၂ ကော 6:1 - မြန်မာ့စံမီသမ္မာကျမ်း1 ငါတို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည်နှင့်အညီ သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို အချည်းနှီးမခံယူကြနှင့်ဟု သင်တို့အားတိုက်တွန်းနှိုးဆော်ပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 သို့ဖြစ်၍ငါတို့သည်ဘုရားသခင်၏လုပ် ဖော်ဆောင်ဘက်များအနေဖြင့်သင်တို့အား တောင်းပန်လိုသည်ကား သင်တို့သည်ဘုရား သခင်၏ကျေးဇူးတော်ကိုခံယူရရှိသူများ ဖြစ်သည့်အားလျော်စွာ ထိုကျေးဇူးတော်ကို အကျိုးမဲ့မဖြစ်စေကြနှင့်။- အခန်းကိုကြည့်ပါ။Garrad Bible1-2 ၎င်း ပြင် လက် ခံ ဖွယ် အချိန် ၌ ငါ နား ညောင်း ၍ ကယ် တင် ရာ နေ့ ရက်၌ သင့် ကို မ စ ပြီ ဟူ သော ဗျာ ဒိတ် တော် ချက် အ ရ ယ ခု ပင် လက် ခံ ဖွယ် အ ချိန်၊ ယ ခု ပင် ကယ် တင် ရာ နေ့ ရက် ဖြစ် သည့် အ လျောက် ဘု ရား သ ခင့် ကျေး ဇူး တော် ကို အ ကျိုး မဲ့ မ ခံ စေ မည့် အ ကြောင်း ကိုယ် တော် နှင့် လုပ် ဘော် ဆောင် ဘက် ဖြစ် သူ ငါ တို့ သည် သင် တို့ အား နှိုး ဆော် လျက်၊ အခန်းကိုကြည့်ပါ။Judson Bible1 သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို အကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည် အမှုတော်ကို ဆောင်ရွက်သောသူချင်းဖြစ်၍ သင်တို့ကို နှိုးဆော်သွေးဆောင်ကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း1 ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်လိုသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရှိသူများဖြစ်ကြသည်နှင့်အညီ ထိုကျေးဇူးတော်ကို အချည်းနှီးမဖြစ်စေကြနှင့်” ဟူ၍ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့ စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာ အလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။
သို့သော် စစ်သည်တို့က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့ကို အကြီးအကျယ်ကယ်တင်ပေးခဲ့သောယောနသန်သည် သေရမည်လော။ ဤအဖြစ်နှင့်ဝေးပါစေ၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သူ့ဦးခေါင်းမှ ဆံချည်တစ်ပင်မျှ မြေပေါ်သို့ မကျစေရ။ ယနေ့ပင် သူသည် ဘုရားသခင်နှင့်အတူ စစ်တိုက်လေပြီ”ဟု ဆိုကြ၏။ ဤသို့ ယောနသန်ကိုစစ်သည်တို့ကယ်တင်သောကြောင့် ယောနသန်သည် သေဒဏ်မခံရတော့ပေ။