သက်သေခံသည်​နည်းတူ ရောမမြို့​၌လည်း သက်သေခံရ​လိမ့်မည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 23:11
27 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား ကိုယ်တော်​သည် နွမ်းပါး​သော​သူ​၏​စိတ်ဝိညာဉ်​ကို အပြစ်စီရင်​သော​သူ​တို့​ထံမှ​ကယ်တင်​ရန် ထို​သူ​၏​လက်ယာ​ဘက်​၌ ရပ်​နေ​တော်မူ​၏​။


မ​ကြောက်​နှင့်​၊ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ မ​စိုးရိမ်​နှင့်​။ ငါ​သည် သင်​၏​ဘုရားသခင်​ဖြစ်​၏​။ အကယ်စင်စစ် သင့်​ကို ခိုင်ခံ့​စေ​မည်​။ သင့်​ကို ကူညီမစ​မည်​။ ငါ​၏​ဖြောင့်မတ်​သော​လက်ယာ​လက်​ဖြင့် သင့်​ကို ငါ​ထောက်မ​မည်​။


“​အို ပိုးကောင်​ယာကုပ်​၊ အို အစ္စရေး​လူမျိုး​တို့​၊ မ​ကြောက်​နှင့်​။ သင့်​ကို ငါ​ကူညီမစ​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​၏​။ သင့်​ကို​ရွေးနုတ်​သော​သူ​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ဖြစ်​တော်မူ​၏​။


သင်​သည် ရေ​ကို​ဖြတ်ကူး​သောအခါ သင်​နှင့်အတူ​ငါ​ရှိ​မည်​။ မြစ်​ကို​ဖြတ်ကူး​သောအခါ သင့်​ကို ရေလွှမ်း​မည်​မ​ဟုတ်​။ မီး​ထဲ​လျှောက်​သောအခါ သင့်​ကို​မီးလောင်​မည်​မ​ဟုတ်​။ မီးလျှံ​သည် သင့်​ကို ဟပ်​မည်​မ​ဟုတ်​။


အစအဦး​ကပင် အဆုံး​ကို​ဖော်ပြ​သော​အရှင်​၊ ရှေးကာလ​ကပင် မ​ဖြစ်​သေး​သော​အရာ​တို့​ကို​ဖော်ပြ​သော​အရှင်​က “​ငါ့​အကြံအစည်​သည် တည်​မည်​။ ငါ​အလို​ရှိသမျှ​ကို ငါ​ပြု​မည်​”​ဟု မိန့်​တော်မူ​၏​။


သို့သော် ယေရှု​က“မစိုးရိမ်​ကြ​နှင့်။ ငါ​ပင်​ဖြစ်​၏။ မ​ကြောက်​ကြ​နှင့်”​ဟု သူ​တို့​အား ချက်ချင်း​မိန့်​တော်မူ​၏။


သင်​တို့​အား ငါ​ပညတ်​ထား​သမျှ​သော​အရာ​အားလုံး​တို့​ကို​စောင့်ထိန်း​ရန် သူ​တို့​ကို သွန်သင်​ကြ​လော့။ ငါ​သည်​လည်း ကပ်ကမ္ဘာ​ကုန်ဆုံး​သည့်​တိုင်အောင် သင်​တို့​နှင့်အတူ အစဉ်မပြတ်​ရှိ​၏”​ဟု မိန့်​တော်မူ​၏။


ထိုအခါ လူ​တို့​သည် အိပ်ရာ​ပေါ်၌​လဲလျောင်း​နေ​သည့် လေဖြတ်​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​သယ်ဆောင်​လာ​ကြ​၏။ ယေရှု​သည် ထို​သူ​တို့​၏​ယုံကြည်​ခြင်း​ကို​မြင်​လျှင် လေဖြတ်​သော​သူ​အား“ငါ့​သား၊ မစိုးရိမ်​နှင့်။ သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ”​ဟု မိန့်​တော်မူ​၏။


အကြောင်းမူကား အကျွန်ုပ်​၌ ညီအစ်ကို​ငါး​ဦး​ရှိ​ပါ​၏။ သူ​တို့​သည် ဝေဒနာ​ခံ​ရာ ဤ​အရပ်​သို့ မ​ရောက်​မည့်​အကြောင်း သူ​တို့​အား သွား​၍​သတိပေး​စေ​လို​ပါ​၏’​ဟု လျှောက်​လေ​၏။


ငါ​သည် သင်​တို့​ကို မိဘမဲ့​အဖြစ် ပစ်ထား​မည်​မ​ဟုတ်။ သင်​တို့​ထံသို့ ငါ​ပြန်လာ​ဦး​မည်။


သင်​တို့​သည် ငါ့​အားဖြင့် ငြိမ်သက်​ခြင်း​ရှိ​ကြ​စေရန် ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ဟောပြော​ပြီ။ သင်​တို့​သည် ဤ​လောက​၌ ဆင်းရဲ​ဒုက္ခ​နှင့်​ကြုံတွေ့​ရ​ကြ​လိမ့်မည်။ သို့သော် မစိုးရိမ်​ကြ​နှင့်။ ငါ​သည် ဤ​လောက​ကို​အောင်နိုင်​ပြီ”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


တစ်​ည​တွင် သခင်​ဘုရား​သည် ရူပါရုံ​အားဖြင့် ပေါလု​အား“မ​ကြောက်​နှင့်။ တိတ်ဆိတ်​စွာ​မ​နေ​ဘဲ ဟောပြော​လော့။


ဤ​အဖြစ်အပျက်​များ​ပြီးဆုံး​ပြီးနောက် ပေါလု​သည် မာကေဒေါနိ​ပြည်​နှင့်​အခါယ​ပြည်​တို့​ကို ဖြတ်သွား​၍ ဂျေရုဆလင်​မြို့​သို့​သွား​ရန် ဝိညာဉ်​တော်​အားဖြင့်​ဆုံးဖြတ်​လျက် “ငါ​သည် ထို​မြို့​သို့​သွား​ပြီးလျှင် ရောမ​မြို့​ကို​လည်း မြင်​ရ​မည်”​ဟု ဆို​၏။


ဒါဝိဒ်​က​လည်း ထို​အရှင်​နှင့်​ပတ်သက်၍ ‘ငါ​သည် ထာဝရ​ဘုရား​ကို အစဉ်မပြတ်​မျက်မှောက်​ပြု​၏။ အကြောင်းမူကား ကိုယ်တော်​သည် ငါ​၏​လက်ယာ​ဘက်​၌ ရှိ​တော်မူ​သည်​ဖြစ်၍ ငါ​သည် တုန်လှုပ်​ခြင်း​မ​ရှိ​ရာ။


ယခု ငါ​သည် ဝိညာဉ်​တော်​၏​နှောင်ဖွဲ့​ခြင်း​ကို​ခံရ​၍ ဂျေရုဆလင်​မြို့​သို့ သွား​နေ​ခြင်း​ဖြစ်​၏။ ထို​မြို့​တွင် မည်သည့်​အရာ​နှင့်​ငါ​ကြုံတွေ့​ရ​မည်​ကို ငါ​မ​သိ။


အကြောင်းမူကား သင်​သည် မိမိ​မြင်​ရ၊ ကြား​ရ​သော​အရာ​တို့​အတွက် လူ​အပေါင်း​တို့​ရှေ့တွင် ကိုယ်တော်​၏​သက်သေ​ဖြစ်​ရ​လိမ့်မည်။


သခင်​ဘုရား​ကို​မြင်​ရ​ပါ​သည်။ ကိုယ်တော်​က‘လူ​တို့​သည် ငါ​နှင့်​ပတ်သက်​သော သင်​၏​သက်သေခံ​ချက်​ကို လက်ခံ​ကြ​လိမ့်မည်​မ​ဟုတ်​သောကြောင့် မဆိုင်းငံ့​ဘဲ ဂျေရုဆလင်​မြို့​မှ အမြန်​ထွက်သွား​လော့’​ဟု အကျွန်ုပ်​အား မိန့်​တော်မူ​သည်။


ငါ​သည် လွတ်လပ်​သူ​ဖြစ်​သည်​မ​ဟုတ်​လော။ တမန်တော်​ဖြစ်​သည်​မ​ဟုတ်​လော။ ငါ​တို့​၏​သခင်​ယေရှု​ကို ဖူးမြင်​ခဲ့​သည်​မ​ဟုတ်​လော။ သင်​တို့​သည် သခင်​ဘုရား​၌ ငါ​၏​လုပ်ဆောင်​မှု​ရလဒ်​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။


အကြောင်းမူကား ငါ​အချုပ်အနှောင်​ခံရ​ခြင်း​သည် ခရစ်တော်​အတွက်​ဖြစ်​ကြောင်း ဘုရင်ခံ​ရုံးတော်​တစ်ခုလုံး​နှင့် အခြား​သော​သူ​အားလုံး​တို့​ရှေ့၌ ထင်ရှား​လာ​၍


သို့သော် နှုတ်ကပတ်တော်​ဟောပြော​ခြင်း​အမှု​ကို ငါ့​အား​အပြည့်အဝ​ဆောင်ရွက်​စေ​၍ လူမျိုးခြား​အပေါင်း​တို့​သည် ထို​နှုတ်ကပတ်တော်​ကို​ကြားသိ​မည့်​အကြောင်း သခင်​ဘုရား​သည် ငါ့​ဘက်​၌​ရပ်တည်​လျက် ငါ့​ကို ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​၏။ ဤသို့ဖြင့် ငါ​သည် ခြင်္သေ့​ခံတွင်း​မှ ကယ်နုတ်​ခြင်း​ခံရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ