ဟဗက္ကုတ် 3:2 - မြန်မာ့စံမီသမ္မာကျမ်း2 အို ထာဝရဘုရား၊ ကိုယ်တော့်အကြောင်းကိုကြားရ၍ အကျွန်ုပ်ကြောက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုများကို အကျွန်ုပ်တို့ခေတ်ကာလတွင် ထပ်မံပြုတော်မူပါ။ အကျွန်ုပ်တို့ခေတ်ကာလတွင် ထင်ရှားစေတော်မူပါ။ အမျက်ထွက်သော်လည်း ကရုဏာတော်ကို ပြန်လည်အောက်မေ့တော်မူပါ။ အခန်းကိုကြည့်ပါ။Garrad Bible2 အို ထာ ဝ ရ ဘု ရား။ အ ကျွန်ုပ် သည် ကိုယ် တော့် အ ကြောင်း ကို သ တင်း ကြား၍ ကြောက် ရွံ့ ပါ ပြီ။ ထို ထာ ဝ ရ ဘု ရား။ ပြု စု ခဲ့ သော အ မှု ကို၊ နှစ် တာ အ လယ် တွင် ပြု ပြန် တော် မူ ပါ။ ထို နှစ် တာ အ လယ် တွင် ဘော် ပြ တော် မူ ပါ ဦး။ အ မျက် ထား လျက် ပင်၊ က ရု ဏာ တော် ကို သ တိ ရ တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible2 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ဗျာဒိတ်တော်သံကို ကြား၍ ကြောက်ရွံ့ပါပြီ။ အို ထာဝရဘုရား၊ ယခုနှစ်များအတွင်းတွင် အမှုတော်ကို ပြုပြင်တော်မူပါ။ ယခုနှစ်များအတွင်းတွင် ထင်ရှားစေတော်မူပါ။ အမျက်ထွက်တော်မူသော်လည်း ကရုဏာတရားကို အောက်မေ့တော်မူပါ။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်သည် အသံတော်ကိုကြားရသောအခါ ရင်တုန်ရပါ၏၊ အသံတော်ကြောင့် နှုတ်ခမ်းလည်း တုန်ခါပါ၏။ အရိုးများလည်း ဆွေးမြည့်ပါ၏။ ခြေများလည်း မခိုင်တော့ပါ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခရောက်၍ အကျွန်ုပ်တို့အား ကျူးကျော်တိုက်ခိုက်သောလူမျိုးတို့ရောက်လာသောနေ့တိုင်အောင် အကျွန်ုပ်သည် နေရစ်ရပါမည်။
သို့သော် တစ်ခဏချင်းတွင် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကို ခံစားရ၍ ကိုယ်တော်သည် အကျွန်ုပ်တို့ထဲမှကြွင်းကျန်သူတို့ကို လွတ်မြောက်စေပြီး ကိုယ်တော်၏သန့်ရှင်းရာဌာနတော်တွင် လုံခြုံရာကို ပေးတော်မူပြီ။ အကျွန်ုပ်တို့ကို မျက်စိအလင်းပေးတော်မူပြီ။ ကျွန်ခံရရာတွင် အနည်းငယ်သက်သာခွင့်ကို ပေးတော်မူပါပြီ။
အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကိုမကြောက်ရွံ့၊ နာမတော်ကိုလည်း မချီးမွမ်းဘဲ နေလိမ့်မည်နည်း။ အကြောင်းမူကား ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ချက်တို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးတကာတို့သည် ကိုယ်တော်၏ရှေ့တော်သို့လာ၍ ရှိခိုးကြပါလိမ့်မည်”ဟု ဆိုကြ၏။
နောဧသည် မမြင်ရသေးသောအရာများနှင့်ပတ်သက်၍ ဗျာဒိတ်တော်ရသောအခါ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကယ်တင်ခြင်းခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောကိုတည်ဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် သူသည် လောက၏အပြစ်ကိုထင်ရှားစေ၍ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို အမွေဆက်ခံသူဖြစ်လာ၏။