Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 10:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အစ္စရေး​အမျိုးသား​တို့​သည် သိနာ​တောကန္တာရ​မှ ခရီး​ထွက်ခွာ​လာ​ကြ​၏​။ မိုးတိမ်​သည် ပါရန်​တောကန္တာရ​၌ ရပ်တန့်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 သူ​တို့​သည်​သိ​နာ​တော​ကန္တာ​ရ​မှ​ခ​ရီး​ထွက် ခွာ​လာ​ကြ​လေ​သည်။ မိုး​တိမ်​သည်​ပါ​ရန်​ဟု ခေါ်​သော​တော​ကန္တာ​ရ​သို့​ရောက်​သော​အ​ခါ ရပ်​တန့်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ဣ သ ရေ လ အ မျိုး သား တို့ သည် သိ နာ တော မှ ခ ရီး ကောက် ချီ၍ ပါ ရန် တော သို့ ရောက် ကြ လျှင် တိမ် တိုက် တန့် ရပ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သိ​နာ​တောင်​မှ​ခ​ရီး​သွား​ကြ၏။ နောက်​တစ်​ဖန် မိုး​တိမ်​သည် ပါ​ရန်​တော၌​တည်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 10:12
22 ပူးပေါင်းရင်းမြစ်များ  

စိရ​တောင်​ပေါ်၌ ဟောရိ​လူမျိုး​တို့​ကို​လည်းကောင်း တိုက်ခိုက်​ရာ တောကန္တာရ​အနီး​ရှိ ဧလပါရန်​အရပ်​တိုင်အောင်​ရောက်​လေ​၏​။


ဤသို့ဖြင့် သူ​သည် ပါရန်​တောကန္တာရ​၌​နေထိုင်​လေ​၏​။ သူ​၏​မိခင်​သည် အီဂျစ်​ပြည်​မှ မိန်းမ​တစ်​ယောက်​နှင့် သူ့​ကို​စုံဖက်​ပေး​၏​။


သူ​တို့​သည် မိဒျန်​ပြည်​မှ​ထွက်​၍ ပါရန်​ပြည်​သို့​သွား​၏​။ ထိုမှ ပါရန်​အမျိုးသား​အချို့​ကို သူ​တို့​နှင့်အတူ​ခေါ်​၍ အီဂျစ်​ပြည်​သို့​သွား​ကာ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​ထံ ခိုဝင်​ကြ​၏​။ ဖာရော​မင်းကြီး​သည် သူ​တို့​အား နေစရာ​အိမ်​ကို​ပေး​ကာ အစားအစာ​များ​ကို ထောက်ပံ့​၍ မြေ​ကို​လည်း​ပေး​၏​။


သူ​တို့​သည် သုကုတ်​အရပ်​မှ ထွက်လာ​၍ တောကန္တာရ​အစွန်း​ရှိ ဧသံ​အရပ်​၌ စခန်းချ​ကြ​၏​။


ဘုရားသခင်​သည် တေမန်​မြို့​မှ ကြွလာ​တော်မူ​၏​။ သန့်ရှင်း​တော်မူ​သော​အရှင်​သည် ပါရန်​တောင်​မှ ကြွလာ​တော်မူ​၏​။ ကိုယ်တော်​၏​ဘုန်း​တော်​သည် ကောင်းကင်​တစ်ပြင်လုံး​ကို​ဖုံးလွှမ်း​၍ ဂုဏ်တော်ချီးမွမ်းသံ​သည်​လည်း မြေ​တစ်ပြင်လုံး ပျံ့နှံ့​လေ​၏​။ (စေလာ)


အစ္စရေး​အမျိုးသား​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် ဒုတိယ​နှစ်​၊ ဒုတိယ​လ​၊ ပထမ​နေ့​၌ သိနာ​တောကန္တာရ​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တွင် ထာဝရဘုရား​က မောရှေ​အား


အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​၏​တောင်​တော်​မှ သုံး​ရက်​ခရီးပြု​ကြ​၏​။ ထို​သုံး​ရက်​ခရီး​တွင် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​သည် သူ​တို့​နားနေ​ရာ​အရပ်​ကို​ရှာ​ရန် သူ​တို့​၏​ရှေ့​မှ​သွား​လေ​၏​။


ထို့နောက်မှ လူ​တို့​သည် ဟာဇရုတ်​အရပ်​မှ ခရီးပြု​၍ ပါရန်​တောကန္တာရ​တွင် စခန်းချ​ကြ​၏​။


သူ​တို့​ပြန်လာ​ကြ​၍ ကာဒေရှ​အရပ်​၊ ပါရန်​တောကန္တာရ​ရှိ မောရှေ​၊ အာရုန်​နှင့် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ထံသို့ ရောက်​ကြ​သောအခါ မောရှေ​၊ အာရုန်​နှင့် လူထု​အပေါင်း​တို့​ထံ အစီရင်ခံ​၍ ထို​ပြည်​မှ​ယူလာ​သော​အသီး​ကို​ပြ​ကြ​၏​။


ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​၏​အကြီးအမှူး​များ​ကို ပါရန်​တောကန္တာရ​မှ စေလွှတ်​၏​။


အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပြု​ကြ​၏​။ သူ​တို့​အသီးသီး​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​အိမ်ထောင်စု​အလိုက် မိမိ​တို့​၏​အလံ​နားတွင် စခန်းချ​ကြ​၏​၊ ခရီးပြု​ကြ​၏​။


အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် ဒုတိယ​နှစ်​၊ ပထမ​လ​၌ သိနာ​တောကန္တာရ​တွင် ထာဝရဘုရား​က မောရှေ​အား


မိုးတိမ်​သည် တဲ​တော်​အပေါ်​မှ ကွာ​သည့်​အခါ အစ္စရေး​အမျိုးသား​တို့ ခရီးပြု​ကြ​၏​။ မိုးတိမ်​ရပ်တန့်​သည့်​နေရာ​တွင် အစ္စရေး​အမျိုးသား​တို့ စခန်းချ​ကြ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပထမ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့ နေဝင်ချိန်​တွင် သိနာ​တောကန္တာရ​၌ ပသခါပွဲတော်​ကို ကျင်းပ​ပြုလုပ်​ကြ​၏​။


ဂျော်ဒန်​မြစ်​တစ်ဖက်​၊ တောကန္တာရ​ရှိ​ပါရန်​အရပ်​နှင့် တောဖလ​၊ လာဗန်​၊ ဟာဇရုတ်​၊ ဒိဇဟတ်​အရပ်​တို့​အကြား သုဖ​နှင့်​မျက်နှာချင်းဆိုင်​အရာဗ​လွင်ပြင်​၌ အစ္စရေး​အမျိုးသား​အပေါင်း​တို့​အား မောရှေ​ဆင့်ဆို​သော​စကား​များ​ကား ဤသို့​ဖြစ်​၏​။


ထိုမှ ငါ​တို့​သည် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဟောရပ်​တောင်​မှ ခရီးပြု​၍ အာမောရိ​တောင်ပေါ်ဒေသ​လမ်း​တစ်လျှောက်​ရှိ သင်​တို့​မြင်​ရ​သည့် ကြောက်မက်​ဖွယ်​တောကန္တာရ​ကြီး​ကို​ဖြတ်​ကာ ကာဒေရှဗာနာ​အရပ်​သို့ ရောက်​ကြ​၏​။


ခရီးစပြု​ကြ​လော့​။ အာမောရိ​တောင်ပေါ်ဒေသ​နှင့် ထို​ဒေသ​အနီး​ရှိ အရာဗ​လွင်ပြင်​၊ တောင်ပေါ်ဒေသ​၊ မြေနိမ့်ဒေသ​၊ နေဂေ့​အရပ်​သို့​လည်းကောင်း​၊ ပင်လယ်​ကမ်းခြေဒေသ​သို့​လည်းကောင်း​၊ ခါနာန်​ပြည်​သို့​လည်းကောင်း​၊ လက်ဘနွန်​တောင်​မှ ယူဖရေးတီး​မြစ်​ကြီး​တိုင်အောင်​လည်းကောင်း လှည့်​သွား​လော့​။


မောရှေ​က “​ထာဝရဘုရား​သည် သိနာ​တောင်​မှ ကြွလာ​တော်မူ​၏​။ စိရ​တောင်​မှ ထွန်းလင်း​တော်မူ​၏​။ ပါရန်​တောင်​မှ ရောင်ခြည်လွှတ်​တော်မူ​၏​။ လက်ယာ​လက်​တော်​၌ ဥပဒေသမီး​ပါ​လျက် သန့်ရှင်း​သူ​အထောင်အသောင်း​တို့​နှင့် ကြွလာ​တော်မူ​၏​။


ရှမွေလ ကွယ်လွန်​သောအခါ အစ္စရေး​လူမျိုး​အားလုံး စုရုံး​၍ သူ့​အတွက် ငိုကြွေးမြည်တမ်း​ကြ​၏​။ ထို့နောက် ရာမ​မြို့​ရှိ သူ့​အိမ်​တွင် သင်္ဂြိုဟ်​ကြ​၏​။ ဒါဝိဒ်​သည်​လည်း ထ​၍ ပါရန်​တောကန္တာရ​သို့ ဆင်းသွား​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ