လူသည် မည်သို့သောသူဖြစ်၍ သန့်ရှင်းစင်ကြယ်နိုင်မည်နည်း။ မိန်းမမှမွေးလာသောလူသည် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။
၁ ကော 4:4 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါသည် ကိုယ့်ကိုယ်ကိုယ်စိတ်လုံ၏။ သို့သော် ထိုသို့ဖြစ်သည့်အတွက် ငါသည် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မဟုတ်။ ငါ့ကိုစစ်ဆေးစီရင်တော်မူသောအရှင်ကား သခင်ဘုရားပေတည်း။ Common Language Bible ငါ၏သြတ္တပ္ပစိတ်သည်ကြည်လင်လျက်ရှိ၏။ ယင်း သို့ဆိုသော်ငါ၌အြုပစ်မရှိဟုမဆိုလို။ ငါ့ကို စစ်ကြောစီရင်သူကားသခင်ဘုရားပေတည်း။- Judson Bible အကြောင်းမူကား၊ ကိုယ်စိတ်သည် ကိုယ်ကို အပြစ်မတင်။ သို့သော်လည်း၊ ထိုအကြောင်းဖြင့် ငါသည် အပြစ်လွတ်သည်မဟုတ်။ ငါ့ကိုစီရင်သောသူကား၊ ထာဝရဘုရားပေတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် ကိုယ့်လိပ်ပြာကိုယ် လုံ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်၌ အပြစ်မရှိဟု မဆိုလို။ ကျွန်ုပ်ကို စစ်ဆေးစီရင်တော်မူသောအရှင်မှာ သခင်ဘုရားပင် ဖြစ်တော်မူ၏။ |
လူသည် မည်သို့သောသူဖြစ်၍ သန့်ရှင်းစင်ကြယ်နိုင်မည်နည်း။ မိန်းမမှမွေးလာသောလူသည် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။
လူသည် ဘုရားသခင်ရှေ့တွင် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။ မိန်းမမှမွေးသောလူသည် မည်သို့သန့်ရှင်းစင်ကြယ်နိုင်မည်နည်း။
ဖြောင့်မတ်ခြင်းကို လက်မလွှတ်ဘဲ စွဲကိုင်ထားမည်။ ငါအသက်ရှင်သမျှကာလပတ်လုံး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ရအောင် နေမည်။
“ကြည့်ရှုလော့။ အကျွန်ုပ်သည် ယုတ်ညံ့သောသူဖြစ်ပါ၏။ ကိုယ်တော်ကို မည်သို့ပြန်လျှောက်နိုင်ပါမည်နည်း။ အကျွန်ုပ်နှုတ်ကို လက်နှင့်ပိတ်ထားပါပြီ။
ငါဖြောင့်မတ်လျှင်ပင် ငါ့နှုတ်သည် ငါ့ကိုသာ အပြစ်တင်လိမ့်မည်။ ငါ၌အပြစ်တင်စရာမရှိလျှင်ပင် ငါ့ကိုကောက်ကျစ်သောသူဟု မိန့်တော်မူလိမ့်မည်။
အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဒုစရိုက်များကို မှတ်ထားတော်မူလျှင် မည်သူသည်ခံရပ်နိုင်ပါမည်နည်း။
ကိုယ်တော်၏အစေအပါးနှင့်အတူ တရားစီရင်ရာသို့ ဝင်တော်မမူပါနှင့်။ အကြောင်းမူကား အသက်ရှင်သောသူတစ်စုံတစ်ဦးမျှ ကိုယ်တော်၏ရှေ့တော်၌ ဖြောင့်မတ်သည်ဟူ၍မရှိပါ။
မည်သူသည် မိမိ၏အမှားများကို သိနားလည်နိုင်ပါသနည်း။ ကွယ်ဝှက်နေသောအပြစ်များနှင့် အကျွန်ုပ်ကိုကင်းလွတ်စေတော်မူပါ။
အကျွန်ုပ်၏ခြေသည် ညီညာသောအရပ်၌ရပ်နေပါ၏။ အကျွန်ုပ်သည် လူထုပရိသတ်ကြီးအလယ်တွင် ထာဝရဘုရားကို ကောင်းချီးထောမနာပြုပါမည်။
ထိုအခါ ကောင်းကင်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကိုပြောကြား၏။ အကြောင်းမူကား ဘုရားသခင်ကိုယ်တော်တိုင်သည် တရားစီရင်သောအရှင်ဖြစ်တော်မူ၏။(စေလာ)
လူသည် မိမိပြုမူကျင့်ကြံသမျှသောအမှုအရာတို့ကို မှန်သည်ဟု ထင်မြင်တတ်၏။ သို့သော် ထာဝရဘုရားသည် စိတ်နှလုံးကိုချိန်တွယ်တော်မူ၏။
များစွာသောလူတို့သည် အုပ်စိုးသူမင်းထံမှ မျက်နှာရရန်ရှာကြံတတ်ကြ၏။ သို့ရာတွင် လူသည် တရားမျှတမှုကို ထာဝရဘုရားထံတော်မှရ၏။
တတိယအကြိမ်၌ ကိုယ်တော်က“ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌“သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါ၏သိုးတို့ကို ကျွေးမွေးလော့။
ပေါလုသည် တရားလွှတ်တော်အဖွဲ့ကို စေ့စေ့ကြည့်လျက် “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားသခင်ရှေ့တော်၌ ကြည်လင်သောအသိစိတ်အပြည့်အဝဖြင့် ပြုမူနေထိုင်ခဲ့သည်”ဟု ဆို၏။
အကြောင်းမူကား ပညတ်တရားကိုကြားနာသောသူတို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ကြသည်မဟုတ်။ ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူတို့သာလျှင် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။
အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မှန်လျှင် သူ၌ဝါကြွားစရာအကြောင်းရှိ၏။ သို့ရာတွင် ဘုရားသခင်ရှေ့တော်၌ ထိုသို့မဟုတ်ပေ။
ငါသည် သင်တို့ထံ၌ဖြစ်စေ၊ လူတို့၏ခုံရုံး၌ဖြစ်စေ စစ်ဆေးစီရင်ခြင်းကိုခံရသော်လည်း ငါ့အတွက် သေးငယ်သောအမှုသာဖြစ်၏။ ငါသည် မိမိကိုယ်ကိုလည်း စစ်ဆေးစီရင်ခြင်းမပြု။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
အကြောင်းမူကား ငါတို့အားလုံးသည် ကိုယ်ခန္ဓာ၌ရှိစဉ် ပြုကျင့်သည့်အတိုင်း ကောင်းသောအမှုအတွက်ဖြစ်စေ၊ ဆိုးညစ်သောအမှုအတွက်ဖြစ်စေ အကျိုးအပြစ်ကို အသီးသီးခံစားရရန် ခရစ်တော်၏တရားပလ္လင်ရှေ့၌ ပေါ်လာကြရမည်။