၁ ကော 4:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း4 ကျွန်ုပ်သည် ကိုယ့်လိပ်ပြာကိုယ် လုံ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်၌ အပြစ်မရှိဟု မဆိုလို။ ကျွန်ုပ်ကို စစ်ဆေးစီရင်တော်မူသောအရှင်မှာ သခင်ဘုရားပင် ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 ငါ၏သြတ္တပ္ပစိတ်သည်ကြည်လင်လျက်ရှိ၏။ ယင်း သို့ဆိုသော်ငါ၌အြုပစ်မရှိဟုမဆိုလို။ ငါ့ကို စစ်ကြောစီရင်သူကားသခင်ဘုရားပေတည်း။- အခန်းကိုကြည့်ပါ။Judson Bible4 အကြောင်းမူကား၊ ကိုယ်စိတ်သည် ကိုယ်ကို အပြစ်မတင်။ သို့သော်လည်း၊ ထိုအကြောင်းဖြင့် ငါသည် အပြစ်လွတ်သည်မဟုတ်။ ငါ့ကိုစီရင်သောသူကား၊ ထာဝရဘုရားပေတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 အကြောင်းမူကား ငါသည် ကိုယ့်ကိုယ်ကိုယ်စိတ်လုံ၏။ သို့သော် ထိုသို့ဖြစ်သည့်အတွက် ငါသည် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မဟုတ်။ ငါ့ကိုစစ်ဆေးစီရင်တော်မူသောအရှင်ကား သခင်ဘုရားပေတည်း။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သခင်ဘုရား ပြန်လည်ကြွလာတော်မမူမီ မည်သူ့ကိုမျှ ကြိုတင်၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်၌ ဝှက်ထားသောအရာများကို ကိုယ်တော်သည် အလင်းသို့ ယူလာ၍ ကျွန်ုပ်တို့၏ အတွင်းစိတ် အကြံအစည်များကို ဖော်ထုတ်မည်ဖြစ်သောကြောင့်ဖြစ်၏။ ထို့နောက်တွင်မူ ဘုရားသခင်သည် လူအသီးသီးတို့ကို ချီးမွမ်းတော်မူလိမ့်မည်။
ယေရှုက “ယောဟန်၏သားရှိမုန်… သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မေးတော်မူ၏။ ဤသို့ “သင်သည် ငါ့ကို ချစ်သလော” ဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသဖြင့် ပေတရုသည် စိတ်ထိခိုက်၍ “သခင်… သခင်သည် အရာအားလုံးကို သိတော်မူ၏။ အကျွန်ုပ်သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့။