ဤသို့ဖြင့် သူသည် ပါရန်တောကန္တာရ၌နေထိုင်လေ၏။ သူ၏မိခင်သည် အီဂျစ်ပြည်မှ မိန်းမတစ်ယောက်နှင့် သူ့ကိုစုံဖက်ပေး၏။
ဟဗက္ကုတ် 3:3 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် တေမန်မြို့မှ ကြွလာတော်မူ၏။ သန့်ရှင်းတော်မူသောအရှင်သည် ပါရန်တောင်မှ ကြွလာတော်မူ၏။ ကိုယ်တော်၏ဘုန်းတော်သည် ကောင်းကင်တစ်ပြင်လုံးကိုဖုံးလွှမ်း၍ ဂုဏ်တော်ချီးမွမ်းသံသည်လည်း မြေတစ်ပြင်လုံး ပျံ့နှံ့လေ၏။ (စေလာ) Garrad Bible ဘု ရား သ ခင် သည် တ မန် ပြည် မှ၎င်း၊ သန့် ရှင်း သော အ ရှင် သည် ပါ ရန် တောင် မှ၎င်း၊ ကြွ လာ တော် မူ ရာ အာ ကာ သ သည် ဘုန်း တော် နှင့် လွှမ်း လျက်။ ပ ထ ဝီ လည်း ဂုဏ် တော် နှင့် ပြည့် လျက် ရှိ၏။ Judson Bible ဘုရားသခင်သည် တေမန်မြို့မှလည်းကောင်း၊ သန့်ရှင်းသောဘုရားသည် ပါရန်တောင်မှလည်းကောင်း ကြွတော်မူ၏။ ဘုန်းတော်သည် မိုးကောင်းကင်ကို ဖုံးအုပ်လျက်၊ မြေကြီးသည် ဂုဏ်အသရေတော်နှင့် ပြည့်စုံလျက်ရှိ၏။ |
ဤသို့ဖြင့် သူသည် ပါရန်တောကန္တာရ၌နေထိုင်လေ၏။ သူ၏မိခင်သည် အီဂျစ်ပြည်မှ မိန်းမတစ်ယောက်နှင့် သူ့ကိုစုံဖက်ပေး၏။
သူတို့သည် မိဒျန်ပြည်မှထွက်၍ ပါရန်ပြည်သို့သွား၏။ ထိုမှ ပါရန်အမျိုးသားအချို့ကို သူတို့နှင့်အတူခေါ်၍ အီဂျစ်ပြည်သို့သွားကာ အီဂျစ်ဘုရင်ဖာရောမင်းကြီးထံ ခိုဝင်ကြ၏။ ဖာရောမင်းကြီးသည် သူတို့အား နေစရာအိမ်ကိုပေးကာ အစားအစာများကို ထောက်ပံ့၍ မြေကိုလည်းပေး၏။
ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ အထက်၌လည်းကောင်း၊ ကိုယ်တော်၏ဘုန်းအသရေသည် ကောင်းကင်အထက်၌လည်းကောင်း ချီးမြှောက်ခြင်းရှိ၏။
ကိုယ်တော်၏နာမတော်တစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရ၍ ကိုယ်တော်၏ဘုန်းကျက်သရေသည် မြေကြီးနှင့် ကောင်းကင်အထက်၌ရှိတော်မူသောကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြပါစေ။
များစွာသောသူတို့က “ဘုရားသခင်သည် သူ့ကိုကယ်တင်မည်မဟုတ်”ဟု အကျွန်ုပ်၏စိတ်ဝိညာဉ်နှင့်ပတ်သက်၍ ပြောဆိုကြပါ၏။(စေလာ)
ငါသည် အသံကိုလွှင့်၍ ထာဝရဘုရားကိုခေါ်သောအခါ ကိုယ်တော်သည် မိမိ၏သန့်ရှင်းသောတောင်တော်ပေါ်မှ ငါ့ကိုထူးတော်မူ၏။(စေလာ)
အမျက်ထွက်သော်လည်း အပြစ်မပြုကြနှင့်။ သင်တို့အိပ်ရာပေါ်တွင် သင်တို့စိတ်နှလုံး၌စဉ်းစားဆင်ခြင်လျက် တိတ်ဆိတ်စွာနေကြလော့။(စေလာ)
အို ဘုရားသခင်၊ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်သည် ကိုယ်တော်၏နာမတော်နည်းတူ ကမ္ဘာမြေအစွန်းတိုင်အောင် ပျံ့နှံ့ပါ၏။ ကိုယ်တော်၏လက်ယာလက်တော်သည် ဖြောင့်မတ်ခြင်းနှင့်ပြည့်ဝပါ၏။
ဘုရားသခင်၏စစ်ရထားတို့သည် အထောင်အသောင်းမကများပြားကြ၏။ ဘုရားရှင်သည် သိနာတောင်မှာကဲ့သို့ သူတို့နှင့်အတူ သန့်ရှင်းရာဌာနတော်၌ ရှိတော်မူ၏။
ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။စေလာ)
အို ထာဝရဘုရား၊ သူတို့ကိုကြောက်လန့်စေတော်မူပါ။ မိမိတို့သည် လူသက်သက်သာဖြစ်ကြောင်း လူမျိုးတကာတို့အားသိစေတော်မူပါ။(စေလာ)
လူအပေါင်းတို့သည် မိုးချုန်းသံများနှင့်တံပိုးမှုတ်သံကိုကြား၍ လျှပ်စီးများနှင့်မီးခိုးထွက်နေသောတောင်ကို တွေ့မြင်ကြသောအခါ လူတို့သည် ကြောက်ရွံ့တုန်လှုပ်၍ အဝေး၌ရပ်လျက်နေကြ၏။
အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရားကို မမျှော်ကြည့်၊ ထာဝရဘုရားကို မရှာဘဲ အီဂျစ်ပြည်၏မြင်းများ၊ များစွာသောစစ်ရထား၊ အလွန်အားကြီးသောမြင်းစီးသူရဲတို့ကို ကိုးစားမှီဝဲပြီး အီဂျစ်ပြည်သို့သွား၍ အကူအညီတောင်းသူတို့သည် အမင်္ဂလာရှိကြ၏။
ထို့နောက် သူတို့က “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ ကမ္ဘာမြေတစ်ခွင်လုံးသည် ကိုယ်တော်၏ဘုန်းအသရေနှင့်ပြည့်လျက်နေတော်မူ၏”ဟု တစ်ပါးကိုတစ်ပါး ကြွေးကြော်မြွက်ဆိုကြ၏။
အကျွန်ုပ်တို့မမျှော်လင့်သည့် ကြောက်မက်ဖွယ်ရာတို့ကို ကိုယ်တော်ပြုတော်မူသောအခါ၊ ကိုယ်တော်ကြွဆင်းတော်မူသောအခါ တောင်တို့သည် ကိုယ်တော်၏ရှေ့တော်၌ လှုပ်ကြပါ၏။
ဧဒုံပြည်နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “တေမန်မြို့၌ ပညာရှိ မရှိတော့သလော။ အသိဉာဏ်ရှိသောသူတို့သည် အကြံမပေးနိုင်တော့သလော။ သူတို့ ဉာဏ်ပညာမဲ့ကြပြီလော။
ထိုနေရာတွင် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်ဘုန်းတော်သည် အရှေ့ဘက်မှထွက်ပေါ်လာ၍ အသံတော်သည်လည်း ရေထုကြီးဟုန်းသံကဲ့သို့ဖြစ်၏။ ကိုယ်တော်၏ဘုန်းတော်သည် မြေတစ်ပြင်လုံးသို့ ထွန်းလင်းလေ၏။
ထို့ကြောင့် ငါသည် တေမန်မြို့အပေါ် မီးကိုလွှတ်၍ ဗောဇရခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။
အို တေမန်မြို့၊ သင်၏စစ်သူရဲတို့ စိတ်ပျက်အားလျော့ကြသောကြောင့် ဧသောတောင်ရှိလူအားလုံး သတ်ဖြတ်သုတ်သင်ခြင်းခံရလိမ့်မည်။
အကြောင်းမူကား ပင်လယ်သည် ရေများနှင့် ပြည့်လျှံနေသကဲ့သို့ ကမ္ဘာမြေကြီးသည်လည်း ထာဝရဘုရား၏ဘုန်းအသရေတော်အကြောင်းကို သိကျွမ်းခြင်းနှင့် ပြည့်လိမ့်မည်။
အစ္စရေးအမျိုးသားတို့သည် သိနာတောကန္တာရမှ ခရီးထွက်ခွာလာကြ၏။ မိုးတိမ်သည် ပါရန်တောကန္တာရ၌ ရပ်တန့်လေ၏။
မောရှေက “ထာဝရဘုရားသည် သိနာတောင်မှ ကြွလာတော်မူ၏။ စိရတောင်မှ ထွန်းလင်းတော်မူ၏။ ပါရန်တောင်မှ ရောင်ခြည်လွှတ်တော်မူ၏။ လက်ယာလက်တော်၌ ဥပဒေသမီးပါလျက် သန့်ရှင်းသူအထောင်အသောင်းတို့နှင့် ကြွလာတော်မူ၏။
‘ကြည့်ပါလော့၊ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ဘုန်းအသရေတော်နှင့် မိမိ၏ကြီးမြတ်တော်မူခြင်းတို့ကို အကျွန်ုပ်တို့အား ပြသတော်မူပြီ။ မီးထဲမှအသံတော်ကိုလည်း အကျွန်ုပ်တို့ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့်စကားပြောသော်လည်း လူသည် အသက်ချမ်းသာရာရကြောင်းကို ယနေ့ အကျွန်ုပ်တို့သိမြင်ရပါပြီ။
ရှမွေလ ကွယ်လွန်သောအခါ အစ္စရေးလူမျိုးအားလုံး စုရုံး၍ သူ့အတွက် ငိုကြွေးမြည်တမ်းကြ၏။ ထို့နောက် ရာမမြို့ရှိ သူ့အိမ်တွင် သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည်လည်း ထ၍ ပါရန်တောကန္တာရသို့ ဆင်းသွား၏။