ဆာလံ 50:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထိုအခါ ကောင်းကင်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကိုပြောကြား၏။ အကြောင်းမူကား ဘုရားသခင်ကိုယ်တော်တိုင်သည် တရားစီရင်သောအရှင်ဖြစ်တော်မူ၏။(စေလာ) အခန်းကိုကြည့်ပါ။Common Language Bible6 ဘုရားသခင်ကိုယ်တော်တိုင်တရားသူကြီးဖြစ်၍ တရားမျှတစွာစီရင်တော်မူမည်ဖြစ်ကြောင်းကို မိုးကောင်းကင်သည်ကြေညာ၏။ အခန်းကိုကြည့်ပါ။Garrad Bible6 ဘု ရား သ ခင့် ကိုယ် တော် တိုင်၊ တ ရား မင်း ဖြစ် ၍၊ ဖြောင့် မတ် တော် မူ ခြင်း အ ကြောင်း ကို၊ ကောင်း ကင် ကြော် ငြာ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible6 ဘုရားသခင်သည် ကိုယ်တော်တိုင် တရားဆုံးဖြတ်တော်မူသည်ဖြစ်၍၊ ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ကောင်းကင်တို့သည် ထင်ရှားစွာ ပြကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် မှန်ကန်၍ဖြောင့်မတ်၏။ တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် ကမ္ဘာမြေကြီးအားပျက်စီးစေသည့် ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် စီရင်တော်မူလျက် သူ၏လက်၌စွန်းထင်းသော ကိုယ်တော့်အစေအပါးတို့၏သွေးအတွက် လက်တုံ့ပြန်တော်မူပြီ”ဟု ဆိုကြ၏။
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။