Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 26:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အကျွန်ုပ်​၏​ခြေ​သည် ညီညာ​သော​အရပ်​၌​ရပ်​နေ​ပါ​၏​။ အကျွန်ုပ်​သည် လူထုပရိသတ်​ကြီး​အလယ်​တွင် ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ပါ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ငါ​သည်​ဘေး​အန္တ​ရာယ်​အ​ပေါင်း​မှ​ကင်း​လွတ် လုံ​ခြုံ​လျက်​ရှိ​၏။ လူ​ပ​ရိတ်​သတ်​အ​လယ်​တွင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ငါ သည် ညီ ညာ သော အ ရပ်၌ ခြေ မြဲ လျက်၊ ပ ရိ သတ် တို့ အ လယ် တွင်၊ ထာ ဝ ရ ဘု ရား သ ခင် ကို ဩ ဘာ ပြု မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 အ​ကျွန်ုပ်​သည် ညီ​ညွတ်​သော​အ​ရပ်၌ နေ​ရာ​ကျ၍၊ ပ​ရိ​သတ်​အ​လယ်​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 26:12
11 ပူးပေါင်းရင်းမြစ်များ  

လူ​အစုအဝေး​အလယ်​၌ ကိုယ်တော်​ကို​ချီးမြှောက်​၍ သက်ကြီးဝါကြီး​တို့​စုဝေး​ရာ​အရပ်​၌ ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါစေ​။


ဟာလေလုယ​။ ငါ​သည် ဖြောင့်မှန်​သော​သူ​တို့​၏ အစည်းအဝေး​နှင့် လူထုပရိသတ်​အလယ်​တွင် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချီးမွမ်း​မည်​။


လူမျိုးစု​တည်းဟူသော ထာဝရဘုရား​၏​လူမျိုးစု​တို့​သည် အစ္စရေး​အမျိုး​၌​ထားရှိ​တော်မူ​သော သက်သေခံချက်​နှင့်အညီ ထာဝရဘုရား​၏​နာမ​တော်​ကို​ချီးမွမ်း​ရန် ထို​အရပ်​သို့​တက်သွား​ကြ​၏​။


ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အသံ​ကို​လွှင့်​၍ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​ရှိသမျှ​တို့​ကို ပြောကြား​ပါ​မည်​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လမ်း​ကို အကျွန်ုပ်​အား​သွန်သင်ပြသ​တော်မူ​ပါ​။ အကျွန်ုပ်​၏​ရန်သူ​တို့​ကြောင့် အကျွန်ုပ်​ကို​ညီညာ​သော​လမ်း​၌​ပို့ဆောင်​တော်မူ​ပါ​။


ကိုယ်တော်​သည် ကြောက်မက်ဖွယ်​သေတွင်း​နှင့် ရွှံ့​နွံ​ထဲမှ အကျွန်ုပ်​ကို​ထုတ်ဆောင်​တော်မူ​ပြီးလျှင် အကျွန်ုပ်​၏​ခြေ​ကို ကျောက်​ပေါ်၌​ရပ်​စေ​၍ အကျွန်ုပ်​၏​ခြေလှမ်း​များ​ကို မြဲမြံ​စေ​တော်မူ​၏​။


ထို​အရပ်​တွင် သူ​တို့​ကို​အုပ်စိုး​သည့် အသေးငယ်ဆုံး​သော​ဗင်္ယာမိန်​အနွယ်​ရှိ​၍ သူ​တို့​၏​အုပ်စု​ထဲတွင် ယုဒ​အနွယ်​၏​အကြီးအကဲ​များ​၊ ဇာဗုလုန်​အနွယ်​၏​အကြီးအကဲ​များ​နှင့် နဿလိ​အနွယ်​၏​အကြီးအကဲ​များ​ပါရှိ​ကြ​ပါ​၏​။


တည်ကြည်​စွာ​လျှောက်လှမ်း​သော​သူ​သည် ဘေးကင်းလုံခြုံ​စွာ​လျှောက်လှမ်း​ရ​လိမ့်မည်​။ မိမိ​လမ်း​တို့​ကို​ကွေ့ကောက်​စေ​သော​သူ​၏ သဘော​မူကား သိသာထင်ရှား​လာ​လိမ့်မည်​။


“အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ကို အကျွန်ုပ်​၏​ညီအစ်ကို​များ​အား ပြောကြား​ပါ​မည်။ လူ​အစုအဝေး​အလယ်​၌ ကိုယ်တော်​ကို​ချီးမွမ်း​သီဆို​ပါ​မည်”​ဟု မိန့်​တော်မူ​၏။


ကိုယ်တော်​သည် မိမိ​သန့်ရှင်း​သူ​တို့​၏​ခြေ​ကို စောင့်ရှောက်​ပေး​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​တို့​မူကား အမှောင်​ထဲ၌ပင် နှုတ်ဆိတ်​နေ​ရ​လိမ့်မည်​။ အကယ်စင်စစ် လူ​သည် မိမိ​ခွန်အား​ဖြင့် မ​အောင်​နိုင်​ရာ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ