Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 9:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ငါ​ဖြောင့်မတ်​လျှင်ပင် ငါ့​နှုတ်​သည် ငါ့​ကို​သာ အပြစ်တင်​လိမ့်မည်​။ ငါ​၌​အပြစ်တင်စရာ​မ​ရှိ​လျှင်ပင် ငါ့​ကို​ကောက်ကျစ်​သော​သူ​ဟု မိန့်​တော်မူ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ကိုယ်အပြစ်ကို ပြေစေခြင်းငှါပြုလျှင်၊ ကိုယ်စကားအားဖြင့် တရားရှုံးလိမ့်မည်။ ငါသည် စုံလင်ပြီဟု ဆိုပြန်လျှင်၊ ငါ့သဘောကောက်ကြောင်း ထင်ရှားလိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ငါ ဖြောင့် မတ် သော် လည်း၊ ငါ့ စ ကား ပင်၊ ငါ့ ကို အ ပြစ် စီ ရင် လိမ့် မည်။ စုံ လင် သော် လည်း၊ လိမ် လည် ကောက် ကျစ် ရာ ရောက် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ကိုယ်​အ​ပြစ်​ကို ပြေ​စေ​ခြင်း​ငှာ​ပြု​လျှင်၊ ကိုယ်​စ​ကား​အား​ဖြင့် တ​ရား​ရှုံး​လိမ့်​မည်။ ငါ​သည် စုံ​လင်​ပြီ​ဟု ဆို​ပြန်​လျှင်၊ ငါ့​သ​ဘော​ကောက်​ကြောင်း ထင်​ရှား​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 9:20
24 ပူးပေါင်းရင်းမြစ်များ  

ဥဇ​ပြည်​တွင် ယောဘ​အမည်​ရှိ​သော​လူ​တစ်​ယောက်​ရှိ​၏​။ သူ​သည် အပြစ်တင်စရာ​မ​ရှိ​၊ ဖြောင့်မှန်​သော​သူ​၊ ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သော​သူ​၊ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ ဖြစ်​၏​။


အကျွန်ုပ်​ဆိုးယုတ်​လျှင် အကျွန်ုပ်​၌ အမင်္ဂလာ​ရှိ​၏​။ အကျွန်ုပ်​ဖြောင့်မတ်​လျှင်ပင် ခေါင်း​မ​မော့​ဝံ့​ဘဲ အရှက်ကွဲ​လျက်​နေ​ရ​ပါ​၏​။ အကျွန်ုပ်​ခံရ​သော​ဆင်းရဲဒုက္ခ​ကို ကြည့်ရှုလှည့်​ပါ​။


အကျွန်ုပ်​ကျူးလွန်​မိ​သော​အပြစ်​ကို အိတ်​ထဲ၌​ချိပ်ပိတ်​ထား​၍ အကျွန်ုပ်​၏​ဒုစရိုက်​ကို ဖုံးကွယ်​ထား​တော်မူ​ပါ​၏​။


‘​ယောဘ​တစ်​ယောက် အသိတရား​မ​ရှိ​ဘဲ ပြော​လေ​ပြီ​။ ပညာသတိ​မ​ရှိ​သော​စကား​တို့​ကို ပြော​လေ​ပြီ​’​ဟု ဆို​ကြ​လိမ့်မည်​။


ယောဘ​သည် နှုတ်​ကို အချည်းနှီး​ဖွင့်​လေ​ပြီ​။ အသိတရားမဲ့​သော​စကား​များစွာ​ကို ပြော​မိ​လေ​ပြီ​”​ဟု ဆို​လေ​၏​။


သေမျိုး​ဖြစ်​သော​လူ​သည် ဘုရားသခင်​ရှေ့​တွင် ဖြောင့်မတ်​နိုင်​မည်လော​။ လူ​သည် သူ့​ကို​ဖန်ဆင်း​သော​အရှင်​ရှေ့​တွင် စင်ကြယ်​နိုင်​မည်လော​။


ငါ​ဖြောင့်မတ်​နေ​လျှင်ပင် တုံ့ပြန်​၍​မ​ရ​။ ငါ့​အား တရားစီရင်​မည့်​သူ​ကို အသနားခံ​ရန်​သာ​ရှိ​တော့​မည်​။


“​ဤ​အမှန်တရား​ကို ငါ​သိ​ပါ​၏​။ သို့သော် လူ​သည် ဘုရားသခင်​ရှေ့​တွင် မည်သို့​ဖြောင့်မတ်​နိုင်​မည်နည်း​။


ငါ​ခံစား​ရ​သော​ဒုက္ခဝေဒနာ​အလုံးစုံ​ကြောင့် ငါ​ကြောက်ရွံ့​နေ​၏​။ ကိုယ်တော်​သည် ငါ့​ကို​အပြစ်ဒဏ်​နှင့် ကင်းလွတ်​စေ​တော်မူ​မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏​။


ငါ​၌​အပြစ်ရှိ​သည်​ဟု စီရင်​ခြင်း​ကို​ခံရ​မည်​ဆိုလျှင် အဘယ်ကြောင့် ဤသို့​အချည်းနှီး​ကြိုးစားအားထုတ်​နေ​ရ​မည်နည်း​။


အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ဒုစရိုက်​များ​ကို မှတ်​ထား​တော်မူ​လျှင် မည်သူ​သည်​ခံရပ်​နိုင်​ပါ​မည်နည်း​။


ကိုယ်တော်​၏​အစေအပါး​နှင့်အတူ တရားစီရင်​ရာ​သို့ ဝင်​တော်​မ​မူ​ပါ​နှင့်​။ အကြောင်းမူကား အသက်ရှင်​သော​သူ​တစ်စုံတစ်ဦး​မျှ ကိုယ်တော်​၏​ရှေ့​တော်​၌ ဖြောင့်မတ်​သည်​ဟူ၍​မ​ရှိ​ပါ​။


စကား​များစွာ​ပြောဆို​သောအခါ အပြစ်​ပါလာ​တတ်​၏​။ မိမိ​၏​နှုတ်​ကို​ချုပ်တည်း​သော​သူ​မူကား ပညာသတိ​ရှိ​၏​။


စိတ်နှလုံး​ကောက်ကျစ်​သော​သူ​သည် ကောင်း​သော​အရာ​ကို​တွေ့​ရ​မည်​မ​ဟုတ်​။ လိမ်လည်​ပြောဆို​သော​သူ​သည်​လည်း ဒုက္ခတွင်း​ထဲသို့​ကျရောက်​လိမ့်မည်​။


ထိုအခါ “​ငါ​၌​အမင်္ဂလာ​ရှိ​၏​။ ငါ​သည် ပျက်စီးဆုံးရှုံး​ပြီ​။ အကြောင်းမူကား ငါ​သည် နှုတ်ခမ်း​ညစ်ညူး​လျက်​၊ နှုတ်ခမ်း​ညစ်ညူး​သော​လူမျိုး​အလယ်​တွင်​နေထိုင်​လျက်ပင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​တည်းဟူသော ရှင်ဘုရင်​ကို ငါ့​မျက်စိ​နှင့်​မြင်​လေ​ပြီ​တကား​”​ဟု ငါ​ဆို​၏​။


ထို​သူ​သည် မိမိကိုယ်ကို​ဖြောင့်မတ်​ကြောင်း ဖော်ပြ​လို​၍ “သို့ဖြစ်လျှင် မည်သူ​သည် အကျွန်ုပ်​၏​ဝန်းကျင်​၌​ရှိ​သော​သူ​ဖြစ်​သနည်း”​ဟု ယေရှု​အား မေးလျှောက်​လေ​၏။


သို့သော် ကိုယ်တော်​က“သင်​တို့​သည် လူ​တို့​ရှေ့​၌ မိမိတို့ကိုယ်ကို​ဖြောင့်မတ်​ကြောင်း ဖော်ပြ​တတ်​သူ​များ​ဖြစ်​ကြ​၏။ သို့ရာတွင် ဘုရားသခင်​သည် သင်​တို့​၏​စိတ်နှလုံး​ကို​သိ​တော်မူ​၏။ လူ​တို့​အမြတ်တနိုး​ထား​သော​အရာ​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ ရွံရှာ​ဖွယ်​ဖြစ်​၏။


ထိုသို့ အသိစိတ်​ပျက်ပြား​လျက် သမ္မာတရား​ဆုံးရှုံး​ကာ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​သည် အကျိုးစီးပွား​ဖြစ်​သည်​ဟု ထင်မှတ်​သော​လူ​တို့​ကြား​၌ မ​ဆုံး​နိုင်​သော​အငြင်းပွား​မှု​ရှိ​တတ်​၏။


အကြောင်းမူကား ငါ​တို့​ရှိသမျှ​သည် များစွာ​မှားယွင်း​တတ်​ကြ​၏။ မည်သူမဆို စကား​ပြော​ခြင်း​အရာ​၌ မှားယွင်း​ခြင်း​မ​ရှိ​လျှင် ထို​သူ​သည် မိမိ​ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို​လည်း​ချုပ်တည်း​နိုင်​သည့် စုံလင်​သော​သူ​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ