Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 8:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ထို့ကြောင့် အစားအစာ​သည် ငါ​၏​ညီအစ်ကို​ကို မှားယွင်း​စေ​လျှင် ငါ့​ညီအစ်ကို​အား မ​မှားယွင်း​စေရန် ငါ​သည် အသား​ကို ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ စား​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ထို့​ကြောင့်​အ​သား​ကို​စား​ခြင်း​သည်​ညီ​အစ်​ကို အား​မှောက်​မှား​လမ်း​လွဲ​စေ​မည်​ဆို​ပါ​က ငါ သည်​ငါ့​ညီ​အစ်​ကို​အား​မ​မှောက်​မှား​လမ်း မ​လွဲ​စေ​ရန်​အ​သား​ကို​မ​စား​ဘဲ​နေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 သို့ ဖြစ်၍ စား ဖွယ် ခဲ ဖွယ် အား ဖြင့် ညီ အစ် ကို တိုက် လဲ လျင် ငါ သည် ထို ညီ အစ် ကို၌ တိုက် လဲ ခြင်း မ ပြု မိ စေ ရန် ကာ လ အ စဉ် အ သား မ သုံး ဆောင် ဘဲ နေ တော့ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 သို့​ဖြစ်၍၊ ငါ၏​အ​စား​အ​သောက်​သည် ငါ့​ညီ​အစ်​ကို​ကို မှား​ယွင်း​စေ​လျှင်၊ ငါ့​ညီ​အစ်​ကို၌ မှား​ယွင်း​စ​ရာ​အ​ကြောင်း မ​ရှိ​စေ​ခြင်း​ငှာ၊ အ​မဲ​သား​ကို အ​စဉ်​မ​ပြတ်​ရှောင်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ထို့ကြောင့် ရုပ်တု​အား ပူဇော်ထားသော အသား​ကို ကျွန်ုပ်​စား​သဖြင့် အခြား​ယုံကြည်သူ​ကို မှားယွင်း​စေမည်​ဆိုပါက ထိုသို့​မမှားယွင်း​စေရန် ကျွန်ုပ် အသက်ရှင်​သမျှ​ကာလပတ်လုံး အသား​ကို မစားဘဲ​နေမည်။ အဘယ်ကြောင့်ဆိုသော် အခြား​ယုံကြည်သူ​ကို မမှားယွင်း​စေလို​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 8:13
14 ပူးပေါင်းရင်းမြစ်များ  

သို့သော် သူ​တို့​ကို​မ​မှားယွင်း​စေရန် ပင်လယ်​သို့​သွား​၍ ငါးမျှား​လော့။ ပထမ​ဦးဆုံး​မိ​သည့်​ငါး​ကို​ယူ​၍ ၎င်း​၏​ပါးစပ်​ကို​ဖွင့်​လျှင် သတာတဲ​ငွေ​တစ်​ပြား​ကို​တွေ့​လိမ့်မည်။ ၎င်း​ကို​ယူ​၍ ငါ​နှင့်​သင့်​အတွက် သူ​တို့​အား ပေးဆောင်​လော့”​ဟု မိန့်​တော်မူ​၏။


ရုပ်တု​များ​ကြောင့်​ညစ်ညူး​သော​အရာ၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ လည်​ညှစ်​သတ်​သော​တိရစ္ဆာန်​နှင့် သွေး​တို့​ကို​ရှောင်ကြဉ်​ကြ​ရန် သူ​တို့​ထံ စာ​ရေး​သင့်​သည်​ဟု ငါ​ယူဆ​၏။


ထို့ကြောင့် ငါ​တို့​သည် နောက်ထပ် အချင်းချင်း​မ​စီရင်​ဘဲ​နေ​ကြ​ကုန်စို့။ ထိုမျှမက ညီအစ်ကို​အတွက် ခလုတ်တံသင်း၊ သို့မဟုတ် မှားယွင်း​စေ​သော​အရာ​ကို​မ​ထား​ရန် စီရင်​ကြ​လော့။


အသား​ကို​မ​စား၊ စပျစ်​ဝိုင်​ကို​မ​သောက်၊ သင့်​ညီအစ်ကို​အား ခလုတ်တိုက်​စေ​သော​အရာ​ကို​လည်း မ​ပြု​ဘဲ​နေ​လျှင် ကောင်း​၏။


ဂျူး​လူမျိုး​တို့​အတွက်​ဖြစ်စေ၊ ဂရိ​လူမျိုး​တို့​အတွက်​ဖြစ်စေ၊ ဘုရားသခင်​၏​အသင်းတော်​အတွက်​ဖြစ်စေ မှားယွင်း​စရာ​အကြောင်း​မ​ဖြစ်​ကြ​နှင့်။


ထိုနည်းတူ ငါ​သည်​လည်း လူ​တို့​ကယ်တင်​ခြင်း​ခံရ​မည့်​အကြောင်း ကိုယ်​ကျိုး​ကို​မ​ရှာ​ဘဲ အများ​အကျိုး​ကို​ရှေးရှု​လျက် ခပ်သိမ်း​သော​အမှု​တို့​၌ လူ​အပေါင်း​တို့​ကို​နှစ်သက်​စေရန် ကြိုးစား​နေ​၏။


မ​လျောက်ပတ်​စွာ​မ​ပြု​တတ်။ ကိုယ်ကျိုး​ကို​မ​ရှာ​တတ်။ ဒေါသ​အလွယ်တကူ​မ​ထွက်​တတ်။ သူတစ်ပါး​အပြစ်​ကို မှတ်​၍​မ​ထား​တတ်။


ငါ​သည် ခပ်သိမ်း​သော​အမှုအရာ​တို့​ကို ပြု​ခွင့်​ရှိ​၏။ သို့သော် အမှုအရာ​အားလုံး​သည် အကျိုး​ရှိ​သည်​မ​ဟုတ်။ ငါ​သည် ခပ်သိမ်း​သော​အမှုအရာ​တို့​ကို ပြု​ခွင့်​ရှိ​၏။ သို့သော် မည်သည့်​အမှုအရာ​၏​စိုးမိုး​ခြင်း​ကို​မျှ ငါ​ခံ​မည်​မ​ဟုတ်။


အခြား​သော​သူ​တို့​သည် သင်​တို့​ထံမှ ဤ​အခွင့်​ကို ခံစား​ရ​ကြ​လျှင် ငါ​တို့​သည် သာ၍​ခံစား​ထိုက်​သည်​မ​ဟုတ်​လော။ သို့သော် ငါ​တို့​သည် ဤ​အခွင့်​ကို​မ​သုံး​ဘဲ ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​အတွက် မည်သည့်​အဟန့်အတား​မျှ​မ​ရှိ​စေရန် အရာရာ​၌ သည်းခံ​ကြ​၏။


တစ်စုံတစ်ဦး​အားနည်း​သည့်အခါ ငါ​သည် အား​မ​နည်း​ဘဲ နေ​နိုင်​မည်လော။ တစ်စုံတစ်ဦး​မှားယွင်း​သည့်အခါ ငါ​သည် ပူပန်​ခြင်း​မ​ရှိ​ဘဲ နေ​နိုင်​မည်လော။


အမှု​တော်​လုပ်ငန်း​သည် ပြစ်တင်​ဝေဖန်​ခြင်း​မ​ခံရ​စေရန် ငါ​တို့​သည် မည်သည့်​အမှုအရာ​၌​မျှ လူ​တို့​အတွက် ခလုတ်တံသင်း​မ​ဖြစ်​စေ​ဘဲ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ