ဆာလံ 143:2 - မြန်မာ့စံမီသမ္မာကျမ်း2 ကိုယ်တော်၏အစေအပါးနှင့်အတူ တရားစီရင်ရာသို့ ဝင်တော်မမူပါနှင့်။ အကြောင်းမူကား အသက်ရှင်သောသူတစ်စုံတစ်ဦးမျှ ကိုယ်တော်၏ရှေ့တော်၌ ဖြောင့်မတ်သည်ဟူ၍မရှိပါ။ အခန်းကိုကြည့်ပါ။Common Language Bible2 ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုးနှင့် တရားဆိုင်တော်မမူပါနှင့်။ ရှေ့တော်တွင်အပြစ်ကင်းသူတစ်ဦးတစ်ယောက်မျှ မရှိပါ။ အခန်းကိုကြည့်ပါ။Garrad Bible2 ရှေ့ တော်၌ မည် သူ မျှ မ ဖြောင့် မတ် သည့် အ လျောက်၊ ကျွန် တော် မျိုး နှင့် တ ရား ဆိုင် တော် မ မူ ပါ နှင့်။ အခန်းကိုကြည့်ပါ။Judson Bible2 ကိုယ်တော်၏ကျွန်နှင့် တရားတွေ့တော်မမူပါနှင့်။ အသက်ရှင်သောသူမည်သည်ကား၊ ရှေ့တော်၌ အပြစ်ကင်းစင်ရာသို့ မရောက်ရပါ။ အခန်းကိုကြည့်ပါ။ |
သို့သော် လူသည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြောင်း သိကြသဖြင့် ငါတို့သည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရရန် ခရစ်တော်ယေရှုကို ယုံကြည်ကြ၏။ အကြောင်းမူကား ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့် မည်သူမျှ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။